တူချယ်က ဂျော်ဂျင်ဟိုမှာ Ballon d’Or ဆုနှင့် ထိုက်တန်ကြောင်း ပြောကြား

သောမတ်စ်တူချယ်ကသူ့ရဲ့ချဲလ်ဆီးကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုမှာ

Ballon d’Or ဆုနှင့်ထိုက်တန်ကြောင်းပြောကြားလိုက်ပါတယ်။

အီတလီကွင်းလယ်ကစားသမားဟာသုံးလအတွင်းတွင်ချဲလ်ဆီးနှင့်အတူ

ချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလားတို့ဆွတ်ခူးနိုင်ခဲ့အပြင်အီတလီအသင်းနှင့်

အတူယူရို၂၀၂၀ဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တူချယ်က “သူ့လိုအရမ်းတော်တဲ့အလယ်တန်းကစားသမားတစ်ဦးကို

နည်းပြရတာကျေနပ်ရပါတယ်။ Ballon d’Or ဆုကိုရရှိဖို့ ထိုက်တန်ပါတယ်။

သူကအရမ်းတော်တဲ့သူပါ။ဘောလုံးနဲ့ပတ်သက်ပြီးကြီးမားတဲ့အမြင်ရှိတယ်။

ကျွန်တော့်အတွက်ကတော့တစ်ကိုယ်တော်ဆုကအရေးမပါပါဘူး။

ကစားသမားတွေကကွဲပြားတဲ့တာဝန်ထမ်းဆောင်ရတော့နှိုင်းယှဉ်ဖို့က

ခက်ခဲပါတယ်။ဒါပေမယ့်ကျွန်တော်ကတော့ကစားသမားတစ်ဦးဦးကိုတော့

ရစေချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင် Ballon d’Or ဆုအတွက်ဘိုင်ယန်မြူးနစ်စတားလီဝန်ဒေါ့စကီး၊

ချဲလ်ဆီးကွင်းလယ်ကစားသမားများဖြစ်ကြတဲ့ဂျော်ဂျင်ဟိုနှင့်အန်ဂိုလိုကန်တီ၊

ပီအက်စ်ဂျီစတားလီယွန်နယ်မက်ဆီတို့ကရေပန်းစားနေပါတယ်။

zawgyi

တူခ်ယ္က ေဂ်ာ္ဂ်င္ဟိုမွာ Ballon d’Or ဆုႏွင့္ ထိုက္တန္ေၾကာင္း ေျပာၾကား

ေသာမတ္စ္တူခ်ယ္ကသူ႔ရဲ႕ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဂ်ာ္ဂ်င္ဟိုမွာ

Ballon d’Or ဆုႏွင့္ထိုက္တန္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အီတလီကြင္းလယ္ကစားသမားဟာသုံးလအတြင္းတြင္ခ်ဲလ္ဆီးႏွင့္အတူ

ခ်န္ပီယံလိဂ္ဖလား၊ဥေရာပစူပါဖလားတို႔ဆြတ္ခူးႏိုင္ခဲ့အျပင္အီတလီအသင္းႏွင့္

အတူယူ႐ို၂၀၂၀ဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

တူခ်ယ္က “သူ႔လိုအရမ္းေတာ္တဲ့အလယ္တန္းကစားသမားတစ္ဦးကို

နည္းျပရတာေက်နပ္ရပါတယ္။ Ballon d’Or ဆုကိုရရွိဖို႔ ထိုက္တန္ပါတယ္။

သူကအရမ္းေတာ္တဲ့သူပါ။ေဘာလုံးနဲ႔ပတ္သက္ၿပီးႀကီးမားတဲ့အျမင္ရွိတယ္။

ကြၽန္ေတာ့္အတြက္ကေတာ့တစ္ကိုယ္ေတာ္ဆုကအေရးမပါပါဘူး။

ကစားသမားေတြကကြဲျပားတဲ့တာဝန္ထမ္းေဆာင္ရေတာ့ႏႈိင္းယွဥ္ဖို႔က

ခက္ခဲပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့ကစားသမားတစ္ဦးဦးကိုေတာ့

ရေစခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ Ballon d’Or ဆုအတြက္ဘိုင္ယန္ျမဴးနစ္စတားလီဝန္ေဒါ့စကီး၊

ခ်ဲလ္ဆီးကြင္းလယ္ကစားသမားမ်ားျဖစ္ၾကတဲ့ေဂ်ာ္ဂ်င္ဟိုႏွင့္အန္ဂိုလိုကန္တီ၊

ပီအက္စ္ဂ်ီစတားလီယြန္နယ္မက္ဆီတို႔ကေရပန္းစားေနပါတယ္။