တူချယ်ကို ခလုတ်တိုက်အောင် လုပ်လိုက်မိခဲ့ရင် ပိုပြီး ကောင်းဦးမယ်လို ဆိုလိုက်တဲ့ ကွန်တီ

ချဲလ်ဆီးနဲ့ စပါးတို ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ကတော့ အားလုံး သိကြတဲ့အတိုင်း မဟာပြိုင်ဘက်တိုရဲ့ အစဉ်အလာအတိုင်း ကြမ်းခဲ့ရမ်းခဲ့ကြ ပြီး ပွဲအပြီးမှာ နည်းပြနှစ်ယောက်စလုံး အနီကတ်နဲ့ အထုတ်ခံခဲ့ရတဲ့အထိကို ပွဲဆူခဲ့တာပါ။

တနင်္ဂနွေညမှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ဟာ နှစ်သင်းစလုံးက အနိုင်မခံ အရှုးမပေး စိတ်ဓာတ်နဲ့ ကစားခဲ့ကြတာဖြစ်လို နှစ်ဖက်ပရိ သတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ပွဲမတိုင်ခင်မှာ ပြောဆိုထားခဲ့တဲ့ နှစ် ဖက်နည်းပြရဲ့ စကားစစ်ထိုးမှုတွေကလည်း

ဒီပွဲအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြနှစ်ယောက်အကြား တင်းမာမှုကို ပိုပြီးဖြစ်စေခဲ့တာကတော့ ပွဲပြီးခါနီးမှာ စပါးအသင်း ရရှိသွားခဲ့တဲ့ ဒုတိယ ချေပဂိုးကြောင့်လို ဆိုနိုင်ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ နည်းပြနှစ်ယောက်

လက်ဆွဲနှုတ်ဆက်တဲ့အချိန် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ပြီး ကွင်းလယ်ဒိုင်က နှစ်ယောက်စလုံး ကို အနီကတ် ပြခဲ့ပါတယ်။ ပွဲက အဲဒီမှာတင် မပြီးခဲ့ပါဘူး။ သိပ်မကြာခင် အတောအတွင်းမှာပဲ စပါးနည်းပြ ကွန်တီဟာ လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့်

ချက်ချင်း တုံပြန်လိုက်ပါတော့တယ်။ ခြင်္သေ့ပြာတို ဒုတိယဦးဆောင်ဂိုး ရသွားတဲ့အချိန်မှာ စပါးနည်းပြကွန်တီတစ်ယောက် စိတ်ပျက်သွားပြီး ခေါင်း က အောက်ငိုက်စိုက်ကျသွားတာကြောင့် ကဆုန်ပေါက် ပြေးလွှားပြီး အောင် ပွဲခံနေတဲ့ တူချယ်ကို မမြင်လိုက်ပါဘူး။

တကယ်လိုများသာ တူချယ်အောင်ပွဲ ခံပုံကို မြင်လိုက်မယ်ဆိုရင် ခလုတ်တိုက်ပြီး ချော်လဲသွားအောင် လုပ်ပစ်ဖို စိတ်မျိုး ရှိနိုင်တယ်လို ကွန်တီက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ‘’ကံ ကောင်းတာက ငါမင်းကို မမြင်ခဲ့ဘူး။

မင်းကို ခလုတ်တိုက်ပြီး လဲသွားအောင် လုပ်လိုက်တာက ပိုပြီး ထိုက်တန်မှုရှိမှာ’’ ဆိုပြီး ကွန်တီက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး သူရေးထားတဲ့ စာသားနောက်မှာလည်း မျက်ရည်ထွက်အောင် ရယ်နေတဲ့ Emojis ပုံလေး သုံးပုံ ထည့်ပေးထားလိုက်သေးရဲ့။

(zawgyi)

ခ်ဲလ္ဆီးနဲ႔ စပါးတို ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္ကေတာ့ အားလုံး သိၾကတဲ့အတိုင္း မဟာၿပိဳင္ဘက္တိုရဲ႕ အစဥ္အလာအတိုင္း ၾကမ္းခဲ့ရမ္းခဲ့ၾက ၿပီး ပြဲအၿပီးမွာ နည္းျပႏွစ္ေယာက္စလုံး အနီကတ္နဲ႔ အထုတ္ခံခဲ့ရတဲ့အထိကို ပြဲဆူခဲ့တာပါ။

တနဂၤေႏြညမွာ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္ဟာ ႏွစ္သင္းစလုံးက အႏိုင္မခံ အရႈးမေပး စိတ္ဓာတ္နဲ႔ ကစားခဲ့ၾကတာျဖစ္လို ႏွစ္ဖက္ပရိ သတ္ေတြရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ၿပီး ပြဲမတိုင္ခင္မွာ ေျပာဆိုထားခဲ့တဲ့ ႏွစ္ ဖက္နည္းျပရဲ႕ စကားစစ္ထိုးမႈေတြကလည္း

ဒီပြဲအေပၚ သက္ေရာက္မႈ ရွိခဲ့ပါတယ္။ ဒါေပမဲ့ နည္းျပႏွစ္ေယာက္အၾကား တင္းမာမႈကို ပိုၿပီးျဖစ္ေစခဲ့တာကေတာ့ ပြဲၿပီးခါနီးမွာ စပါးအသင္း ရရွိသြားခဲ့တဲ့ ဒုတိယ ေခ်ပဂိုးေၾကာင့္လို ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ ပြဲၿပီးဆုံးခ်ိန္မွာ

နည္းျပႏွစ္ေယာက္ လက္ဆြဲႏႈတ္ဆက္တဲ့အခ်ိန္ ႐ုန္းရင္းဆန္ခတ္ ျဖစ္သြားခဲ့ၿပီး ကြင္းလယ္ဒိုင္က ႏွစ္ေယာက္စလုံး ကို အနီကတ္ ျပခဲ့ပါတယ္။ ပြဲက အဲဒီမွာတင္ မၿပီးခဲ့ပါဘူး။ သိပ္မၾကာခင္ အေတာအတြင္းမွာပဲ စပါးနည္းျပ ကြန္တီဟာ

လူမႈကြန္ရက္ေပၚကေနတစ္ဆင့္ ခ်က္ခ်င္း တုံျပန္လိုက္ပါေတာ့တယ္။ ျခေသၤ့ျပာတို ဒုတိယဦးေဆာင္ဂိုး ရသြားတဲ့အခ်ိန္မွာ စပါးနည္းျပကြန္တီတစ္ေယာက္ စိတ္ပ်က္သြားၿပီး ေခါင္း က ေအာက္ငိုက္စိုက္က်သြားတာေၾကာင့္ ကဆုန္ေပါက္ ေျပးလႊားၿပီး ေအာင္ ပြဲခံေနတဲ့

တူခ်ယ္ကို မျမင္လိုက္ပါဘူး။ တကယ္လိုမ်ားသာ တူခ်ယ္ေအာင္ပြဲ ခံပုံကို ျမင္လိုက္မယ္ဆိုရင္ ခလုတ္တိုက္ၿပီး ေခ်ာ္လဲသြားေအာင္ လုပ္ပစ္ဖို စိတ္မ်ိဳး ရွိႏိုင္တယ္လို ကြန္တီက လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။ ‘’ကံ ေကာင္းတာက ငါမင္းကို မျမင္ခဲ့ဘူး။ မင္းကို ခလုတ္တိုက္ၿပီး

လဲသြားေအာင္ လုပ္လိုက္တာက ပိုၿပီး ထိုက္တန္မႈရွိမွာ’’ ဆိုၿပီး ကြန္တီက အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။ ေနာက္ၿပီး သူေရးထားတဲ့ စာသားေနာက္မွာလည္း မ်က္ရည္ထြက္ေအာင္ ရယ္ေနတဲ့ Emojis ပုံေလး သုံးပုံ ထည့္ေပးထားလိုက္ေသးရဲ႕။