တီနီရိုက်ဖ်လမ်းမပေါ်မှာ အင်္ဂလန်နဲ့ ဝေးလ်ပရိသတ်တွေအပြန်အလှန်တိုက်ခိုက်နေတဲ့ထိတ်လန့်ဖွယ်ရာဗီဒီယိုမှတ်တမ်းထွက်ပေါ်လာ

အင်္ဂလန်နဲ့ ဝေးလ်ပရိသတ်တွေဟာ စပိန်နိုင်ငံတီနီရိုက်ဖ်လမ်းမပေါ်မှာ အချင်းချင်းရန်ဖြစ်နေကြတဲ့ ထိတ်လန့်ဖွယ်ရာ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပါတယ်။ လာမယ့်အင်္ဂါနေ့မှာတော့ ဒီနှစ်သင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်

အကြိတ်အနယ်ကစားရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အင်္ဂလန်က အမေရိကန်နဲ့သရေကျခဲ့သလို ဝေးလ်က အီရန်ကိုမထင်မှတ်ဘဲအရေးနိမ့်ခဲ့တာကြောင့်

ကာတာနိုင်ငံအာမက်ဘင်အလီကွင်းထဲမှာ နောက်တစ်ဆင့်တက်ဖို့အတွက်အရေးကြီးတဲ့အဆုံးအဖြတ်ပွဲကစားရဖို့ရှိနေပါတယ်။ နှစ်သင်းရဲ့ပွဲကမကန်ရသေးပေမဲ့ အင်္ဂလန်နဲ့ ဝေးလ်ပရိသတ်တွေဟာ

တီနီရိုက်ဖ်လမ်းမပေါ်မှာ တိုက်ခိုက်နေကြပါပြီ။ ဝေးလ်ပရိသတ် ၂၅၀၀ ခန့်ဟာ ကမ္ဘာ့ဖလားကာလမှာ ကာတာကိုစွန့်လွှတ်ပြီး စပိန်နိုင်ငံတီနီရိုက်ဖ်ကိုရွေးချယ်ခဲ့ကြတာဖြစ်တယ်။

ကာတာနိုင်ငံမှာ စည်းမျဉ်းစည်းကမ်းတင်းကြပ်ထားသလို စရိတ်စကကြီးမားလွန်းတာကြောင့် အင်္ဂလန်နဲ့ ဝေးလ်ပရိသတ်တွေဟာ အခြားသောအပန်းဖြေနည်းလမ်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုစောင့်ကြည့်ဖို့အတွက်

တီနီရိုက်ဖ်ကိုသွားရောက်ခဲ့ကြတာဖြစ်တယ်။ စပိန်နိုင်ငံမှာရှိတဲ့ ဘားဆိုင်ပိုင်ရှင်တစ်ဦးကတော့ အမေရိကန်နဲ့ပွဲစဉ်အတွက် ဝေးလ်ပရိသတ်တွေကို fan zone တစ်ခုဖန်တီးပေးခဲ့ပြီး

အားပေးချက်ကမယုံကြည်နိုင်လောက်စရာပဲလို့ဖွင့်ဟထားပါတယ်။ လက်ရှိအနေအထားအရတော့ ဝေးလ်က အင်္ဂလန်ကိုအနိုင်ကစားပြီး အခြားတစ်ဖက်မှာ အမေရိကန်နဲ့

အီရန်သရေရလဒ်ထွက်ပေါ်မှာသာ နည်းပြရော့ဘ်ပေ့ချ်ရဲ့အသင်းက ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်မှာဖြစ်တယ်။ ကာတာမှာ နှစ်သင်းပရိသတ်တွေအချင်းချင်းဖိုက်ဖို့အခက်အခဲရှိပေမဲ့

လွတ်လပ်တဲ့ တီနီရိုက်ဖ်မှာတော့ နောက်ထပ်ရန်ပွဲတွေထွက်ပေါ်လာဖို့ရှိနေပါသေးတယ်။

(Zawgyi)

တီနီ႐ိုက္ဖ္လမ္းမေပၚမွာ အဂၤလန္နဲ႔ ေဝးလ္ပရိသတ္ေတြအျပန္အလွန္တိုက္ခိုက္ေနတဲ့ထိတ္လန႔္ဖြယ္ရာဗီဒီယိုမွတ္တမ္းထြက္ေပၚလာ…ပြဲမဝင္ခင္အျပင္ကက်င္းပဆိုသလိုေပါ့

အဂၤလန္နဲ႔ ေဝးလ္ပရိသတ္ေတြဟာ စပိန္ႏိုင္ငံတီနီ႐ိုက္ဖ္လမ္းမေပၚမွာ အခ်င္းခ်င္းရန္ျဖစ္ေနၾကတဲ့ထိတ္လန႔္ဖြယ္ရာဗီဒီယိုဖိုင္ထြက္ေပၚလာခဲ့ပါတယ္။ လာမယ့္အဂၤါေန႔မွာေတာ့

ဒီႏွစ္သင္းဟာအုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္အႀကိတ္အနယ္ကစားရဖို႔ရွိေနပါတယ္။ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ အဂၤလန္က အေမရိကန္နဲ႔သေရက်ခဲ့သလို ေဝးလ္က အီရန္ကိုမထင္မွတ္ဘဲအေရးနိမ့္ခဲ့တာေၾကာင့္

ကာတာႏိုင္ငံအာမက္ဘင္အလီကြင္းထဲမွာ ေနာက္တစ္ဆင့္တက္ဖို႔အတြက္အေရးႀကီးတဲ့အဆုံးအျဖတ္ပြဲကစားရဖို႔ရွိေနပါတယ္။ ႏွစ္သင္းရဲ႕ပြဲကမကန္ရေသးေပမဲ့ အဂၤလန္နဲ႔ ေဝးလ္ပရိသတ္ေတြဟာ

တီနီ႐ိုက္ဖ္လမ္းမေပၚမွာ တိုက္ခိုက္ေနၾကပါၿပီ။ ေဝးလ္ပရိသတ္ ၂၅၀၀ ခန႔္ဟာ ကမာၻ႔ဖလားကာလမွာ ကာတာကိုစြန႔္လႊတ္ၿပီး စပိန္ႏိုင္ငံတီနီ႐ိုက္ဖ္ကိုေ႐ြးခ်ယ္ခဲ့ၾကတာျဖစ္တယ္။ ကာတာႏိုင္ငံမွာ

စည္းမ်ဥ္းစည္းကမ္းတင္းၾကပ္ထားသလို စရိတ္စကႀကီးမားလြန္းတာေၾကာင့္ အဂၤလန္နဲ႔ ေဝးလ္ပရိသတ္ေတြဟာ အျခားေသာအပန္းေျဖနည္းလမ္းနဲ႔

ကမာၻ႔ဖလားၿပိဳင္ပြဲကိုေစာင့္ၾကည့္ဖို႔အတြက္ တီနီ႐ိုက္ဖ္ကိုသြားေရာက္ခဲ့ၾကတာျဖစ္တယ္။ စပိန္ႏိုင္ငံမွာရွိတဲ့ ဘားဆိုင္ပိုင္ရွင္တစ္ဦးကေတာ့ အေမရိကန္နဲ႔ပြဲစဥ္အတြက္

ေဝးလ္ပရိသတ္ေတြကို fan zone တစ္ခုဖန္တီးေပးခဲ့ၿပီး အားေပးခ်က္ကမယုံၾကည္ႏိုင္ေလာက္စရာပဲလို႔ဖြင့္ဟထားပါတယ္။ လက္ရွိအေနအထားအရေတာ့ ေဝးလ္က

အဂၤလန္ကိုအႏိုင္ကစားၿပီး အျခားတစ္ဖက္မွာ အေမရိကန္နဲ႔ အီရန္သေရရလဒ္ထြက္ေပၚမွာသာ နည္းျပေရာ့ဘ္ေပ့ခ်္ရဲ႕အသင္းက ၁၆ သင္းအဆင့္ကိုတက္လွမ္းႏိုင္မွာျဖစ္တယ္။

ကာတာမွာ ႏွစ္သင္းပရိသတ္ေတြအခ်င္းခ်င္းဖိုက္ဖို႔အခက္အခဲရွိေပမဲ့ လြတ္လပ္တဲ့ တီနီ႐ိုက္ဖ္မွာေတာ့ ေနာက္ထပ္ရန္ပြဲေတြထြက္ေပၚလာဖို႔ရွိေနပါေသးတယ္။