သောမတ်စ်တူချယ်ကသူ့ရဲ့ချဲလ်ဆီးကစားသမားများဟာပွဲဆက်များစွာ
ကစားရမှုကြောင့်စိတ်ပန်းလူပန်းဖြစ်နေကြကြောင်းပြောကြားလိုက်ပါတယ်။
တူချယ်ကနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကပေါင်၉၇.၅သန်းဖြင့်
ရောက်လာတဲ့လူကာကူမှာပွဲအလွန်အကျွံကစားရကာစိတ်ပင်ပန်းနေတယ်လို့ဆိုသွားပါတယ်။
လူကာကူဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်အကောင်းဆုံးပုံစံဖြင့်
စတင်နိုင်ခဲ့ပေမယ့်လည်းနောက်ဆုံးခြောက်ပွဲဆက်ဂိုးပေါက်ပျောက်နေပါတယ်။
တူချယ်က “ခြေစွမ်းကျနေပါတယ်။လန်းဆန်းမှုမရှိလို့ပါ။
အပျော်တွေနည်းနေတယ်။အဓိကအကြောင်းပြချက်ကစိတ်ကြောင့်ပါ။
အနိုင်လိုစိတ်ပျောက်နေတာမဟုတ်ပါဘူး။ခရီးတွေသွားရတယ်။
အစီအစဉ်တွေလုပ်ရတယ်။ကိုယ့်ကိုယ်ကိုပဲတွေးကြတော့။အတူတဲ့အချိန်ဇုံမှာ
နေထိုင်ရတယ်။ဟိုတယ်တွေတစ်ခုပြီးတစ်ခုပြောင်းရတယ်။ ပြောရတာသာလွယ်တာပါ။
ဘရန့်ဖို့ဒ်ပွဲကစားပြီးမိသားစုနဲ့တစ်ရက်ဘဲနေ။နောက်နေ့ကျတော့
ချန်ပီယံလိဂ်လိဂ်ကစားရဖို့လုပ်ရပြန်တယ်။ပင်ပန်းပါတယ်။အကောင်းဆုံး
ကစားသမားတွေကိုအကောင်းဆုံးပုံစံမှာရှိစေချင်ပါတယ်။ဘောလုံးပွဲကများတယ်။
ပြိုင်ပွဲတွေကလည်းများတယ်”လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတူချယ်ကလူကာကူနှင့်ပတ်သက်ပြီး “သူ့ကိုအလွန်အကျွံ
ပွဲကစားခိုင်းခဲ့တယ်လို့ထင်တယ်။နွေရာသီမှာနိုင်ငံအတွက်ပွဲတွေအများကြီး
ကစားခဲ့ရတယ်။နေးရှင်းလိဂ်ကစားရတယ်။ဘယ်လ်ဂျီယံနဲ့ယူရိုကစားရတယ်။
နိုင်ငံအတွက်ကစားရတာတကယ်ဘဲစိတ်ပင်ပန်းရတယ်။အလုပ်မဖြစ်တဲ့အခါ
ဖိအားတွေကပိုကျလာပါတယ်”လို့ပြောကြားသွားပါတယ်။
zawgyi
တူချယ်က “လူကာကူက ပွဲဆက်များစွာကစားရမှုကြောင့် စိတ်ပန်းလူပန်းဖြစ်နေကြကြောင်း ပြောကြား