တိုင်ပေကိုအနိုင်ယူပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွားတဲ့ ဗီယက်နမ်

ဗီယက်နမ်အမျိုးသမီးအသင်းဟာ Play-offs အဆင့်မှာ
တိုင်ပေကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီးနောက်
အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်
ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပါတယ်။
နှစ်သင်းစလုံး ကြံ့ခိုင်မှုအပိုင်းကို
ဦးစားပေးကစားသွားပြီး ဗီယက်နမ်က
ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို ချေပဂိုး
ပေးအရပြီး ၆ မိနစ်အကြာမှာပဲ
အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်၊ တိုင်ပေနဲ့ ထိုင်းအသင်းတို့ဟာ
အမျိုးသမီး အာရှဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်မှာ
ပြိုင်ဘက်တွေကို အသီးသီးအရေးနိမ့်ခဲ့ရပြီးနောက်
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အတွက် Play-offs အဖြစ်
ပတ်လည်ကစားခဲ့ရတာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ
တောင်ကိုရီးယားကို အရေးနိမ့်ခဲ့တဲ့ သြစတြေးလျအသင်းကတော့
၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲကို နယူးဇီလန်နဲ့အတူ
ပူးတွဲကျင်းပမှာဖြစ်လို့ အိမ်ရှင်အဖြစ် ခြေစစ်ပွဲ
အောင်ပြီးသားဖြစ်လို့ ၃သင်းပဲ ပတ်လည်ကစားခဲ့ရတာပါ။
ဗီယက်နမ်အသင်းအတွက်တော့ မေ့မရနိုင်တဲ့
အောင်မြင်မှုဖြစ်ပြီး အာရှဖလားပြိုင်ပွဲမတိုင်ခင်မှာပဲ
အသင်းအတွင်း ကိုဗစ်ကူးစက်ပျံ့နှံ့မှုရှိခဲ့ပေမယ့်
အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။


သောကြာနေ့က ထိုင်းအသင်းကို ၃-၀ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ တိုင်ပေဟာ ဗီယက်နမ်နဲ့ပွဲမှာ
အနိမ့်ဆုံးသရေကစားဖို့ပဲ လိုအပ်ခဲ့တာဖြစ်ပြီး
ဗုဒ္ဓဟူးနေ့က ထိုင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့
ဗီယက်နမ်ကတော့ မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။
တိုင်ပေအနေနဲ့ နှစ်ပေါင်း ၂၃နှစ်အတွင်း
ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအော်မြင်ဖို့
နောက်တစ်ဆင့် ကြိုးစားခွင်ရှိနေသေးပြီး
ထိုင်းအသင်းနဲ့အတူ Inter-Confederation Playoffs
ကစားရဦးမှာဖြစ်ပါတယ်။