
ချဲလ်ဆီးအသင်းနောက်ခံလူ ဘင်ချီဝဲလ်ဟာဒူးအရွတ်ဒဏ်ရာကြောင့်
အနည်းဆုံး ၆ ပတ်နားရမယ့်အပြင် ဒဏ်ရာသက်သာမှုမရှိလို ခွဲစိတ်ခဲ့ရရင်
တစ်ရာသီလုံးနီးပါး နားရဖို့ရှိနေတယ်လို့ နည်းပြတူချယ်ကအတည်ပြုလိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အင်္ဂလန် လက်ရွေးစင်ဘယ်နောက်ခံလူ
ချီဝဲလ်ဟာ ဂျူဗင်တပ်ကို ၄ – ၀ နဲ့နိုင်ခဲ့တဲ့ အင်္ဂါနေ့ကချန်ပီယံလိဂ်ပွဲမှာ
ပြိုင်ဘက်ကစားသမား ရာဘီ ယော့ ရဲ့ဖျက်ထုတ်မှုကြောင့်ဒူးခေါင်းထိခိုက်မိပြီး
ဒုတိယပိုင်းမှာလူစားလဲခံခဲ့ရပါတယ်။ ချီဝဲလ်ဟာ ချဲလ်ဆီးနည်းပြတူချယ်ရဲ့
နည်းစ နစ်ပိုင်းမှာအရေးပါတဲ့သူဖြစ်ခဲ့ပြီး ကစားဖော်ရီချီဂျိမ်းစ်နဲ့အတူ
တောင်ပံခံစစ်မှူး wing-back အဖြစ်ကစားနေရတာဖြစ်ပါတယ်။
သူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၆ ပွဲသာကစားထားရသေးပေမယ့်
၃ ဂိုးသွင်းကာ တစ်ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်လို့ တူချယ် ရဲ့
နည်းနစ် မှာသူဘယ်လောက် အရေးပါသလဲဆိုတာတွေ့မြင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် တူချယ်အတွက် စိတ်ပျက်စရာဖြစ်နေပြီး ခြောက်အိပ်မက်တွေ
ပေးလိုက်တာလို့ ဆိုနေကြတာပါ။ လက်ရှိမှာ ၆ ပတ်သာနားရမှာဖြစ်လို့
တူချယ်ကစိတ်သက်သာနေပေမယ့် အဲဒီ ၆ ပတ်အတွင်းမှာဘဲ
ချီဝဲလ် ခွဲစိတ်ကုသရခြင်းရှိမရှိကို ဆုံးဖြတ်မှာဖြစ်လို့ စိတ်လှုပ်ရှားစွာ
စောင့်ကြည့်နေရပါတယ်။ ကစားသမားသာခွဲစိတ်ခဲ့ရမယ်ဆိုရင်
ဒီတစ်ရာသီလုံးနီးပါးအနားယူရမှာဖြစ် လို့ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာမှာပါ။
တူချယ်က” ချီဝဲလ်ဟာ ဒူးအရွတ်မှာထိခိုက်ထားပြီး ၆ ပတ်ကြာနားရမှာပါ။
ဒီ ၆ ပတ်ကဘဲ သူခွဲစိတ်ရမလားဆိုတာ ဆုံးဖြတ်သွားမှာပါ။ လက်ရှိမှာတော့
ဒူးအရွတ်ကိုအပြည့်အဝထိခိုက်သွားခြင်းမရှိလို့ ပုံမှန်အတိုင်းဘဲ
ကုသ ပေးနေပါတယ်။ လောလောဆယ်မှာတော့ သူနားရမယ့်
သီတင်း ၆ ပတ်ကိုဘဲကျွန်တော်ဂရုစိုက်သွားမှာပါ။ ခွဲစိတ်ရခြင်းမရှိဘူးလို့ဘဲ
မျှော်လင့်ရပါတယ်” လို့ပြောသွားပါတယ်။
ချီဝဲလ်ကလည်း သူခြေစွမ်းပြနေချိန်မှာ အခုလိုဒဏ်ရာရခဲ့တဲ့အတွက်
အရမ်းကိုစိတ်ပျက်ရပေမယ့် အကောင်းဆုံးပုံစံနဲ့အတူ အမြန်ဆုံးပြန်ကစားနိုင်ဖို့ မျှောလင့်တယ်လို့
သူ့ရဲ့တွစ်တာစာမျက်နှာကနေတစ်ဆင့် ပြောသွားပါ တယ်။ ချီဝဲလ်နားနေရတဲ့အတွက်
ချဲလ်ဆီးရဲ့ wing-back နေရာမှာ မားကို့စ်အလွန်ဆို ပါဝင်လာဖို့ရှိပါတယ်။
သူဟာဒီရာသီအစပိုင်းတုန်း ကဦးစားပေးဖြစ်ခဲ့သေးပေမယ့်
ချီဝဲလ်က ပိုပြီးအစွမ်းပြနိုင်လို့ နောက်ပိုင်းမှာအရန်အဖြစ်သာရှိနေခဲ့တာဖြစ်ပါတယ်။
zawgyi
တူခ်ယ္အတြက္ ေျခာက္အိပ္မက္ေပးလိုက္တဲ့ ဘင္ခ်ီဝဲလ္
ခ်ဲလ္ဆီးအသင္းေနာက္ခံလူ ဘင္ခ်ီဝဲလ္ဟာဒူးအ႐ြတ္ဒဏ္ရာေၾကာင့္
အနည္းဆုံး ၆ ပတ္နားရမယ့္အျပင္ ဒဏ္ရာသက္သာမႈမရွိလို ခြဲစိတ္ခဲ့ရရင္
တစ္ရာသီလုံးနီးပါး နားရဖို႔ရွိေနတယ္လို႔ နည္းျပတူခ်ယ္ကအတည္ျပဳလိုက္ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ရွိတဲ့ အဂၤလန္ လက္ေ႐ြးစင္ဘယ္ေနာက္ခံလူ
ခ်ီဝဲလ္ဟာ ဂ်ဴဗင္တပ္ကို ၄ – ၀ နဲ႔ႏိုင္ခဲ့တဲ့ အဂၤါေန႔ကခ်န္ပီယံလိဂ္ပြဲမွာ
ၿပိဳင္ဘက္ကစားသမား ရာဘီ ေယာ့ ရဲ႕ဖ်က္ထုတ္မႈေၾကာင့္ဒူးေခါင္းထိခိုက္မိၿပီး
ဒုတိယပိုင္းမွာလူစားလဲခံခဲ့ရပါတယ္။ ခ်ီဝဲလ္ဟာ ခ်ဲလ္ဆီးနည္းျပတူခ်ယ္ရဲ႕
နည္းစ နစ္ပိုင္းမွာအေရးပါတဲ့သူျဖစ္ခဲ့ၿပီး ကစားေဖာ္ရီခ်ီဂ်ိမ္းစ္နဲ႔အတူ
ေတာင္ပံခံစစ္မႉး wing-back အျဖစ္ကစားေနရတာျဖစ္ပါတယ္။
သူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၆ ပြဲသာကစားထားရေသးေပမယ့္
၃ ဂိုးသြင္းကာ တစ္ႀကိမ္ဖန္တီးေပးထားႏိုင္သူျဖစ္လို႔ တူခ်ယ္ ရဲ႕
နည္းနစ္ မွာသူဘယ္ေလာက္ အေရးပါသလဲဆိုတာေတြ႕ျမင္ရမွာျဖစ္ပါတယ္။
ဒါေၾကာင့္ တူခ်ယ္အတြက္ စိတ္ပ်က္စရာျဖစ္ေနၿပီး ေျခာက္အိပ္မက္ေတြ
ေပးလိုက္တာလို႔ ဆိုေနၾကတာပါ။ လက္ရွိမွာ ၆ ပတ္သာနားရမွာျဖစ္လို႔
တူခ်ယ္ကစိတ္သက္သာေနေပမယ့္ အဲဒီ ၆ ပတ္အတြင္းမွာဘဲ
ခ်ီဝဲလ္ ခြဲစိတ္ကုသရျခင္းရွိမရွိကို ဆုံးျဖတ္မွာျဖစ္လို႔ စိတ္လႈပ္ရွားစြာ
ေစာင့္ၾကည့္ေနရပါတယ္။ ကစားသမားသာခြဲစိတ္ခဲ့ရမယ္ဆိုရင္
ဒီတစ္ရာသီလုံးနီးပါးအနားယူရမွာျဖစ္ လို႔ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာမွာပါ။
တူခ်ယ္က” ခ်ီဝဲလ္ဟာ ဒူးအ႐ြတ္မွာထိခိုက္ထားၿပီး ၆ ပတ္ၾကာနားရမွာပါ။
ဒီ ၆ ပတ္ကဘဲ သူခြဲစိတ္ရမလားဆိုတာ ဆုံးျဖတ္သြားမွာပါ။ လက္ရွိမွာေတာ့
ဒူးအ႐ြတ္ကိုအျပည့္အဝထိခိုက္သြားျခင္းမရွိလို႔ ပုံမွန္အတိုင္းဘဲ
ကုသ ေပးေနပါတယ္။ ေလာေလာဆယ္မွာေတာ့ သူနားရမယ့္
သီတင္း ၆ ပတ္ကိုဘဲကြၽန္ေတာ္ဂ႐ုစိုက္သြားမွာပါ။ ခြဲစိတ္ရျခင္းမရွိဘူးလို႔ဘဲ
ေမွ်ာ္လင့္ရပါတယ္” လို႔ေျပာသြားပါတယ္။ ခ်ီဝဲလ္ကလည္း
သူေျခစြမ္းျပေနခ်ိန္မွာ အခုလိုဒဏ္ရာရခဲ့တဲ့အတြက္ အရမ္းကိုစိတ္ပ်က္ရ ေပမယ့္
အေကာင္းဆုံးပုံစံနဲ႔အတူ အျမန္ဆုံးျပန္ကစားႏိုင္ဖို႔ ေမွ်ာလင့္တယ္လို႔
သူ႔ရဲ႕တြစ္တာစာမ်က္ႏွာကေနတစ္ဆင့္ ေျပာသြားပါ တယ္။ ခ်ီဝဲလ္နားေနရတဲ့အတြက္
ခ်ဲလ္ဆီးရဲ႕ wing-back ေနရာမွာ မားကို႔စ္အလြန္ဆို ပါဝင္လာဖို႔ရွိပါတယ္။
သူဟာဒီရာသီအစပိုင္းတုန္း ကဦးစားေပးျဖစ္ခဲ့ေသးေပမယ့္
ခ်ီဝဲလ္က ပိုၿပီးအစြမ္းျပႏိုင္လို႔ ေနာက္ပိုင္းမွာအရန္အျဖစ္သာရွိေနခဲ့တာျဖစ္ပါတယ္။