
ယူနိုက်တက်ဟာ မာရှယ်နဲ့အပြိုင်အဆိုင်ဖြစ်လာဖို့အတွက်





တိုက်စစ်မှူးသစ်တစ်ဦးလိုအပ်တာမှန်ပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ
ဒီလိုအပ်ချက်အတွက် ငွေကြေးကိုမီးရှို့ဖို့မရှိဘူးလို့ နည်းပြတန်ဟတ်က





အသိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ပေါင်သန်း ၂၂၀ အထိ
အသုံးပြုခဲ့သလို လက်ရှိမှာ ကလပ်ကိုရောင်းချတာနဲ့ပက်သတ်လို့
မရေရာမှုတွေရှိနေတာကြောင့် ငွေကြေးပမာဏကိုကန့်သတ်ပြီး





အငှားခေါ်ယူမှုအတွက်ကိုသာ အာရုံစိုက်ဖို့ရှိနေတာဖြစ်တယ်။
“ကစားသမားတွေအားလုံးလူစုံရင် ကျွန်တော်တို့ကအသင်းကောင်း





တစ်သင်းအဖြစ်ရှိနေပါတယ်။ ဒါပေမဲ့ ပွဲတွေအများကြီး
ဝင်ရောက်လာတော့မှာဖြစ်လို့ တိုက်စစ်မှူးတစ်ဦးလိုအပ်တယ်လို့
ထင်ပါတယ်။ တကယ်သက်ရောက်မှုရှိနိုင်တဲ့ သူကိုလိုအပ်တယ်၊





မဟုတ်ရင်တော့ မင်းပိုက်ဆံကိုမီးရှို့သလိုဖြစ်မှာပါ” လို့
တန်ဟတ်က ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး တန်ဟတ်က





တိုက်စစ်မှူးနေရာမှာ မာရှယ်ရဲ့အရည်အသွေးကိုသံသယ
မရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ “သူ အချိန်အကြာကြီးမကစားခဲ့ရလို့
ဝုဗ်နဲ့ပွဲကပုံမှန်ခြေစွမ်းမဖြစ်နိုင်လောက်ဘူး။ လာမယ့်ပွဲစဉ်မှာ





သူ့ဆီကပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးမျှော်လင့်တယ်။
ကျွန်တော် အဲ့ဒါကိုထောက်ခံပါတယ်။ ဂိမ်းအတော်များများက





သူ့ရဲ့စွမ်းဆောင်ရည်တွေဟာ ကျွန်တော့်ကိုပျော်ရွှင်စေတယ်။
သူကစားခဲ့ရတဲ့ မိနစ်နဲ့ အကျိုးသက်ရောက်မှုကိုအချိုးချကြည့်ရင်
ကြီးမားတဲ့သက်ရောက်မှုကိုမြင်ရပါလိမ့်မယ်” လို့





ယူနိုက်တက်နည်းပြက ပြင်သစ်သားကို ချီးကျူးသွားပါတယ်။
zawgyi





တိုက္စစ္မႉးသစ္တစ္ေယာက္အတြက္ ေငြေၾကးကိုမီးရႈိ႕မွာမဟုတ္ဘူးလို႔ တန္ဟတ္ အသိေပး
ယူႏိုက္တက္ဟာ မာရွယ္နဲ႔အၿပိဳင္အဆိုင္ျဖစ္လာဖို႔အတြက္
တိုက္စစ္မႉးသစ္တစ္ဦးလိုအပ္တာမွန္ေပမဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ





ဒီလိုအပ္ခ်က္အတြက္ ေငြေၾကးကိုမီးရႈိ႕ဖို႔မရွိဘူးလို႔ နည္းျပတန္ဟတ္က
အသိေပးလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ေႏြေဈးကြက္မွာ ေပါင္သန္း ၂၂၀ အထိ





အသုံးျပဳခဲ့သလို လက္ရွိမွာ ကလပ္ကိုေရာင္းခ်တာနဲ႔ပက္သတ္လို႔
မေရရာမႈေတြရွိေနတာေၾကာင့္ ေငြေၾကးပမာဏကိုကန႔္သတ္ၿပီး
အငွားေခၚယူမႈအတြက္ကိုသာ အာ႐ုံစိုက္ဖို႔ရွိေနတာျဖစ္တယ္။





“ကစားသမားေတြအားလုံးလူစုံရင္ ကြၽန္ေတာ္တို႔ကအသင္းေကာင္း
တစ္သင္းအျဖစ္ရွိေနပါတယ္။ ဒါေပမဲ့ ပြဲေတြအမ်ားႀကီး





ဝင္ေရာက္လာေတာ့မွာျဖစ္လို႔ တိုက္စစ္မႉးတစ္ဦးလိုအပ္တယ္လို႔
ထင္ပါတယ္။ တကယ္သက္ေရာက္မႈရွိႏိုင္တဲ့ သူကိုလိုအပ္တယ္၊
မဟုတ္ရင္ေတာ့ မင္းပိုက္ဆံကိုမီးရႈိ႕သလိုျဖစ္မွာပါ” လို႔





တန္ဟတ္က ဆိုခဲ့ပါတယ္။ ဆက္လက္ၿပီး တန္ဟတ္က
တိုက္စစ္မႉးေနရာမွာ မာရွယ္ရဲ႕အရည္အေသြးကိုသံသယ





မရွိဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။ “သူ အခ်ိန္အၾကာႀကီးမကစားခဲ့ရလို႔
ဝုဗ္နဲ႔ပြဲကပုံမွန္ေျခစြမ္းမျဖစ္ႏိုင္ေလာက္ဘူး။ လာမယ့္ပြဲစဥ္မွာ
သူ႔ဆီကပိုေကာင္းတဲ့စြမ္းေဆာင္ရည္မ်ိဳးေမွ်ာ္လင့္တယ္။





ကြၽန္ေတာ္ အဲ့ဒါကိုေထာက္ခံပါတယ္။ ဂိမ္းအေတာ္မ်ားမ်ားက
သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြဟာ ကြၽန္ေတာ့္ကိုေပ်ာ္႐ႊင္ေစတယ္။





သူကစားခဲ့ရတဲ့ မိနစ္နဲ႔ အက်ိဳးသက္ေရာက္မႈကိုအခ်ိဳးခ်ၾကည့္ရင္
ႀကီးမားတဲ့သက္ေရာက္မႈကိုျမင္ရပါလိမ့္မယ္” လို႔
ယူႏိုက္တက္နည္းျပက ျပင္သစ္သားကို ခ်ီးက်ဴးသြားပါတယ္။




