တိုင်ယိုဖျံနဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ နားကားသွားခဲ့တဲ့ နာမည်ကြီးကြက်တူရွေးအိုလီဗီရာ

ဂျာမနီနဲ့တွေ့ဆုံမှုမှာ ဂျပန်အနိုင်ရမယ်လို့ရွေးချယ်ပေးခဲ့တဲ့ တိုင်ယိုဖျံကတော့ ပရိသတ်တွေကြားမှာအတော်လေးရေပန်းစားလာခဲ့ပါပြီ။

အစောပိုင်းမှာတော့ ဂျပန်နိုင်ငံ Nasu Animal Kingdom မှာနေထိုင်တဲ့ အတတ်ဟောဆရာကြက်တူရွေးအိုလီဗီရာက

အထာကျတဲ့ရွေးချယ်မှုတွေနဲ့နာမည်ကြီးခဲ့ပေမဲ့ ဂျာမနီနဲ့ ဂျပန်တွေ့ဆုံမှုမှာ ဂျာမနီအလံကိုကိုက်ချီခဲ့တဲ့ သူ့ရဲ့ခန့်မှန်းချက်လွဲချော်သွားပါတယ်။ ဒီလိုအချိန်မှာတော့

ဂျပန်နိုင်ငံ Maxell Aqua Park က တိုင်ယိုဖျံဟာ ဂျပန်ကိုရွေးချယ်ပြီး ကြက်တူရွေးကိုအနိုင်ယူပြခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ဖျံကလေးအတွက် ရွေးချယ်စရာပုံးငယ် ၃ပုံး

ချပေးထားခဲ့ပြီး အပြာရောင်ပုံးက ဂျပန်၊ အလယ်က အဝါရောင်ပုံးကို သရေ၊ အနီရောင်ပုံးကိုတော့ဂျာမနီအဖြစ်သတ်မှတ်ထားခဲ့ပါတယ်။ တိုင်ယိုဖျံကရွေးချယ်မှုလုပ်ဖို့အတွက်အချိန်မဆွဲဘဲ

ဘောလုံးလေးကိုလက်နဲ့ကောင်ပြီး အပြာရောင်ပုံထဲကို ထည့်လိုက်ပါတယ်။ ဆရာကြီးရဲ့ ခန့်မှန်းချက်ကတော့ အံ့မခန်းပါပဲ။ ဂျာမနီက ဂန်ဒိုဂန်ရဲ့ သွင်းဂိုးနဲ့ဦးဆောင်ခဲ့ပြီး

ဂျပန်ကနောက်လိုက်အဖြစ်ကစားခဲ့ရပေမဲ့ အံ့မခန်းပြန်လာနိုင်ခဲ့တာဖြစ်တယ်။ ဂျပန်ကိုရွေးပေးခဲ့တဲ့ တိုင်ယိုဖျံကလည်း ပရိသတ်တွေကြားမှာအထူး ရေပန်းစားသွားခဲ့ပါတယ်။

ပရိသတ်တစ်ယောက်က “တိုင်ယိုဖျံကပိုပြီး ပရိုကျတဲ့ပညာရှင်ပါ။ ကြက်တူရွေးအိုလီဗီရာကတော့ အရှုံးသမားအရူးလို့” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ “ကြက်တူရွေးအိုလီဗီယာထက် တိုင်ယိုဖျံရဲ့ရွေးချယ်မှုတွေကိုသာအစဉ်တစိုက်စောင့်ကြည့်သွားတော့မယ်” လို့ ဆိုရှယ်မီဒီယာမှာ ချီးကျူးသွားခဲ့ပါတယ်။

(Zawgyi)

တိုင္ယိုဖ်ံနဲ႔ထိပ္တိုက္ေတြ႕ဆုံမႈမွာ နားကားသြားခဲ့တဲ့ နာမည္ႀကီးၾကက္တူေ႐ြးအိုလီဗီရာ

ဂ်ာမနီနဲ႔ေတြ႕ဆုံမႈမွာ ဂ်ပန္အႏိုင္ရမယ္လို႔ေ႐ြးခ်ယ္ေပးခဲ့တဲ့ တိုင္ယိုဖ်ံကေတာ့ ပရိသတ္ေတြၾကားမွာအေတာ္ေလးေရပန္းစားလာခဲ့ပါၿပီ။ အေစာပိုင္းမွာေတာ့

ဂ်ပန္ႏိုင္ငံ Nasu Animal Kingdom မွာေနထိုင္တဲ့ အတတ္ေဟာဆရာၾကက္တူေ႐ြးအိုလီဗီရာက အထာက်တဲ့ေ႐ြးခ်ယ္မႈေတြနဲ႔နာမည္ႀကီးခဲ့ေပမဲ့ ဂ်ာမနီနဲ႔ ဂ်ပန္ေတြ႕ဆုံမႈမွာ

ဂ်ာမနီအလံကိုကိုက္ခ်ီခဲ့တဲ့ သူ႔ရဲ႕ခန႔္မွန္းခ်က္လြဲေခ်ာ္သြားပါတယ္။ ဒီလိုအခ်ိန္မွာေတာ့ ဂ်ပန္ႏိုင္ငံ Maxell Aqua Park က တိုင္ယိုဖ်ံဟာ ဂ်ပန္ကိုေ႐ြးခ်ယ္ၿပီး ၾကက္တူေ႐ြးကိုအႏိုင္ယူျပခဲ့ပါတယ္။

ခ်စ္စရာေကာင္းတဲ့ ဖ်ံကေလးအတြက္ ေ႐ြးခ်ယ္စရာပုံးငယ္ ၃ပုံးခ်ေပးထားခဲ့ၿပီး အျပာေရာင္ပုံးက ဂ်ပန္၊ အလယ္ကအဝါေရာင္ပုံးကို သေရ၊ အနီေရာင္ပုံးကိုေတာ့ဂ်ာမနီအျဖစ္သတ္မွတ္ထားခဲ့ပါတယ္။

တိုင္ယိုဖ်ံကေ႐ြးခ်ယ္မႈလုပ္ဖို႔အတြက္အခ်ိန္မဆြဲဘဲ ေဘာလုံးေလးကိုလက္နဲ႔ေကာင္ၿပီး အျပာေရာင္ပုံထဲကိုထည့္လိုက္ပါတယ္။ ဆရာႀကီးရဲ႕ခန႔္မွန္းခ်က္ကေတာ့ အံ့မခန္းပါပဲ။ ဂ်ာမနီက

ဂန္ဒိုဂန္ရဲ႕သြင္းဂိုးနဲ႔ဦးေဆာင္ခဲ့ၿပီး ဂ်ပန္ကေနာက္လိုက္အျဖစ္ကစားခဲ့ရေပမဲ့အံ့မခန္းျပန္လာႏိုင္ခဲ့တာျဖစ္တယ္။ ဂ်ပန္ကိုေ႐ြးေပးခဲ့တဲ့ တိုင္ယိုဖ်ံကလည္း ပရိသတ္ေတြၾကားမွာအထူးေရပန္းစားသြားခဲ့ပါတယ္။

ပရိသတ္တစ္ေယာက္က “တိုင္ယိုဖ်ံကပိုၿပီး ပ႐ိုက်တဲ့ပညာရွင္ပါ။ ၾကက္တူေ႐ြးအိုလီဗီရာကေတာ့ အရႈံးသမားအ႐ူးလို႔” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့

“ၾကက္တူေ႐ြးအိုလီဗီယာထက္ တိုင္ယိုဖ်ံရဲ႕ေ႐ြးခ်ယ္မႈေတြကိုသာအစဥ္တစိုက္ေစာင့္ၾကည့္သြားေတာ့မယ္” လို႔ ဆိုရွယ္မီဒီယာမွာ ခ်ီးက်ဴးသြားခဲ့ပါတယ္။