တုတ်ကြီးဂျွမ်းဘားပုံစံနဲ့ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံးဖန်တီးပေးခဲ့တဲ့ ဂါနာချိုကို တန်ဟတ် ချီးကျူးလိုက်

ယူနိုက်တက်ဟာ ကာရာဘောင်းဖလားပွဲမှာ ဗီလာကို ၄-၂ ဂိုးနဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်အရှုံးကိုလက်စားချေပြလိုက်ပါတယ်။ ဗီလာဟာ ပွဲချိန်အတွင်း မန်ယူကို ၂ကြိမ်တိုင်ဦးဆောင်ခွင့်ရခဲ့ပေမဲ့

သရဲနီတွေဟာ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ တွမ်မီနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်ကို နောက်ကောက်ချနိုင်ခဲ့တာဖြစ်တယ်။ ၃-၂ ဖြစ်နေပြီး ဗီလာပြန်လာနိုင်ဖို့ကြိုးစားလာချိန်မှာတော့

ါနာချိုဟာ အကွက်မြင်မြင်နဲ့ တွမ်မီနေးရဲ့ပြေးလမ်းကြောင်းထဲကို အမြင့်ဘောလှမ်း မ ပေးခဲ့သလို စကော့တလန်သားက လေပေါ်မှာပေါင်ဖြဲပြီး ဂျွမ်းဘားစတိုင်နဲ့ဂိုးသွင်းကာ

ပွဲကို အဆုံးသတ်ပေးလိုက်တာဖြစ်တယ်။ ဒီပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ အသက် ၁၈နှစ်အရွယ် ဂါနာချိုနဲ့ပတ်သတ်လို့ နည်းပြတန်ဟတ်က “သူဖန်တီးမှု ၂ကြိမ်လုပ်တယ်၊

အလိမ်အခေါက်တွေနဲ့ကျော်ဖြတ်နိုင်တယ်၊ နောက်ကနေကျော်ပြေးနိုင်ခဲ့တာတွေရှိတယ်။ ဒါပေမဲ့လည်းတချို့အရာတွေကိုတိုးတက်အောင်လုပ်ရပါဦးမယ်။ ဒီညမှာသူရဲ့တိုးတက်မှုရှိတဲ့

စွမ်းဆောင်ရည်နဲ့ပတ်သတ်လို့ ကျွန်တော်တို့ပျော်ရွှင်ခဲ့တယ်ဆိုတာသိသာသလို အသင်းကိုအကျိုးပြုနိုင်ခဲ့ပါတယ်။ အသင်းတိုင်းမှာ သူ့လိုကစားသမားမျိုးလိုအပ်တယ်…

ပြိုင်ဘက်တွေကိုကျော်ဖြတ်နိုင်တယ်၊ နောက်ဆုံး ဆုံးဖြတ်ချက်တွေမှာ မှန်ကန်တဲ့အရာတွေကိုလုပ်ဆောင်နိုင်တယ်။ ဒါ့အပြင်ခံစစ်ကိုဆင်းကူပေးနိုင်ခဲ့ပြီး စည်းကမ်းရှိရှိကစားနိုင်ခဲ့ပါတယ်” လို့ ချီးကျူးသွားပါတယ်။

ယူနိုက်တက်ဟာ ကာရာဘောင်းဖလား ၁၆သင်း အဆင့်ပွဲစဉ် မှာ ချန်ပီယံရှစ်အမှတ်ပေးဇယားဦးဆောင်သူ ဘန်လေနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

(Zawgyi)

တုတ္ႀကီးဂြၽမ္းဘားပုံစံနဲ႔ဂိုးသြင္းႏိုင္ဖို႔ အေကာင္းဆုံးဖန္တီးေပးခဲ့တဲ့ ဂါနာခ်ိဳကို တန္ဟတ္ ခ်ီးက်ဴးလိုက္

ယူႏိုက္တက္ဟာ ကာရာေဘာင္းဖလားပြဲမွာ ဗီလာကို ၄-၂ ဂိုးနဲ႔အႏိုင္ယူၿပီး ပရီးမီးယားလိဂ္အရႈံးကိုလက္စားေခ်ျပလိုက္ပါတယ္။ ဗီလာဟာ ပြဲခ်ိန္အတြင္း မန္ယူကို ၂ႀကိမ္တိုင္ဦးေဆာင္ခြင့္ရခဲ့ေပမဲ့

သရဲနီေတြဟာ မာရွယ္၊ ရက္ရွ္ဖို႔ဒ္၊ ဖာနန္ဒက္စ္၊ တြမ္မီေနးတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၿပိဳင္ဘက္ကိုေနာက္ေကာက္ခ်ႏိုင္ခဲ့တာျဖစ္တယ္။ ၃-၂ ျဖစ္ေနၿပီး ဗီလာျပန္လာႏိုင္ဖို႔ႀကိဳးစားလာခ်ိန္မွာေတာ့

ဂါနာခ်ိဳဟာ အကြက္ျမင္ျမင္နဲ႔ တြမ္မီေနးရဲ႕ေျပးလမ္းေၾကာင္းထဲကို အျမင့္ေဘာလွမ္းမေပးခဲ့သလို စေကာ့တလန္သားက ေလေပၚမွာေပါင္ၿဖဲၿပီး ဂြၽမ္းဘားစတိုင္နဲ႔ဂိုးသြင္းကာ

ပြဲကို အဆုံးသတ္ေပးလိုက္တာျဖစ္တယ္။ ဒီပြဲမွာအေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တဲ့ အသက္ ၁၈ႏွစ္အ႐ြယ္ ဂါနာခ်ိဳနဲ႔ပတ္သတ္လို႔ နည္းျပတန္ဟတ္က “သူဖန္တီးမႈ ၂ႀကိမ္လုပ္ တယ္၊

အလိမ္အေခါက္ေတြနဲ႔ေက်ာ္ျဖတ္ႏိုင္တယ္၊ ေနာက္ကေနေက်ာ္ေျပးႏိုင္ခဲ့တာ ေတြရွိတယ္။ ဒါေပမဲ့လည္းတခ်ိဳ႕အရာေတြကိုတိုးတက္ေအာင္လုပ္ရပါဦးမယ္။

ဒီညမွာသူရဲ႕တိုးတက္မႈရွိတဲ့စြမ္းေဆာင္ရည္နဲ႔ပတ္သတ္လို႔ ကြၽန္ေတာ္တို႔ေပ်ာ္႐ႊင္ခဲ့ တယ္ဆိုတာသိသာသလို အသင္းကိုအက်ိဳးျပဳႏိုင္ခဲ့ပါတယ္။ အသင္းတိုင္းမွာ

သူ႔လိုကစားသမားမ်ိဳးလိုအပ္တယ္…ၿပိဳင္ဘက္ေတြကိုေက်ာ္ျဖတ္ႏိုင္တယ္၊ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ေတြမွာ မွန္ကန္တဲ့အရာေတြကိုလုပ္ေဆာင္ႏိုင္တယ္။

ဒါ့အျပင္ခံစစ္ကိုဆင္းကူေပးႏိုင္ခဲ့ၿပီး စည္းကမ္းရွိရွိကစားႏိုင္ခဲ့ပါတယ္” လို႔ ခ်ီးက်ဴးသြားပါတယ္။ ယူႏိုက္တက္ဟာ ကာရာေဘာင္းဖလား ၁၆သင္း

အဆင့္ပြဲစဥ္ မွာ ခ်န္ပီယံရွစ္အမွတ္ေပးဇယားဦးေဆာင္သူ ဘန္ေလနဲ႔ထိပ္တိုက္ရင္ဆိုင္ရဖို႔ရွိေနပါ တယ္။