
ယမန်နေ့က ရီးရဲလ်အသင်းဟာ ရှက်တာဒိုးနက်ကို အနိုင်ယူကာ အုပ်စုD
ဇယားထိပ် ရောက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ၂ – ၁ ရှက်တာဒိုးနက်ပွဲမှာ
ဂိုးတွေကို ဘန်ဇီမာ(၁၄၊ ၆၁မိနစ်)နဲ့ ဖာနန်ဒို (၃၉မိနစ်)တို့က သွင်းခဲ့ကြပါတယ်။
ရှက်တာဒိုးနက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘန်ဇီမာရဲ့ ဗွေဆော်ဦးဂိုးက
ရီးရဲလ်မက်ဒရစ်ကို ဥရောပပြိုင်ပွဲတွေမှာ ဂိုးပေါင်း ၁၀၀၀ ပြည့်တဲ့
ပထမဆုံးအသင်းဖြစ်လာစေခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး
အသင်းအဖြစ် မှတ်တမ်းဝင်ထားတဲ့ ရီးရဲလ်က နောက်ထပ်ထူးခြား
စံချိန်တစ်ခုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဘန်ဇီမာဟာ ပြိုင်ပွဲစုံသွင်းဂိုး (၂၉၂)ဂိုးရှိလာပြီး ဆန်တီလာနာကိုကျော်ဖြတ်ကာ
အသင်းသမိုင်းတွင် စတုတ္ထမြောက် ဂိုးသွင်းအများဆုံးဖြစ်လာခဲ့ပါတယ်။
၃၃ နှစ် ၃၁၉ ရက် အရွယ် ကစားသမားဟာ ချန်ပီယံလိဂ်(European Cup) ပွဲ
တစ်ပွဲတည်းတွင် ပွတ်ရှ်ကပ်စ်(၃၈ နှစ် ၁၇၃ ရက်၊ ၁၉၆၅ ခုနှစ်)ပြီးနောက်
တစ်ဂိုးအထက်သွင်းယူနိုင်တဲ့ အသက်အကြီးဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ယခုနှစ်ရာသီ ဘန်ဇီမာရဲ့ စွမ်းဆောင်ရည်ကတော့ ၁၄ပွဲကစား၊၁၃ဂိုး သွင်း၊ ဖန်တီးမှု – ၈ကြိမ်ဖြစ်ပါတယ်။
zawgyi
တိုက္စစ္မႉး ဘန္ဇီမာဟာ ရီးရဲလ္အတြက္ ဂိုးသြင္းၿပီး မွတ္တမ္းေကာင္းရသြားခဲ့
ယမန္ေန႔က ရီးရဲလ္အသင္းဟာ ရွက္တာဒိုးနက္ကို အႏိုင္ယူကာ အုပ္စုD
ဇယားထိပ္ ေရာက္လာခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ ၂ – ၁ ရွက္တာဒိုးနက္ပြဲမွာ
ဂိုးေတြကို ဘန္ဇီမာ(၁၄၊ ၆၁မိနစ္)နဲ႔ ဖာနန္ဒို (၃၉မိနစ္)တို႔က သြင္းခဲ့ၾကပါတယ္။
ရွက္တာဒိုးနက္ကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဘန္ဇီမာရဲ႕ ေဗြေဆာ္ဦးဂိုးက
ရီးရဲလ္မက္ဒရစ္ကို ဥေရာပၿပိဳင္ပြဲေတြမွာ ဂိုးေပါင္း ၁၀၀၀ ျပည့္တဲ့
ပထမဆုံးအသင္းျဖစ္လာေစခဲ့ၿပီျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ရဲ႕ အေအာင္ျမင္ဆုံး
အသင္းအျဖစ္ မွတ္တမ္းဝင္ထားတဲ့ ရီးရဲလ္က ေနာက္ထပ္ထူးျခား
စံခ်ိန္တစ္ခုကို ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
ဘန္ဇီမာဟာ ၿပိဳင္ပြဲစုံသြင္းဂိုး (၂၉၂)ဂိုးရွိလာၿပီး ဆန္တီလာနာကိုေက်ာ္ျဖတ္ကာ
အသင္းသမိုင္းတြင္ စတုတၳေျမာက္ ဂိုးသြင္းအမ်ားဆုံးျဖစ္လာခဲ့ပါတယ္။
၃၃ ႏွစ္ ၃၁၉ ရက္ အ႐ြယ္ ကစားသမားဟာ ခ်န္ပီယံလိဂ္(European Cup) ပြဲ
တစ္ပြဲတည္းတြင္ ပြတ္ရွ္ကပ္စ္(၃၈ ႏွစ္ ၁၇၃ ရက္၊ ၁၉၆၅ ခုႏွစ္)ၿပီးေနာက္
တစ္ဂိုးအထက္သြင္းယူႏိုင္တဲ့ အသက္အႀကီးဆုံးကစားသမား ျဖစ္လာခဲ့ပါတယ္။
ယခုႏွစ္ရာသီ ဘန္ဇီမာရဲ႕ စြမ္းေဆာင္ရည္ကေတာ့ ၁၄ပြဲကစား၊၁၃ဂိုး သြင္း၊ ဖန္တီးမႈ – ၈ႀကိမ္ျဖစ္ပါတယ္။