
အက်ဖ်အေဖလားတတိယအဆင့်မှာ မန်စီးတီးရဲ့လွှမ်းမိုးမှုအောက်





ရောက်ခဲ့ပြီး အဆင့်အတန်းနိမ့်ကျလွန်းတဲ့ဂိုးပြတ်ရှုံးပွဲကြုံခဲ့ပြီးနောက်
ချဲလ်ဆီးပရိသတ်တွေဟာ နည်းပြဟောင်းတူချယ်ကိုပြန်ခေါ်ပေးဖို့





တောင်းဆိုလာကြပါပြီ။ တူချယ်ဟာ ရာသီအစမှာ ၃ပွဲ အထိ
အရေးနိမ့်ခဲ့ပြီးနောက် စက်တင်ဘာလမှာရာထူးက
ထုတ်ပယ်ခံလိုက်ရပေမဲ့ သူ့ရဲ့ပထမဆုံးရာသီမှာ ချဲလ်ဆီးအသင်း





ချန်ပီယံလိဂ်ဆုဖလားပိုင်ဆိုင်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် ဖိုင်နယ်မှာ
ဂွါဒီယိုလာရဲ့ မန်စီးတီးကိုအလဲထိုးပြနိုင်ခဲ့တာဖြစ်တယ်။





ချဲလ်ဆီးဟာ ပိုင်ရှင်သစ်အပြောင်းအလဲဖြစ်ခဲ့ပြီး တုတ်ဒ်ဘိုလေ
ရောက်လာတဲ့နောက် အူဘာမီယန်းအပါအဝင် ကစားသမား
ခေါ်ယူမှုအတွက် ပေါင် ၂၅၅.၃ သန်းအထိ သုံးစွဲခဲ့ပေမဲ့





အလုပ်မဖြစ်ခဲ့ပါဘူး။ နည်းပြသစ်ဂရေဟမ်ပေါ်တာအနေနဲ့လည်း
တာထွက်လှခဲ့တာကလွဲလို့ နောက်ပိုင်းမှာ ဦးတည်ချက်မဲ့တဲ့





အနေအထားကိုပြန်ရောက်လာခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲစဉ်မှာတော့
ချဲလ်ဆီးပရိသတ်တွေက ‘super Tommy Tuchel’ ဆိုပြီး
သံပြိုင်သီဆိုခဲ့ကြတဲ့ ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာမှာ





ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကိုမြင်ခဲ့ပြီးနောက် ပရိသတ်တစ်ယောက်က
“ပိုင်ရှင်တွေအတွက်တော့ အားကောင်းတဲ့မက်ဆေ့ချ်တစ်စောင်ပါပဲ။





ဒါဟာ သီဆိုမှုတစ်ခုထက်ပိုလိမ့်မယ်လို့ မျှော်လင့်တယ်” လို့
မှတ်ချက်ပေးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့
“တူချယ်ပြန်မလာရင်တော့ နောက်ပွဲတွေမကြည့်တော့ဘူး” လို့





တုံ့ပြန်ခဲ့ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့
“ကျေးဇူးပြုပြီး သူ့ကိုပြန်ခေါ်လိုက်ပါ၊ ပေါ်တာကိုတော့





လက်ထောက်နည်းပြနေရာထားလိုက်ပါ၊ အနည်းဆုံးတော့
အခြေခံအချက်အလက်လေးတွေ သင်ယူလို့ရတာပေါ့” လို့ တွစ်တာမှာ ရေးသားသွားခဲ့ပါတယ်။
zawgyi





တူခ်ယ္ကိုျပန္မေခၚေပးရင္ ေနာက္ပြဲေတြမၾကည့္ေတာ့ဘူးလို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ရစ္ေနၾကၿပီ
အက္ဖ္ေအဖလားတတိယအဆင့္မွာ မန္စီးတီးရဲ႕လႊမ္းမိုးမႈေအာက္





ေရာက္ခဲ့ၿပီး အဆင့္အတန္းနိမ့္က်လြန္းတဲ့ဂိုးျပတ္ရႈံးပြဲႀကဳံခဲ့ၿပီးေနာက္
ခ်ဲလ္ဆီးပရိသတ္ေတြဟာ နည္းျပေဟာင္းတူခ်ယ္ကိုျပန္ေခၚေပးဖို႔
ေတာင္းဆိုလာၾကပါၿပီ။ တူခ်ယ္ဟာ ရာသီအစမွာ ၃ပြဲ အထိ





အေရးနိမ့္ခဲ့ၿပီးေနာက္ စက္တင္ဘာလမွာရာထူးက
ထုတ္ပယ္ခံလိုက္ရေပမဲ့ သူ႔ရဲ႕ပထမဆုံးရာသီမွာ ခ်ဲလ္ဆီးအသင္း





ခ်န္ပီယံလိဂ္ဆုဖလားပိုင္ဆိုင္ခဲ့တာျဖစ္တယ္။ ဒါ့အျပင္ ဖိုင္နယ္မွာ
ဂြါဒီယိုလာရဲ႕ မန္စီးတီးကိုအလဲထိုးျပႏိုင္ခဲ့တာျဖစ္တယ္။
ခ်ဲလ္ဆီးဟာ ပိုင္ရွင္သစ္အေျပာင္းအလဲျဖစ္ခဲ့ၿပီး တုတ္ဒ္ဘိုေလ





ေရာက္လာတဲ့ေနာက္ အူဘာမီယန္းအပါအဝင္ ကစားသမား
ေခၚယူမႈအတြက္ ေပါင္ ၂၅၅.၃ သန္းအထိ သုံးစြဲခဲ့ေပမဲ့





အလုပ္မျဖစ္ခဲ့ပါဘူး။ နည္းျပသစ္ဂေရဟမ္ေပၚတာအေနနဲ႔လည္း
တာထြက္လွခဲ့တာကလြဲလို႔ ေနာက္ပိုင္းမွာ ဦးတည္ခ်က္မဲ့တဲ့
အေနအထားကိုျပန္ေရာက္လာခဲ့ပါတယ္။ မန္စီးတီးနဲ႔ပြဲစဥ္မွာေတာ့





ခ်ဲလ္ဆီးပရိသတ္ေတြက ‘super Tommy Tuchel’ ဆိုၿပီး
သံၿပိဳင္သီဆိုခဲ့ၾကတဲ့ ဗီဒီယိုဖိုင္တစ္ခု ဆိုရွယ္မီဒီယာမွာ





ထြက္ေပၚလာခဲ့ပါတယ္။ ဒါကိုျမင္ခဲ့ၿပီးေနာက္ ပရိသတ္တစ္ေယာက္က
“ပိုင္ရွင္ေတြအတြက္ေတာ့ အားေကာင္းတဲ့မက္ေဆ့ခ်္တစ္ေစာင္ပါပဲ။
ဒါဟာ သီဆိုမႈတစ္ခုထက္ပိုလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္” လို႔





မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့
“တူခ်ယ္ျပန္မလာရင္ေတာ့ ေနာက္ပြဲေတြမၾကည့္ေတာ့ဘူး” လို႔





တုံ႔ျပန္ခဲ့ပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့
“ေက်းဇူးျပဳၿပီး သူ႔ကိုျပန္ေခၚလိုက္ပါ၊ ေပၚတာကိုေတာ့
လက္ေထာက္နည္းျပေနရာထားလိုက္ပါ၊ အနည္းဆုံးေတာ့





အေျခခံအခ်က္အလက္ေလးေတြ သင္ယူလို႔ရတာေပါ့” လို႔ တြစ္တာမွာ ေရးသားသြားခဲ့ပါတယ္။