တီကိုသာဈေးမကိုင်ရင် ဂျာအိုဖိလစ်ကို တန်ဟတ်က အိုးလ်ထရက်ဖို့ဒ်အရောက်ခေါ်ယူဖို့ စီစဉ်ခဲ့တယ်

ယူနိုက်တက်နည်းပြတန်ဟတ်ဟာ ရော်နယ်ဒိုအသင်းကနေ

ထွက်ခွာခဲ့ပြီးတဲ့နောက် ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးတစ်ယောက်ကို

အိုးလ်ထရက်ဖို့ဒ်အရောက်ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့တယ်လို့

စပိန်သတင်းစာ Relovo ကဖော်ပြလိုက်ပါတယ်။ နည်းပြဆီမြွန်နီနဲ့

အဆင်မပြေဖြစ်နေတဲ့ ဂျာအိုဖိလစ်ကို အသင်းပြောင်းရွှေ့နိုင်ဖို့အတွက်

အေးဂျင့်ဂျော့မန်ဒက်စ်က အထူးတလှယ်ကြိုးစားပေးခဲ့ပြီး တီကိုအသင်း

အမှုဆောင်ချုပ်ဖြစ်တဲ့ ဂေးလ်မာရင်နဲ့ မက်ဒရစ်ရဲ့နာမည်ကြီး

စားသောက်ဆိုင်ဖြစ်တဲ့ Aarde မှာတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

တီကိုဘက်ကတော့ ဖိလစ်ကို ၂၀၁၉ ခုနှစ်မှာ အလောင်းအစားဆန်တဲ့

အပြောင်းအရွှေ့အဖြစ် ပေါင် ၁၁၃ သန်း အကုန်အကျခံခေါ်ယူခဲ့တာကြောင့်

သူ့ရဲ့အပြောင်းအရွှေ့မှာ ဂရုတစိုက်ဆောင်ရွက်ချင်နေတာပါ။

“သူ့ကိုခေါ်ယူခြင်းက ကလပ်အသင်းသမိုင်းမှာ အကြီးမားဆုံးသော

အလောင်းအစားဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မီတိုက်စစ်မှူးလို့ထင်ပါတယ်။

ဒါပေမဲ့ နည်းပြနဲ့ဆက်ဆံရေး၊ သူ့ရဲ့ကစားချိန်၊ စိတ်အား

ထက်သန်မှုတွေကြောင့် တစ်စုံတစ်ယောက်ရောက်လာရင်

ရွေးချယ်ခွင့်တစ်ခုကိုခွဲခြမ်းစိတ်ဖြာခြင်းက ကျိုးကြောင်း

ဆီလျော်ပါတယ်။ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ အတွေးက

ကျိုးကြောင်းဆီလျော်ပါတယ်။ သူဆက်နေတာကို

ကျွန်တော်သဘောကျတယ်။ ဒါပေမဲ့ ကစားသမားရဲ့

အစီအစဉ်ကတော့ ဒီလိုမဟုတ်ပါဘူး” လို့ တီကို အမှုဆောင်ချုပ်က

ဆိုပါတယ်။ ယူနိုက်တက်ကတော့ ဂျာအိုဖိလစ်ကိုအငှား

ခေါ်ယူဖို့အတွက် ပေါင် ၃.၅ သန်းနဲ့ကမ်းလှမ်းခဲ့ပြီး

စပိန်ကလပ်ကတော့ ပေါင် ၁၁ သန်းအထိအလိုရှိခဲ့တာကြောင့်

အတော်လေးအလှမ်းကွာခဲ့တာဖြစ်တယ်။ တစ်ချိန်တည်းမှာ

စပိန်ဘောလုံးပွဲဝေဖန်တက်ဆက်သူ ဂျူလီယိုပူလီဒိုက ဆီမြွန်နီနဲ့

ဂျာအိုဖိလစ်တို့ကြား တင်းမာမှုကမြင့်တက်လာတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

တီကိုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကတော့ ပုံမှန်ထက်နည်းပါးတဲ့

ငွေကြေးနဲ့ထွက်ခွာသွားတာကိုမြင်လိုနေကြပါတယ်။

ဒီလိုအချိန်မှာ ယူနိုက်တက်နည်းပြ တန်ဟတ်က ဂျာအိုဖိလစ်ကို

သေချာပေါက်ခေါ်ယူဖို့ချိတ်ဆက်ခဲ့ပေမဲ့ တီကိုရဲ့ငွေကြေးပိုင်း

ရယူလိုမှုကြောင့် နောက်ဆုတ်ထားတာဖြစ်တယ်။

zawgyi

တီကိုသာေဈးမကိုင္ရင္ ဂ်ာအိုဖိလစ္ကို တန္ဟတ္က အိုးလ္ထရက္ဖို႔ဒ္အေရာက္ေခၚယူဖို႔ စီစဥ္ခဲ့တယ္

ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ ေရာ္နယ္ဒိုအသင္းကေန

ထြက္ခြာခဲ့ၿပီးတဲ့ေနာက္ ကမာၻ႔အဆင့္မီတိုက္စစ္မႉးတစ္ေယာက္ကို

အိုးလ္ထရက္ဖို႔ဒ္အေရာက္ေခၚယူဖို႔ စိတ္အားထက္သန္ခဲ့တယ္လို႔

စပိန္သတင္းစာ Relovo ကေဖာ္ျပလိုက္ပါတယ္။ နည္းျပဆီႁမြန္နီနဲ႔

အဆင္မေျပျဖစ္ေနတဲ့ ဂ်ာအိုဖိလစ္ကို အသင္းေျပာင္းေ႐ႊ႕ႏိုင္ဖို႔အတြက္

ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္က အထူးတလွယ္ႀကိဳးစားေပးခဲ့ၿပီး တီကိုအသင္း

အမႈေဆာင္ခ်ဳပ္ျဖစ္တဲ့ ေဂးလ္မာရင္နဲ႔ မက္ဒရစ္ရဲ႕နာမည္ႀကီး

စားေသာက္ဆိုင္ျဖစ္တဲ့ Aarde မွာေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

တီကိုဘက္ကေတာ့ ဖိလစ္ကို ၂၀၁၉ ခုႏွစ္မွာ အေလာင္းအစားဆန္တဲ့

အေျပာင္းအေ႐ႊ႕အျဖစ္ ေပါင္ ၁၁၃ သန္း အကုန္အက်ခံေခၚယူခဲ့တာေၾကာင့္

သူ႔ရဲ႕အေျပာင္းအေ႐ႊ႕မွာ ဂ႐ုတစိုက္ေဆာင္႐ြက္ခ်င္ေနတာပါ။

“သူ႔ကိုေခၚယူျခင္းက ကလပ္အသင္းသမိုင္းမွာ အႀကီးမားဆုံးေသာ

အေလာင္းအစားျဖစ္ပါတယ္။ ကမာၻ႔အဆင့္မီတိုက္စစ္မႉးလို႔ထင္ပါတယ္။

ဒါေပမဲ့ နည္းျပနဲ႔ဆက္ဆံေရး၊ သူ႔ရဲ႕ကစားခ်ိန္၊ စိတ္အား

ထက္သန္မႈေတြေၾကာင့္ တစ္စုံတစ္ေယာက္ေရာက္လာရင္

ေ႐ြးခ်ယ္ခြင့္တစ္ခုကိုခြဲျခမ္းစိတ္ျဖာျခင္းက က်ိဳးေၾကာင္း

ဆီေလ်ာ္ပါတယ္။ ထြက္ခြာသြားႏိုင္တယ္ဆိုတဲ့ အေတြးက

က်ိဳးေၾကာင္းဆီေလ်ာ္ပါတယ္။ သူဆက္ေနတာကို

ကြၽန္ေတာ္သေဘာက်တယ္။ ဒါေပမဲ့ ကစားသမားရဲ႕

အစီအစဥ္ကေတာ့ ဒီလိုမဟုတ္ပါဘူး” လို႔ တီကို အမႈေဆာင္ခ်ဳပ္က

ဆိုပါတယ္။ ယူႏိုက္တက္ကေတာ့ ဂ်ာအိုဖိလစ္ကိုအငွား

ေခၚယူဖို႔အတြက္ ေပါင္ ၃.၅ သန္းနဲ႔ကမ္းလွမ္းခဲ့ၿပီး

စပိန္ကလပ္ကေတာ့ ေပါင္ ၁၁ သန္းအထိအလိုရွိခဲ့တာေၾကာင့္

အေတာ္ေလးအလွမ္းကြာခဲ့တာျဖစ္တယ္။ တစ္ခ်ိန္တည္းမွာ

စပိန္ေဘာလုံးပြဲေဝဖန္တက္ဆက္သူ ဂ်ဴလီယိုပူလီဒိုက ဆီႁမြန္နီနဲ႔

ဂ်ာအိုဖိလစ္တို႔ၾကား တင္းမာမႈကျမင့္တက္လာတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

တီကိုရဲ႕ ဒါ႐ိုက္တာအဖြဲ႕ဝင္ေတြကေတာ့ ပုံမွန္ထက္နည္းပါးတဲ့

ေငြေၾကးနဲ႔ထြက္ခြာသြားတာကိုျမင္လိုေနၾကပါတယ္။

ဒီလိုအခ်ိန္မွာ ယူႏိုက္တက္နည္းျပ တန္ဟတ္က ဂ်ာအိုဖိလစ္ကို

ေသခ်ာေပါက္ေခၚယူဖို႔ခ်ိတ္ဆက္ခဲ့ေပမဲ့ တီကိုရဲ႕ေငြေၾကးပိုင္း

ရယူလိုမႈေၾကာင့္ ေနာက္ဆုတ္ထားတာျဖစ္တယ္။