
နည်းပြဆီမြွန်နီဟာ ရာသီကုန်မှာ တီကိုကနေထွက်ခွာတော့မယ်လို့





သတင်းထွက်ပေါ်လာခဲ့ပြီးနောက် သူ့ရဲ့နောက်ထပ်ခြေလှမ်းက
ပရီးမီးယားလိဂ်ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၁ မှာ တီကို ကို





စတင်ကိုင်တွယ်ခဲ့တဲ့ ဆီမြွန်နီဟာ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ရဲ့
စပိန်ဘောလုံးလောကလွှမ်းမိုးမှုကြားမှာ မယုံကြည်နိုင်လောက်အောင်
စွမ်းဆောင်ပြခဲ့သူဖြစ်တယ်။ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ရဲ့





မတည်ငြိမ်မှုတွေကြားမှာ လာလီဂါချန်ပီယံဆုကို ၂ကြိမ်တိုင်
ရယူပြခဲ့တဲ့ ဆီမြွန်နီရဲ့ ခံစစ်အသေနည်းစနစ်က တကယ့်ကို





အံ့မခန်းအောင်မြင်ခဲ့တာပါ။ လာလီဂါသရဖူအပြင် တီကိုနဲ့အတူ
ယူရိုပါလိဂ် ၂ကြိမ်နဲ့ ကိုပါဒယ်လ်ရေးဖလားအပါအဝင်
ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ကြိမ် တက်အောင်စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။





ဒီရာသီမှာတော့ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၅နေရာမှာသာ
ရပ်တည်နေပြီး အာဂျင်တိုင်းသားဟာ မက်ဒရစ်မြေမှာ





နေထိုင်ရတာ အီသွားပုံရပါတယ်။ စပိန်တီဗီရှိုးအစီအစဉ်
တစ်ခုဖြစ်တဲ့ El Chiringuito ရဲ့အဆိုအရတော့ တီကိုနဲ့
၂၀၂၄ အထိစာချုပ်သက်တမ်းရှိတဲ့ ဆီမြွန်နီဟာ အသင်းကနေ





ထွက်ခွာဖို့စဉ်းစားနေပြီလို့ သိရပါတယ်။ အစောပိုင်းကာလတွေမှာ
အင်တာမီလန်ကိုပြောင်းရွှေ့ဖို့ချိတ်ဆက်ခဲ့သလို ပရီးမီးယားလိဂ်





အသင်းတွေနဲ့လေသံထွက်ခဲ့ပါသေးတယ်။ ယူနိုက်တက်ကို
တန်ဟတ် ရောက်မလာခင်မှာ ကွင်းလယ်လူဟောင်းရွိုင်ကိန်းက
ဆီမြွန်နီကိုခေါ်ယူဖို့အကြံပေးခဲ့ပါသေးတယ်။ သူနဲ့အတူ





တီကိုမှာလက်တွဲခဲ့ဖူးတဲ့ လက်ရှိနယူးကာဆယ်ညာနောက်ခံလူ
ထရစ်ပီယာကလည်း ပရီးမီးယားလိဂ်ကိုလာရောက်ဖို့





အကြံပေးခဲ့ပါတယ်။ “သူ့ကို ပရီးမီးယားလိဂ်မှာမြင်တွေ့ခွင့်ရရင်တော့
သဘောကျစရာပါ၊ မယုံနိုင်စရာဖြစ်လိမ့်မယ်လို့ထင်ပါတယ်။
ကျွန်တော့်အတွက်တော့ သူကမယုံနိုင်စရာပါ။ ကျွန်တော်ဘယ်လို





ကစားတတ်တယ်ဆိုတာ သူသိပါတယ်။ သူက ကျွန်တော့်ရဲ့
ခံစစ်ကစားပုံကိုပြောင်းလဲပေးခဲ့တယ်။ ကျွန်တော့်ရဲ့ ဂိမ်းနဲ့





တစ်ဦးချင်းအလုပ်လုပ်ပုံတွေကိုပြောင်းလဲဖို့ သူ့ဆီကသင်ယူခဲ့ရတယ်။
သူ့ရဲ့စီမံခန့်ခွဲနိုင်မှုက မယုံနိုင်စရာပါ။ မက်ဒရစ်မှာရှိတဲ့ La Finca လို့
ခေါ်တဲ့ခြံဝန်းတစ်ခုမှာ ကျွန်တော်တို့နေထိုင်ခဲ့ကြတယ်။





ရေကန်တွေ လယ်ကွင်းတွေရှိပြီး စိန့်ဂျော့ပါ့ခ် လိုပုံစံပါပဲ။
သူက အဲ့ဒီမှာလမ်းလျှောက်ရင်းစကားပြောဖို့ကြိုးစားလိမ့်မယ်။





သူ့ဇနီးက အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်တယ်။
တစ်နေ့ အင်္ဂလန်ကိုရောက်နိုင်လား။ ဒါကို ကျွန်တော်
မြင်ချင်လိုက်တာ” လို့ ထရစ်ပီယာက ပြောဆိုခဲ့ပါတယ်။





ဆီမြွန်နီသာ အင်္ဂလန်ရောက်လာရင်တော့ ပရီးမီးယားလိဂ်က
ပိုပြီး အရောင်အသွေးစုံတဲ့ပြိုင်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်။





zawgyi
တီကိုကေနထြက္ခြာမယ့္ လူၾကမ္းႀကီးဆီႁမြန္နီ ပရီးမီးယားလိဂ္ကို မီးလာရႈိ႕ေတာ့မယ္
နည္းျပဆီႁမြန္နီဟာ ရာသီကုန္မွာ တီကိုကေနထြက္ခြာေတာ့မယ္လို႔





သတင္းထြက္ေပၚလာခဲ့ၿပီးေနာက္ သူ႔ရဲ႕ေနာက္ထပ္ေျခလွမ္းက
ပရီးမီးယားလိဂ္ျဖစ္တယ္လို႔ သိရပါတယ္။ ၂၀၁၁ မွာ တီကို ကို





စတင္ကိုင္တြယ္ခဲ့တဲ့ ဆီႁမြန္နီဟာ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔ရဲ႕
စပိန္ေဘာလုံးေလာကလႊမ္းမိုးမႈၾကားမွာ မယုံၾကည္ႏိုင္ေလာက္ေအာင္
စြမ္းေဆာင္ျပခဲ့သူျဖစ္တယ္။ ရီးရဲလ္နဲ႔ ဘာစီလိုနာတို႔ရဲ႕





မတည္ၿငိမ္မႈေတြၾကားမွာ လာလီဂါခ်န္ပီယံဆုကို ၂ႀကိမ္တိုင္
ရယူျပခဲ့တဲ့ ဆီႁမြန္နီရဲ႕ ခံစစ္အေသနည္းစနစ္က တကယ့္ကို





အံ့မခန္းေအာင္ျမင္ခဲ့တာပါ။ လာလီဂါသရဖူအျပင္ တီကိုနဲ႔အတူ
ယူ႐ိုပါလိဂ္ ၂ႀကိမ္နဲ႔ ကိုပါဒယ္လ္ေရးဖလားအပါအဝင္
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၂ႀကိမ္ တက္ေအာင္စြမ္းေဆာင္ျပႏိုင္ခဲ့ပါတယ္။





ဒီရာသီမွာေတာ့ လာလီဂါအမွတ္ေပးဇယားရဲ႕ အဆင့္ ၅ေနရာမွာသာ
ရပ္တည္ေနၿပီး အာဂ်င္တိုင္းသားဟာ မက္ဒရစ္ေျမမွာ





ေနထိုင္ရတာ အီသြားပုံရပါတယ္။ စပိန္တီဗီရႈိးအစီအစဥ္
တစ္ခုျဖစ္တဲ့ El Chiringuito ရဲ႕အဆိုအရေတာ့ တီကိုနဲ႔
၂၀၂၄ အထိစာခ်ဳပ္သက္တမ္းရွိတဲ့ ဆီႁမြန္နီဟာ အသင္းကေန





ထြက္ခြာဖို႔စဥ္းစားေနၿပီလို႔ သိရပါတယ္။ အေစာပိုင္းကာလေတြမွာ
အင္တာမီလန္ကိုေျပာင္းေ႐ႊ႕ဖို႔ခ်ိတ္ဆက္ခဲ့သလို ပရီးမီးယားလိဂ္





အသင္းေတြနဲ႔ေလသံထြက္ခဲ့ပါေသးတယ္။ ယူႏိုက္တက္ကို
တန္ဟတ္ ေရာက္မလာခင္မွာ ကြင္းလယ္လူေဟာင္း႐ြိဳင္ကိန္းက
ဆီႁမြန္နီကိုေခၚယူဖို႔အႀကံေပးခဲ့ပါေသးတယ္။ သူနဲ႔အတူ





တီကိုမွာလက္တြဲခဲ့ဖူးတဲ့ လက္ရွိနယူးကာဆယ္ညာေနာက္ခံလူ
ထရစ္ပီယာကလည္း ပရီးမီးယားလိဂ္ကိုလာေရာက္ဖို႔





အႀကံေပးခဲ့ပါတယ္။ “သူ႔ကို ပရီးမီးယားလိဂ္မွာျမင္ေတြ႕ခြင့္ရရင္ေတာ့
သေဘာက်စရာပါ၊ မယုံႏိုင္စရာျဖစ္လိမ့္မယ္လို႔ထင္ပါတယ္။
ကြၽန္ေတာ့္အတြက္ေတာ့ သူကမယုံႏိုင္စရာပါ။ ကြၽန္ေတာ္ဘယ္လို





ကစားတတ္တယ္ဆိုတာ သူသိပါတယ္။ သူက ကြၽန္ေတာ့္ရဲ႕
ခံစစ္ကစားပုံကိုေျပာင္းလဲေပးခဲ့တယ္။ ကြၽန္ေတာ့္ရဲ႕ ဂိမ္းနဲ႔





တစ္ဦးခ်င္းအလုပ္လုပ္ပုံေတြကိုေျပာင္းလဲဖို႔ သူ႔ဆီကသင္ယူခဲ့ရတယ္။
သူ႔ရဲ႕စီမံခန႔္ခြဲႏိုင္မႈက မယုံႏိုင္စရာပါ။ မက္ဒရစ္မွာရွိတဲ့ La Finca လို႔
ေခၚတဲ့ၿခံဝန္းတစ္ခုမွာ ကြၽန္ေတာ္တို႔ေနထိုင္ခဲ့ၾကတယ္။





ေရကန္ေတြ လယ္ကြင္းေတြရွိၿပီး စိန႔္ေဂ်ာ့ပါ့ခ္ လိုပုံစံပါပဲ။
သူက အဲ့ဒီမွာလမ္းေလွ်ာက္ရင္းစကားေျပာဖို႔ႀကိဳးစားလိမ့္မယ္။





သူ႔ဇနီးက အဂၤလိပ္လိုေကာင္းေကာင္းေျပာႏိုင္တယ္။
တစ္ေန႔ အဂၤလန္ကိုေရာက္ႏိုင္လား။ ဒါကို ကြၽန္ေတာ္
ျမင္ခ်င္လိုက္တာ” လို႔ ထရစ္ပီယာက ေျပာဆိုခဲ့ပါတယ္။





ဆီႁမြန္နီသာ အဂၤလန္ေရာက္လာရင္ေတာ့ ပရီးမီးယားလိဂ္က
ပိုၿပီး အေရာင္အေသြးစုံတဲ့ၿပိဳင္ပြဲတစ္ခုျဖစ္လာႏိုင္ပါတယ္။