
နယူးကာဆယ်အသင်းဟာ ပေါင် ၃၀၅ သန်းနဲ့ ဆော်ဒီပိုင်ရှင်တွေရဲ့
လက်ထဲရောက်လာအပြီးမှာ ချဲလ်ဆီးတိုက်စစ်မှုးတီမိုဝါနာရဲ့အေးဂျင့်နဲ့
ပုံမှန်ဆက်သွယ်မှုရှိနေကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။
ဆော်ဒီအစိုးရစီးပွားရေးလုပ်ငန်းတစ်ခုက ကျောထောက်နောက်ခံတဲ့
အဖွဲ့တစ်ဖွဲ့ရဲ့ဝယ်ယူခြင်းခံခဲ့ရပြီးတဲ့နောက် နယူးကာဆယ်ဟာ ကမ္ဘာပေါ်မှာ
အချမ်းသာဆုံးကလပ်ဖြစ်လာပါတယ်။
အခုတော့ နယူးကာဆယ်ဟာ သူတို့အသင်းကို အားဖြည့်ဖို့အတွက်
ကစာသမားသစ်ရှာဖွေမှုတွေပြုလုပ်နေပြီး နာမည်ကြီးဂျာမန်သတင်းစာ
တစ်စောင်ဖြစ်တဲ့ Billd ရဲ့အဆိုအရတော့ သူတို့ဟာ ချဲလ်ဆီးတိုက်စစ်မှုးဝါနာကို
လာမယ့်ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဟာ ၂၅ နှစ်အရွယ် အဲဒီဂျာမနီလက်ရွေးစင်ကစားသမားကို ပြီးခဲ့တဲ့
၂၀၂၀ ဇွန်က လစ်ပ်ဇစ်ကနေ ပေါင် ၄၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ သူဟာ
ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းခြေစွမ်းပြခဲ့သလိုမျိုး ပရီးမီးယားလိဂ်မှာ
လုပ်ပြနိုင်ခြင်း မရှိသေးပါဘူး။ သူ့ရဲ့ချဲလ်ဆီးနဲ့ပထမဆုံးရာသီမှာ ဝါနာဟာ
၆ ဂိုးသာသွင်းယူနိုင်ခဲ့လို့ အသင်းပရိသတ်တွေက
အဲဒီဂျာမန်တိုက်စစ်မှုးအပေါ် စိတ်ပျက်ခဲ့ကြပါတယ်။
အဲဒါကြောင့်လည်း ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ
လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ခေါ်ယူဖို့
ဆုံးဖြတ်ခဲ့ရတာပါ။ လူကာကူရောက်လာတဲ့အတွက်လည်း ချဲလ်ဆီးမှာ ဝါနာဟာ
ပွဲထွက်အခွင့်အရေးကျဆင်းခဲ့ရကာ ရာသီအစပိုင်းကဆိုရင် ကစားခွင့်တောင် မရခဲ့ပါဘူး။
အဲဒီအခြေအနေကို အခွင့်ကောင်းယူနိုင်ဖို့ နယူးကာဆယ်ဟာ မျှော်လင့်နေပြီး
Bild ရဲ့ဖော်ပြချက်အရဆိုရင် သူတို့ရဲ့အဓိကလူဖြစ်လာယ့် မက်လုံးနဲ့ဆိုရင်
ဝါနာကို ဆွဲဆောင်နိုင်မယ်လို့ ကာဆယ်က ယုံကြည်နေကြောင်း သိရပါတယ်။
ဝါနာဟာ ဂျူဗင်တပ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တုန်းကလည်း
တူချယ်ရဲ့အသုံးမပြုတဲ့လူစားဝင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဝါနာအနေနဲ့
ချဲလ်ဆီး အခုလိုမျိုး ချန်လှပ်ခံနေရမှု ဆက်ဖြစ်နေမယ်ဆိုရင်
အသင်းပြောင်းဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။
zawgyi
တီမိုဝါနာရဲ႕ေအးဂ်င့္နဲ႔ ပုံမွန္ဆက္သြယ္မႈရွိေနေၾကာင္း သတင္းေတြထြက္ေပၚတဲ့ နယူးကာဆယ္
နယူးကာဆယ္အသင္းဟာ ေပါင္ ၃၀၅ သန္းနဲ႔ ေဆာ္ဒီပိုင္ရွင္ေတြရဲ႕
လက္ထဲေရာက္လာအၿပီးမွာ ခ်ဲလ္ဆီးတိုက္စစ္မႈးတီမိုဝါနာရဲ႕ေအးဂ်င့္နဲ႔
ပုံမွန္ဆက္သြယ္မႈရွိေနေၾကာင္း သတင္းေတြထြက္ေပၚလာပါတယ္။
ေဆာ္ဒီအစိုးရစီးပြားေရးလုပ္ငန္းတစ္ခုက ေက်ာေထာက္ေနာက္ခံတဲ့
အဖြဲ႕တစ္ဖြဲ႕ရဲ႕ဝယ္ယူျခင္းခံခဲ့ရၿပီးတဲ့ေနာက္ နယူးကာဆယ္ဟာ ကမာၻေပၚမွာ
အခ်မ္းသာဆုံးကလပ္ျဖစ္လာပါတယ္။
အခုေတာ့ နယူးကာဆယ္ဟာ သူတို႔အသင္းကို အားျဖည့္ဖို႔အတြက္
ကစာသမားသစ္ရွာေဖြမႈေတြျပဳလုပ္ေနၿပီး နာမည္ႀကီးဂ်ာမန္သတင္းစာ
တစ္ေစာင္ျဖစ္တဲ့ Billd ရဲ႕အဆိုအရေတာ့ သူတို႔ဟာ ခ်ဲလ္ဆီးတိုက္စစ္မႈးဝါနာကို
လာမယ့္ဇန္နဝါရီမွာ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးဟာ ၂၅ ႏွစ္အ႐ြယ္ အဲဒီဂ်ာမနီလက္ေ႐ြးစင္ကစားသမားကို ၿပီးခဲ့တဲ့
၂၀၂၀ ဇြန္က လစ္ပ္ဇစ္ကေန ေပါင္ ၄၈ သန္းနဲ႔ ေခၚယူခဲ့တာပါ။ ဒါေပမဲ့ သူဟာ
ဘြန္ဒက္စ္လီဂါမွာ ဂိုးသြင္းေျခစြမ္းျပခဲ့သလိုမ်ိဳး ပရီးမီးယားလိဂ္မွာ
လုပ္ျပႏိုင္ျခင္း မရွိေသးပါဘူး။ သူ႔ရဲ႕ခ်ဲလ္ဆီးနဲ႔ပထမဆုံးရာသီမွာ ဝါနာဟာ
၆ ဂိုးသာသြင္းယူႏိုင္ခဲ့လို႔ အသင္းပရိသတ္ေတြက
အဲဒီဂ်ာမန္တိုက္စစ္မႈးအေပၚ စိတ္ပ်က္ခဲ့ၾကပါတယ္။
အဲဒါေၾကာင့္လည္း ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ
လူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ေခၚယူဖို႔
ဆုံးျဖတ္ခဲ့ရတာပါ။ လူကာကူေရာက္လာတဲ့အတြက္လည္း ခ်ဲလ္ဆီးမွာ ဝါနာဟာ
ပြဲထြက္အခြင့္အေရးက်ဆင္းခဲ့ရကာ ရာသီအစပိုင္းကဆိုရင္ ကစားခြင့္ေတာင္ မရခဲ့ပါဘူး။
အဲဒီအေျခအေနကို အခြင့္ေကာင္းယူႏိုင္ဖို႔ နယူးကာဆယ္ဟာ ေမွ်ာ္လင့္ေနၿပီး
Bild ရဲ႕ေဖာ္ျပခ်က္အရဆိုရင္ သူတို႔ရဲ႕အဓိကလူျဖစ္လာယ့္ မက္လုံးနဲ႔ဆိုရင္
ဝါနာကို ဆြဲေဆာင္ႏိုင္မယ္လို႔ ကာဆယ္က ယုံၾကည္ေနေၾကာင္း သိရပါတယ္။
ဝါနာဟာ ဂ်ဴဗင္တပ္ကို ၁-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္တုန္းကလည္း
တူခ်ယ္ရဲ႕အသုံးမျပဳတဲ့လူစားဝင္တစ္ေယာက္ျဖစ္ခဲ့တာပါ။ ဝါနာအေနနဲ႔
ခ်ဲလ္ဆီး အခုလိုမ်ိဳး ခ်န္လွပ္ခံေနရမႈ ဆက္ျဖစ္ေနမယ္ဆိုရင္
အသင္းေျပာင္းဖို႔ လမ္းဖြင့္ထားေၾကာင္း သိရပါတယ္။