ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူချယ်လ်ဟာ ချဲလ်ဆီးအသင်းကို
ကိုင်တွယ်ခဲ့ပြီး တစ်နှစ်နဲ့ ၁၇ ရက်အကြာမှာတော့
ဥရောပဘောလုံးလောကရဲ့ အဆင့်အမြင့်ဆုံး
ဆုဖလား ၃ ခုကို ရယူပေးနိုင်ခဲ့ပါတယ်။
ယမန်နေ့က အောင်ပွဲ မရရှိခင် ဒရော့ဘာက တူချယ်လ်ကို
သတိပေးစကားတွေ ကြိုတင် ပြောခဲ့ပါသေးတယ်။
“အခုပြီးခဲ့တဲ့ ပွဲကိုကြည့်နေရတာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။
ကိုယ်ကိုလှုပ်လိုက်၊ ခေါင်းနဲ့ပြေးတိုက်လိုက်နဲ့
ကိုယ်တိုင်ပဲ ဝင်ကန်လိုက်ချင်ပါတော့တယ်။
အခုဆိုရင် ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါပြီ။
ကျွန်တော်ဟာ ဘတ်စ်ကတ်ဘောပွဲတွေ မကြာခဏ ကြည့်လေ့ရှိတော့ ‘
သူတို့ဟာ ကမ္ဘာ့ချန်ပီယံ..’ ဆိုတဲ့ စကားတွေ ပြောကြတာ ကြားနေရပါတယ်။
အခုတော့ ချဲလ်ဆီးလည်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါပြီ။
တကယ့်ကို ဂုဏ်ယူရမယ့် အောင်မြင်မှုပါပဲ။”
“ပွဲမစခင်မှာ နည်းပြတူချယ်လ် ကို ဒီကမ္ဘာ့ကလပ် ချန်ပီယံဖလားဟာ
မရဖူးသေးတဲ့ တစ်ခုတည်းသော ဖလား ဖြစ်နေပါတယ်လို့ သတိပေးခဲ့ပါတယ်။
ဒီဖလားဟာ ကျွန်တော်တို့အတွက် အများကြီး အဓိပ္ပါယ်ရှိပါတယ်။
၂၀၁၂ ခုနှစ် ပြီးကတည်းက ဒီဖလား ယှဉ်ပြိုင်ခွင့် ထပ်ပြီးမရခဲ့ပါဘူး။
၂၀၁၂ ခုနှစ်တုန်းက ကျွန်တော်တို့ ရှုံးနိမ့်သွားတဲ့အခါ ကျွန်တော်မပါခဲ့လို့
ဒီလိုဖြစ်ရတယ်ဆိုပြီး အရမ်းကိုယူကြုံးမရ ဖြစ်ရပါတယ်။”
“ဒါကြောင့်ဒီနေ့မှာ မဖြစ်ဖြစ်အောင် ကိုယ်တိုင်လာရောက်ပြီး အားပေးခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ယူဆချက် အလုပ်ဖြစ်ခဲ့တယ် ထင်တာပဲဗျာ။
ကျွန်တော်တို့ခေတ်က မရနိုင်ခဲ့တဲ့ တစ်ခုတည်းသော ဆုဖလားကို
သူတို့တွေ ကိုင်မြှောက်နေတာကြည့်ရင်း အရမ်းကိုပီတိ ဖြစ်ရသလို
အခုအောင်မြင်မှုအတွက် အသင်းသားတွေအားလုံးကို
အထူးဂုဏ်ယူပြု ချီးကျူးပါတယ်။”ဆိုပြီး ဒီဒီယာ ဒရော့ဘာက ပြောပါတယ်။
zawgyi
တူချယ်လ်ကို ဖလားမရခင် ကြိုတင်သတိပေးစကားတွေ ဆိုခဲ့တဲ့ ဒရော့ဘာ