တိုနေးဟာကမ္ဘာ့အကောင်းဆုံးပင်နယ်တီကန်သွင်းသူတွေထဲကတစ်ယောက်တဲ့လား …လေ့ကျင့်ရေးမှာ ၅လုံးဆက်တိုက်လွဲဖူးတယ်

သောကြာညကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ ပင်နယ်တီတစ်ကြိမ်အပါအဝင် ဘရန်ဖို့ဒ်အတွက် သွင်းဂိုး ၂ဂိုးရယူပေးခဲ့တဲ့ တိုက်စစ်မှူးတိုနေးကို ကမ္ဘာ့အကောင်းဆုံး ပင်နယ်တီကန်သွင်းသူတွေထဲကတစ်ယောက်အဖြစ် အားလုံးကဝိုင်းဝန်းချီးကျူးနေပါတယ်။

အသက် ၂၆နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ဘရန်ဖို့ဒ်ကစားသမားဘ၀ ပင်နယ်တီကန်ချက်အကြိမ် ၂၀လုံးကို ဂိုးဝင်အောင်ကန်သွင်းထားနိုင်သူဖြစ်တယ်။

ဗြိတိန်ရဲ့နာမည်ကျော်ဘောလုံးပွဲဝေဖန်သူအားလုံးက တိုနေးရဲ့ပင်နယ်တီကန်ချက် တွေကို သဘောကျနေသလို သူနဲ့ပတ်သတ်လို့ ဘရန်ဖို့ဒ်နည်းပြသောမက်ဖရန့်ဇ်ကို မေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။

Sky Sport ရုပ်သံအစီအစဉ်မှာ တိုနေးပင်နယ်တီလွဲ တာမြင်ဖူးလားဆိုတဲ့ ကာရေဂါရဲ့အမေးကိုတော့ သောမက်ဖရန့်ဇ်က “ဟုတ်တယ်။ တစ်ခါတလေပေါ့။

ပြီးခဲ့တဲ့နှစ်လေ့ကျင့်ရေးမှာ အသင်းရဲ့ဒုတိယဦးစားပေးဂိုးသမားကို ပထမဆုံးပင်နယ်တီကန်ချက်တစ်ကြိမ်လွဲခဲ့တော့ အသင်းဖော်တွေအားလုံးရူးသွပ်သွားကြပါတယ်။

ဒုတိယအကြိမ်၊ တတိအကြိမ်နဲ့ စတုတ္ထအကြိမ်ကန်ပြီး ဆက်တိုက်လွဲတော့ မဖြစ်နိုင်လောက်ဘူးဆိုပြီး ဖိနပ်သွားလဲလိုက်ပါတယ်။ အသစ် ပုံစံနဲ့ပဉ္စမအကြိမ်ကန်တော့ ထပ်လွဲပြန်ပါတယ်” လို့ ရယ်မောစွာဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ တိုနေးဟာခေါင်းအေးတဲ့ကစားသမားဖြစ်သလို နေ့စဉ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံးပင်နယ်တီကန်သွင်းသူတွေထဲကတစ်ယောက် ဖြစ်ပါတယ်လို့ သောမက်ဖရန့်ဇ်က ပြန်လည်ချီးကျူးခဲ့ပါတယ်။

တိုနေးဟာ ဒီရာသီမှာ ဘရန်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် ၈ဂိုးသွင်းပေးထားပြီး ဂျာမနီနဲ့နိုင်ငံတကာရက်သတ္တပတ်မှာ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းထဲ ရွေးချယ်ခံခဲ့ရပါတယ်။

(Zawgyi)

တိုေနးဟာကမာၻ႔အေကာင္းဆုံးပင္နယ္တီကန္သြင္းသူေတြထဲကတစ္ေယာက္တဲ့လား …ေလ့က်င့္ေရးမွာ ၅လုံးဆက္တိုက္လြဲဖူးတယ္

ေသာၾကာညကစားခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ ပင္နယ္တီတစ္ႀကိမ္အပါအဝင္ ဘရန္ဖို႔ဒ္အတြက္ သြင္းဂိုး ၂ဂိုးရယူေပးခဲ့တဲ့ တိုက္စစ္မႉးတိုေနးကို ကမာၻ႔အေကာင္းဆုံး ပင္နယ္တီကန္သြင္းသူေတြထဲကတစ္ေယာက္အျဖစ္ အားလုံးကဝိုင္းဝန္းခ်ီးက်ဴးေနပါတယ္။

အသက္ ၂၆ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးဟာ ဘရန္ဖို႔ဒ္ကစားသမားဘ၀ ပင္နယ္တီကန္ခ်က္အႀကိမ္ ၂၀လုံးကို ဂိုးဝင္ေအာင္ကန္သြင္းထားႏိုင္သူျဖစ္တယ္။

ၿဗိတိန္ရဲ႕နာမည္ေက်ာ္ေဘာလုံးပြဲေဝဖန္သူအားလုံးက တိုေနးရဲ႕ပင္နယ္တီကန္ခ်က္ ေတြကို သေဘာက်ေနသလို သူနဲ႔ပတ္သတ္လို႔ ဘရန္ဖို႔ဒ္နည္းျပေသာမက္ဖရန႔္ဇ္ကို ေမးျမန္းမႈေတြလုပ္ခဲ့ပါတယ္။

Sky Sport ႐ုပ္သံအစီအစဥ္မွာ တိုေနးပင္နယ္တီလြဲ တာျမင္ဖူးလားဆိုတဲ့ ကာေရဂါရဲ႕အေမးကိုေတာ့ ေသာမက္ဖရန႔္ဇ္က “ဟုတ္တယ္။ တစ္ခါတေလေပါ့။

ၿပီးခဲ့တဲ့ႏွစ္ေလ့က်င့္ေရးမွာ အသင္းရဲ႕ဒုတိယဦးစားေပးဂိုးသမား ကို ပထမဆုံးပင္နယ္တီကန္ခ်က္တစ္ႀကိမ္လြဲခဲ့ေတာ့ အသင္းေဖာ္ေတြအားလုံး႐ူး သြပ္သြားၾကပါတယ္။

ဒုတိယအႀကိမ္၊ တတိအႀကိမ္နဲ႔ စတုတၳအႀကိမ္ကန္ၿပီး ဆက္တိုက္လြဲေတာ့ မျဖစ္ႏိုင္ေလာက္ဘူးဆိုၿပီး ဖိနပ္သြားလဲလိုက္ပါတယ္။ အသစ္ ပုံစံနဲ႔ပၪၥမအႀကိမ္ကန္ေတာ့ ထပ္လြဲျပန္ပါတယ္” လို႔ ရယ္ေမာစြာေျဖၾကားခဲ့ပါတယ္။

ဒါေပမဲ့ တိုေနးဟာေခါင္းေအးတဲ့ကစားသမားျဖစ္သလို ေန႔စဥ္ေလ့က်င့္မႈေတြျပဳလုပ္ ခဲ့တာေၾကာင့္ ကမာၻ႔အေကာင္းဆုံးပင္နယ္တီကန္သြင္းသူေတြထဲက တစ္ေယာက္ ျဖစ္ပါတယ္လို႔ ေသာမက္ဖရန႔္ဇ္က ျပန္လည္ခ်ီးက်ဴးခဲ့ပါတယ္။ တိုေနးဟာ ဒီရာသီမွာ ဘရန္ဖို႔ဒ္အတြက္ ပရီးမီးယားလိဂ္ ၈ဂိုးသြင္းေပးထားၿပီး ဂ်ာမနီနဲ႔ႏိုင္ငံတကာရက္သတၱပတ္မွာ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းထဲ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။