တီကိုတို့အတွက် အိပ်မက်ဆိုး စီရော်နယ်ဒို

စီရော်နယ်ဒိုနဲ့မန်ယူအသင်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အတွက်

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ကို ရောက်ရှိနေကြပါပြီ။ အထူးသဖြင့် ရီးရဲလ်ကြယ်ပွင့်ဟောင်း

စီရော်နယ်ဒိုအတွက်တော့ မက်ဒရစ်မြေဟာ အောင်မြေလိုပါပဲ။ ဘာကြောင့်လဲဆို

အဲဒီမှာပဲ ရီးရဲလ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့သလို မြို့ခံပြိုင်ဘက်

အက်လသ်တီကိုကိုလည်း အမြဲလိုဒုက္ခပေးနိုင်ခဲ့တာပါ။

တကယ်တော့ အက်သလက်တီကိုဟာ သူ့ကစားသမားဘဝမှာ ပြိုင်ဘက်အနေနဲ့

ဘယ်အသင်းထက်မဆို ပိုတွေ့ခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ အတိအကျအဆိုရရင် ရီးရဲလ်မှာရော

ဂျူဗင်တပ်မှာပါကစားခဲ့စဉ်အတွင်း အက်သလက်တီကိုနဲ့ ၃၁ ပွဲကစားခဲ့တာပါ။

အက်သလက်တီကိုနဲ့ အဲဒီတွေ့ဆုံမှုတွေမှာ ၂၅ ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီထဲမှာ ဟက်ထရစ် ၄ ကြိမ်ပါဝင်ကာ

၉ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ၂၀၁၄ ကနေ ၂၀၁၉ အတွင်းမှာလည်း

အက်သလက်တီကိုရဲ့ချန်ပီယံလိဂ်မျှော်လင့်ချက်ကို ၅ ကြိမ်တိုင်အဆုံးသတ်ခဲ့ပါတယ်။

အထူးသဖြင့် လွန်ခဲ့တဲ့ ၃ နှစ်က ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ

အက်သလက်တီကိုနဲ့ ရင်ဆိုင်တွေ့တော့ သူဟာ ဆီမြွန်နီတို့အတွက် အိပ်မက်ဆိုးဆိုတာကို

အကောင်းဆုံးပြနိုင်ခဲ့တာပါ။ ပထအကျော့မက်ဒရစ်မြေမှာ သူ ရှားရှားပါးပါးခြေစွမ်းမပြနိုင်သလို

ဂျူဗင်တပ်လည်းရှုံးတော့ ပြိုင်ဘက်ပရိသတ်တွေရဲ့အညှာအတာကင်းတဲ့လှောင်ပြောင်မှုနဲ့

ကြုံခဲ့ရပါတယ်။ အဲဒီအချိန်မှာ စီရော်နယ်ဒိုက ရုပ်သံကင်မရာဘက်ကို လက်ငါးချောင်းထောင်ပြပြီး

ချန်ပီယံလိဂ်မှာ သူလောက်ဗိုလ်စွဲခဲ့တယ်ဆိုတာနဲ့ တုံ့ပြန်ခဲ့ပါတယ်။

တူရင်မှာကစားတဲ့ ဒုတိယအကျော့မှာတော့ သူဟာ ဟက်ထရစ်သွင်းပြီး အက်သလက်တီကိုကို

ပြိုင်ပွဲက မောင်းထုတ်နိုင်ခဲ့တာပါ။ ထူးခြားတာက စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ

အက်သလက်တီကိုနဲ့တွေ့ဆုံခဲ့တဲ့ ၅ ပွဲစလုံး ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုလည်း လုပ်နိုင်ခဲ့တာပါ။

Zawgyi

တီကိုတို႔အတြက္ အိပ္မက္ဆိုး စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုနဲ႔မန္ယူအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္အတြက္

စပိန္ႏိုင္ငံ၊ မက္ဒရစ္ၿမိဳ႕ကို ေရာက္ရွိေနၾကပါၿပီ။ အထူးသျဖင့္ ရီးရဲလ္ၾကယ္ပြင့္ေဟာင္း

စီေရာ္နယ္ဒိုအတြက္ေတာ့ မက္ဒရစ္ေျမဟာ ေအာင္ေျမလိုပါပဲ။ ဘာေၾကာင့္လဲဆို

အဲဒီမွာပဲ ရီးရဲလ္သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ခဲ့သလို ၿမိဳ႕ခံၿပိဳင္ဘက္

အက္လသ္တီကိုကိုလည္း အၿမဲလိုဒုကၡေပးႏိုင္ခဲ့တာပါ။

တကယ္ေတာ့ အက္သလက္တီကိုဟာ သူ႔ကစားသမားဘဝမွာ ၿပိဳင္ဘက္အေနနဲ႔

ဘယ္အသင္းထက္မဆို ပိုေတြ႕ခဲ့ရတဲ့အသင္းျဖစ္ပါတယ္။ အတိအက်အဆိုရရင္ ရီးရဲလ္မွာေရာ

ဂ်ဴဗင္တပ္မွာပါကစားခဲ့စဥ္အတြင္း အက္သလက္တီကိုနဲ႔ ၃၁ ပြဲကစားခဲ့တာပါ။

အက္သလက္တီကိုနဲ႔ အဲဒီေတြ႕ဆုံမႈေတြမွာ ၂၅ ဂိုးသြင္းႏိုင္ခဲ့ၿပီး အဲဒီထဲမွာ ဟက္ထရစ္ ၄ ႀကိမ္ပါဝင္ကာ

၉ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္ဒိုဟာ ၂၀၁၄ ကေန ၂၀၁၉ အတြင္းမွာလည္း

အက္သလက္တီကိုရဲ႕ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ကို ၅ ႀကိမ္တိုင္အဆုံးသတ္ခဲ့ပါတယ္။

အထူးသျဖင့္ လြန္ခဲ့တဲ့ ၃ ႏွစ္က ဂ်ဴဗင္တပ္နဲ႔အတူ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ

အက္သလက္တီကိုနဲ႔ ရင္ဆိုင္ေတြ႕ေတာ့ သူဟာ ဆီႁမြန္နီတို႔အတြက္ အိပ္မက္ဆိုးဆိုတာကို

အေကာင္းဆုံးျပႏိုင္ခဲ့တာပါ။ ပထအေက်ာ့မက္ဒရစ္ေျမမွာ သူ ရွားရွားပါးပါးေျခစြမ္းမျပႏိုင္သလို

ဂ်ဴဗင္တပ္လည္းရႈံးေတာ့ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕အညႇာအတာကင္းတဲ့ေလွာင္ေျပာင္မႈနဲ႔

ႀကဳံခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာ စီေရာ္နယ္ဒိုက ႐ုပ္သံကင္မရာဘက္ကို လက္ငါးေခ်ာင္းေထာင္ျပၿပီး

ခ်န္ပီယံလိဂ္မွာ သူေလာက္ဗိုလ္စြဲခဲ့တယ္ဆိုတာနဲ႔ တုံ႔ျပန္ခဲ့ပါတယ္။

တူရင္မွာကစားတဲ့ ဒုတိယအေက်ာ့မွာေတာ့ သူဟာ ဟက္ထရစ္သြင္းၿပီး အက္သလက္တီကိုကို

ၿပိဳင္ပြဲက ေမာင္းထုတ္ႏိုင္ခဲ့တာပါ။ ထူးျခားတာက စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ

အက္သလက္တီကိုနဲ႔ေတြ႕ဆုံခဲ့တဲ့ ၅ ပြဲစလုံး ဂိုးလည္းသြင္း၊ ဂိုးဖန္တီးမႈလည္း လုပ္ႏိုင္ခဲ့တာပါ။