တိုက်စစ်မှူးနေရာ ခေါ်ယူအားဖြည့်ဖို့အတွက် ကစားသမားတစ်ယောက်ကို မန်ယူပစ်မှတ်ထားနေပြီ

စပိန်ဘက်ခြမ်းက ပဲ့တင်ထပ်လာတဲ့ သတင်းတွေကြောင့် လူတချို့ ဆွံ့အသွားခဲ့တယ်။ တချို့က ပါးစပ်ကြီး အဟောင်းသားတွေ ဖြစ်လို့။ တချို့ လည်း အားမလိုအားမရတွေ ဖြစ်လို့ပေါ့။ ဒီသတင်းက ဘာများပါလိမ့်။ အဓိ ကလိုအပ်နေတဲ့ တိုက်စစ်မှူးနေရာအတွက် ကစားသမားဟောင်း ဒီပေးကို အံ့ အားသင့်ဖွယ် ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ မန်ယူရဲ့ သတင်း ကြောင့်ပဲ ဖြစ်ပါတယ်။

သရဲနီတိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ ရာသီကမှ ဘာ စီလိုနာအသင်းကို စရောက်ပြီး တစ်ရာသီပဲ ကစားရပါသေးတယ်။ ဒါပေမဲ့ ဘာစီလိုနာက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို မျှတစေဖို့အတွက် ဒီပေး ကို ထွက်ပေါက်တံခါးဆီ တွန်းပို့နေပြီဖြစ်ပါတယ်။ နယ်သာလန်တိုက်စစ် မှူးအတွက် အိုးလ်လေဒီတို့ကလည်း ခေါ်ယူဖို့ ဆွေးနွေးမှုတွေရှိနေပေမယ့် ထိထိရောက်ရောက် မဟုတ်တော့

ဒီပေးဝယ်ယူရေးပြေးလမ်းထဲကို သရဲနီတို့ လက်တစ်ဖက်ပစ်ထုတ် လမ်းတောင်းပြီး ဝင်လာဖို့ ရှိနေတယ်။ မန်ယူဟာ ဒီပေးကို ခေါ်ယူဖို့အတွက် ပေါင် ၈ ဒသမ ၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ရှိနေတယ်လို့ စပိန်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

ဘယ်တောင်ပံတစ်လျှောက်မှာ လုပ်အားနှုန်း ကောင်းကောင်းနဲ့ ကစားနိုင်တဲ့ ဒီပေးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၁၅ ခုနှစ် ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး နည်းပြဗန်ဟားလ်နဲ့ မော်ရင်ညိုတို့ရဲ့ လက်အောက်မှာ ကျင်လည်ခဲ့ဖူးသူပါ။ အဲဒီနောက် ၂၀၂၁ ခုနှစ် အရောက်မှာ လိုင်ယွန်ကို အမြဲတမ်းစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

နယ်သာလန်အသင်းအတွက် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်လာတော့မယ့် ဒီပေးရဲ့ ပြောင်းရွှေ့ကြေးဟာ ပြိုင်ပွဲကျင်းပနေစဉ် ကာလအတွင်းမှာတင် တစ်ဟုန်ထိုး ထိုးတက်လာနိုင်ဖို့ ရှိနေသယောင်ပါပဲ။ လက်ရှိမှာ အဲဒီလို အခြေအနေမျိုး မရောက်သေးပေမယ့်လည်း နည်းပြဇာဗီးရဲ့ ဘာကာမှာတော့ ဒီပေးဟာ အသုံးတည့်နေဆဲဖြစ်ပြီး

ခရီးဆက်လို့ရမယ့် အင်ဂျင်တစ်လုံးအဖြစ် ရှိနေဆဲပါပဲ။ ဒါ့အပြင် လိုင်ယွန်မှာ ရှိနေစဉ်ကာလ အတွင်းတုန်းက Canal+ သတင်းဌာနကို ဒီပေး ပြောခဲ့တဲ့ စကားတွေတော့ ရှိပါတယ်။ မန်ယူနဲ့ရှိစဉ်ကတည်းက သူဟာ မပျော်မရွှင်ဖြစ်ခဲ့ရတဲ့ အကြောင်းကို ပြန်လည် ဖွင့်ဟခဲ့တာပါ။

‘’ဘောလုံးမှာ ဘယ်လိုတွေ အလုပ်ဖြစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က ထိုးနှက်ချက်တွေရခဲ့တဲ့ သူတစ်ယောက်ပါ။ ဒီပေးက အရူးပါပဲ။ ကျွန်တော်အဲဒါကို လုပ်ခဲ့တယ်။ ကျွန်တော် တခြားဘယ်လိုလူမျိုးမှ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီပေးတော့ အနေနဲ့တော့ ရှိခဲ့တာပါ။

ကျွန်တော် အဲဒါကို ကြိုးစားခဲ့တယ်။ အတိတ်မှာရှိခဲ့တဲ့ မန်ယူပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော် မပျော်နိုင်ခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် မပျော်နိုင်တဲ့ ကစားသမားတစ်ယောက် က ဘယ်လိုလုပ်ပြီး ကစားသမားကောင်းတစ်ယောက် ဖြစ်မှာလဲ။ မှန်ထဲမှာ ရှိနေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ကြည့်တယ်။ မပျော်ပါဘူး။ ကျွန်တော် ဝမ်းနည်းခဲ့ရပါတယ်’’ လို့ ဒီပေးက ပြောဆိုထားခဲ့တာ ရှိပါတယ်။

(zawgyi)

စပိန္ဘက္ျခမ္းက ပဲ့တင္ထပ္လာတဲ့ သတင္းေတြေၾကာင့္ လူတခ်ိဳ႕ ဆြံ႕အသြားခဲ့တယ္။ တခ်ိဳ႕က ပါးစပ္ႀကီး အေဟာင္းသားေတြ ျဖစ္လို႔။ တခ်ိဳ႕ လည္း အားမလိုအားမရေတြ ျဖစ္လို႔ေပါ့။ ဒီသတင္းက ဘာမ်ားပါလိမ့္။ အဓိ ကလိုအပ္ေနတဲ့ တိုက္စစ္မႉးေနရာအတြက္ ကစားသမားေဟာင္း ဒီေပးကို အံ့ အားသင့္ဖြယ္ ျပန္လည္ေခၚယူဖို႔ ဆႏၵရွိေနတယ္ဆိုတဲ့ မန္ယူရဲ႕ သတင္း ေၾကာင့္ပဲ ျဖစ္ပါတယ္။

သရဲနီတိုက္စစ္မႉးေဟာင္းဟာ ၿပီးခဲ့တဲ့ ရာသီကမွ ဘာ စီလိုနာအသင္းကို စေရာက္ၿပီး တစ္ရာသီပဲ ကစားရပါေသးတယ္။ ဒါေပမဲ့ ဘာစီလိုနာက အသင္းရဲ႕ ဘ႑ာေရးအေျခအေနကို မွ်တေစဖို႔အတြက္ ဒီေပး ကို ထြက္ေပါက္တံခါးဆီ တြန္းပို႔ေနၿပီျဖစ္ပါတယ္။ နယ္သာလန္တိုက္စစ္ မႉးအတြက္ အိုးလ္ေလဒီတို႔ကလည္း ေခၚယူဖို႔ ေဆြးေႏြးမႈေတြရွိေနေပမယ့္ ထိထိေရာက္ေရာက္ မဟုတ္ေတာ့

ဒီေပးဝယ္ယူေရးေျပးလမ္းထဲကို သရဲနီတို႔ လက္တစ္ဖက္ပစ္ထုတ္ လမ္းေတာင္းၿပီး ဝင္လာဖို႔ ရွိေနတယ္။ မန္ယူဟာ ဒီေပးကို ေခၚယူဖို႔အတြက္ ေပါင္ ၈ ဒသမ ၅ သန္း ဝန္းက်င္နဲ႔ ကမ္းလွမ္းဖို႔ရွိေနတယ္လို႔ စပိန္အေျခစိုက္ သတင္းေတြက ေဖာ္ျပပါတယ္။

ဘယ္ေတာင္ပံတစ္ေလွ်ာက္မွာ လုပ္အားႏႈန္း ေကာင္းေကာင္းနဲ႔ ကစားႏိုင္တဲ့ ဒီေပးဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၂၀၁၅ ခုႏွစ္ ကေန ၂၀၁၇ ခုႏွစ္အထိ ကစားခဲ့သူျဖစ္ၿပီး နည္းျပဗန္ဟားလ္နဲ႔ ေမာ္ရင္ညိဳတို႔ရဲ႕ လက္ေအာက္မွာ က်င္လည္ခဲ့ဖူးသူပါ။ အဲဒီေနာက္ ၂၀၂၁ ခုႏွစ္ အေရာက္မွာ လိုင္ယြန္ကို အၿမဲတမ္းစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာပါ။ နယ္သာလန္အသင္းအတြက္

ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဓိက တိုက္စစ္မႉး တစ္ဦးျဖစ္လာေတာ့မယ့္ ဒီေပးရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ၿပိဳင္ပြဲက်င္းပေနစဥ္ ကာလအတြင္းမွာတင္ တစ္ဟုန္ထိုး ထိုးတက္လာႏိုင္ဖို႔ ရွိေနသေယာင္ပါပဲ။ လက္ရွိမွာ အဲဒီလို အေျခအေနမ်ိဳး မေရာက္ေသးေပမယ့္လည္း နည္းျပဇာဗီးရဲ႕ ဘာကာမွာေတာ့ ဒီေပးဟာ အသုံးတည့္ေနဆဲျဖစ္ၿပီး

ခရီးဆက္လို႔ရမယ့္ အင္ဂ်င္တစ္လုံးအျဖစ္ ရွိေနဆဲပါပဲ။ ဒါ့အျပင္ လိုင္ယြန္မွာ ရွိေနစဥ္ကာလ အတြင္းတုန္းက Canal+ သတင္းဌာနကို ဒီေပး ေျပာခဲ့တဲ့ စကားေတြေတာ့ ရွိပါတယ္။ မန္ယူနဲ႔ရွိစဥ္ကတည္းက သူဟာ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ရတဲ့ အေၾကာင္းကို ျပန္လည္ ဖြင့္ဟခဲ့တာပါ။ ‘’ေဘာလုံးမွာ ဘယ္လိုေတြ အလုပ္ျဖစ္တယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။

ကြၽန္ေတာ္က ထိုးႏွက္ခ်က္ေတြရခဲ့တဲ့ သူတစ္ေယာက္ပါ။ ဒီေပးက အ႐ူးပါပဲ။ ကြၽန္ေတာ္အဲဒါကို လုပ္ခဲ့တယ္။ ကြၽန္ေတာ္ တျခားဘယ္လိုလူမ်ိဳးမွ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ ဒီေပးေတာ့ အေနနဲ႔ေတာ့ ရွိခဲ့တာပါ။ ကြၽန္ေတာ္ အဲဒါကို ႀကိဳးစားခဲ့တယ္။ အတိတ္မွာရွိခဲ့တဲ့ မန္ယူေပါ့။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ မေပ်ာ္ႏိုင္ခဲ့ဘူး။

ကိုယ့္ဘာသာကိုယ္ မေပ်ာ္ႏိုင္တဲ့ ကစားသမားတစ္ေယာက္ က ဘယ္လိုလုပ္ၿပီး ကစားသမားေကာင္းတစ္ေယာက္ ျဖစ္မွာလဲ။ မွန္ထဲမွာ ရွိေနတဲ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ၾကည့္တယ္။ မေပ်ာ္ပါဘူး။ ကြၽန္ေတာ္ ဝမ္းနည္းခဲ့ရပါတယ္’’ လို႔ ဒီေပးက ေျပာဆိုထားခဲ့တာ ရွိပါတယ္။