
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် က ဒီနေ့ညမှာ ယှဉ်ပြိုင်ကစား
ရမယ့် စပိန်ကလပ် အက်သလက်တီကို အသင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို
ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ခံစစ်ပိတ်ဆော့တဲ့ အသင်းတွေကို မကြာခဏဝေဖန်
လေ့ရှိတဲ့ ကလော့ပ် ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရင်ဆိုင်တွေ့နေတဲ့
အက်သလက်တီအသင်းရဲ့ ကစားပုံကိုလည်း ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားနိုင်ငံသား နည်းပြ ဆီမြွန်နီ ရဲ့အက်သလက်တီအသင်းနဲ့ ပတ်သက်
ပြီး ကလော့ပ် က “ သူတို့အသင်းရဲ့ လုပ်ဆောင်မှုတွေအပေါ် ကျွန်တော်မလေးစား
ပဲ မနေနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က သူတို့အသင်းရဲ့ ကစားပုံနဲ့မတူတဲ့ကစား
ပုံမျိုးကိုပဲ ပိုပြီးသဘောကျပါတယ်။ တခြားနည်းပြတွေဆီမှာလည်း သူတို့
သဘောကျတဲ့ မတူညီတဲ့ ကစားပုံတွေရှိကြပါတယ်။ ဘယ်သူကမှ မကြိုက်တဲ့
ကစားပုံ ၊ အောင်မြင်မှုရဖို့ကိုပဲ အဓိကထားတဲ့ ကစားပုံ ဆိုတာ အက်သလက်
တီကို အသင်းရဲ့ ကစားပုံပဲဆိုတာ သေချာပါတယ် “ လို့ သတင်းစာရှင်းလင်းပွဲမှာ
ပြောဆိုခဲ့ပါတယ်။
လီဗာပူးလ်အသင်းနဲ့ အက်သလက်တီကိုအသင်း တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ
၄ ကြိမ်သာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပါတယ်။ အဲ့ဒီ ၄ ပွဲမှာ စပိန်ကလပ် အက်သ
လက်တီကို က ၂ ပွဲအထိ အနိုင်ရခဲ့ပြီး ၂ ပွဲကတော့ သရေရလဒ်ထွက်ပေါ်ထား
ပါတယ်။
အက်သလက်တီကို နဲ့ ရင်ဆိုင်ကစားရမယ့်အပေါ် ကလော့ပ် က “ မက်ဒရစ် မှာ
နောက်ဆုံးကစားခဲ့တဲ့ ပွဲတုန်းက ကျွန်တော်တို့ ကောင်းမွန်စွာ မကစားနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ သူတို့အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ အများကြီး ကျွန်တော်တို့
သင်ယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာ တီကို က ကစားသမားအချို့ကို အပြောင်းအလဲ
လုပ်ထားပေမဲ့ အားနည်းသွားတာတော့ မရှိပါဘူး “ လို့ သတင်းစာရှင်းလင်းပွဲမှာ
ပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် ကလော့ပ် က အက်သလက်တီကို နဲ့ ရင်ဆိုင်ရာမှာ ရဲရင့်စွာနဲ့ အကောင်း
ဆုံးကစားကြဖို့ လီဗာပူးလ်ကစားသမားတွေကို တိုက်တွန်းခဲ့ပြီး သူပြောသလို
မကစားနိုင်ရင်တော့ တီကို ရဲ့ အနိုင်ယူခြင်းကို ခံရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
Zawgyi
လီဗာပူးလ္အသင္းနည္းျပ ယာဂန္ကေလာ့ပ္ က ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစား
ရမယ့္ စပိန္ကလပ္ အက္သလက္တီကို အသင္းနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕အျမင္ကို
ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ခံစစ္ပိတ္ေဆာ့တဲ့ အသင္းေတြကို မၾကာခဏေဝဖန္
ေလ့ရွိတဲ့ ကေလာ့ပ္ ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ရင္ဆိုင္ေတြ႕ေနတဲ့
အက္သလက္တီအသင္းရဲ႕ ကစားပုံကိုလည္း ေဝဖန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အာဂ်င္တီးနားႏိုင္ငံသား နည္းျပ ဆီႁမြန္နီ ရဲ႕အက္သလက္တီအသင္းနဲ႔ ပတ္သက္
ၿပီး ကေလာ့ပ္ က “ သူတို႔အသင္းရဲ႕ လုပ္ေဆာင္မႈေတြအေပၚ ကြၽန္ေတာ္မေလးစား
ပဲ မေနႏိုင္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္က သူတို႔အသင္းရဲ႕ ကစားပုံနဲ႔မတူတဲ့ကစား
ပုံမ်ိဳးကိုပဲ ပိုၿပီးသေဘာက်ပါတယ္။ တျခားနည္းျပေတြဆီမွာလည္း သူတို႔
သေဘာက်တဲ့ မတူညီတဲ့ ကစားပုံေတြရွိၾကပါတယ္။ ဘယ္သူကမွ မႀကိဳက္တဲ့
ကစားပုံ ၊ ေအာင္ျမင္မႈရဖို႔ကိုပဲ အဓိကထားတဲ့ ကစားပုံ ဆိုတာ အက္သလက္
တီကို အသင္းရဲ႕ ကစားပုံပဲဆိုတာ ေသခ်ာပါတယ္ “ လို႔ သတင္းစာရွင္းလင္းပြဲမွာ
ေျပာဆိုခဲ့ပါတယ္။
လီဗာပူးလ္အသင္းနဲ႔ အက္သလက္တီကိုအသင္း တို႔ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ
၄ ႀကိမ္သာ ထိပ္တိုက္ေတြ႕ဆုံခဲ့ဖူးပါတယ္။ အဲ့ဒီ ၄ ပြဲမွာ စပိန္ကလပ္ အက္သ
လက္တီကို က ၂ ပြဲအထိ အႏိုင္ရခဲ့ၿပီး ၂ ပြဲကေတာ့ သေရရလဒ္ထြက္ေပၚထား
ပါတယ္။
အက္သလက္တီကို နဲ႔ ရင္ဆိုင္ကစားရမယ့္အေပၚ ကေလာ့ပ္ က “ မက္ဒရစ္ မွာ
ေနာက္ဆုံးကစားခဲ့တဲ့ ပြဲတုန္းက ကြၽန္ေတာ္တို႔ ေကာင္းမြန္စြာ မကစားႏိုင္ခဲ့ပါဘူး။
ဒါေပမဲ့ သူတို႔အသင္းနဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ ၂ ပြဲမွာ အမ်ားႀကီး ကြၽန္ေတာ္တို႔
သင္ယူႏိုင္ခဲ့ပါတယ္။ အခုခ်ိန္မွာ တီကို က ကစားသမားအခ်ိဳ႕ကို အေျပာင္းအလဲ
လုပ္ထားေပမဲ့ အားနည္းသြားတာေတာ့ မရွိပါဘူး “ လို႔ သတင္းစာရွင္းလင္းပြဲမွာ
ေျပာဆိုခဲ့ပါေသးတယ္။
ဒါ့အျပင္ ကေလာ့ပ္ က အက္သလက္တီကို နဲ႔ ရင္ဆိုင္ရာမွာ ရဲရင့္စြာနဲ႔ အေကာင္း
ဆုံးကစားၾကဖို႔ လီဗာပူးလ္ကစားသမားေတြကို တိုက္တြန္းခဲ့ၿပီး သူေျပာသလို
မကစားႏိုင္ရင္ေတာ့ တီကို ရဲ႕ အႏိုင္ယူျခင္းကို ခံရလိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။