တိတ်တဆိတ်နဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်သွားရတော့မယ်သူ

မန်ယူကို ကက်စ်မီရိုရောက်လာပြီးနောက် ဖရန်ကီဒီဂျောင်နဲ့ အန်တိုနီတို့ရဲ့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေချိန်မှာ အိုးလ်ထရက်ဖို့ဒ်ကနေ တိတ်တဆိတ်ထွက်သွားရတော့မယ့် ကစားသမားတစ်ဦးလည်း ရှိနေခဲ့ပါတယ်။

သူကတော့ ၂၀၁၆ ခုနှစ်မှာ နည်းပြမော်ရင်ဟို စိတ်ကြိုက်ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ နောက်ခံလူ ဘိုင်လီပါ။ ဘိုင်လီဟာ ဗီလာရီးရဲလ်ကနေ ပေါင်သန်း၃၀နဲ့ မန်ယူကိုရောက်လာပြီး နောက် ၁၁၃ပွဲကစားပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံးရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပေမယ့် မန်ယူနည်းပြ အပြောင်းအလဲတွေကြားမှာ ကစားသမားဘဝ နေရာပျောက်ခဲ့ရသူလို့လည်းဆိုရမှာပါ။ ပြီးခဲ့တဲ့ရာသီ နည်းပြဆိုးလ်ရှားလက်ထက်မှာ

ပရီးမီးယားလိဂ်(၃)ပွဲသာ ပွဲထွက်ခွင့်ရခဲ့သလို နည်းပြရန်နစ်လက်ထက်မှာလည်း မက်ဂွဲယား၊ ဗာရန်းနဲ့ လင်ဒီလော့တို့နောက်မှာသာကျန်နေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိနည်းပြသစ်တန်ဟတ်လက် ထက်မှာလည်း

ဘိုင်လီရဲ့အနာဂတ်ဟာ ဝေဝါးနေခဲ့ပြီး နောက်ဆုံးမှာ အသင်းပြောင်းဖို့ဖြစ်လာခဲ့ရတာပါ။ အဓိက အနေနဲ့ နည်းပြတန်ဟတ် စိတ်ကြိုက်နောက်ခံလူတစ်ဦးဖြစ်တဲ့ မာတီနက်ဇ်ကို ထပ်မံခေါ်ခဲ့တာကြောင့်

ဘိုင်လီ အနေနဲ့ မန်ယူကထွက်ခွာဖို့သေချာသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြင်သစ်လီဂူးကလပ် မာဆေးက သူ့ကို အငှားနဲ့ခေါ်ယူဖို့ နီးစပ်သလောက်ရှိနေပြီဖြစ်ပါတယ်။ မန်ယူအနေနဲ့ ဘိုင်လီကို

အပြီးသတ်ရောင်းဖို့စီစဉ်ထားတာ ဖြစ်ပေမယ့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အသင်းပြောင်းချင်ကြောင်း ကစားသမားရဲ့တောင်းဆိုမှုကြောင့် နောက်ဆုံးမှာ အငှားနဲ့ထွက်ခွာခွင့်ပြုခဲ့တာလို့လည်းသိရပါတယ်။

(zawgyi)

မန္ယူကို ကက္စ္မီ႐ိုေရာက္လာၿပီးေနာက္ ဖရန္ကီဒီေဂ်ာင္နဲ႔ အန္တိုနီတို႔ရဲ႕ သတင္းေတြ အဆက္မျပတ္ ထြက္ေပၚေနခ်ိန္မွာ အိုးလ္ထရက္ဖို႔ဒ္ကေန တိတ္တဆိတ္ထြက္သြားရေတာ့မယ့္ ကစားသမားတစ္ဦးလည္း ရွိေနခဲ့ပါတယ္။

သူကေတာ့ ၂၀၁၆ ခုႏွစ္မွာ နည္းျပေမာ္ရင္ဟို စိတ္ႀကိဳက္ေခၚယူခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ဘိုင္လီပါ။ ဘိုင္လီဟာ ဗီလာရီးရဲလ္ကေန ေပါင္သန္း၃၀နဲ႔ မန္ယူကိုေရာက္လာၿပီး ေနာက္

၁၁၃ပြဲကစားေပးခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူ႔ရဲ႕ပထမဆုံးရာသီမွာ ပုံမွန္ပြဲထြက္ခြင့္ရခဲ့ေပမယ့္ မန္ယူနည္းျပ အေျပာင္းအလဲေတြၾကားမွာ ကစားသမားဘဝ ေနရာေပ်ာက္ခဲ့ရသူလို႔လည္းဆိုရမွာပါ။

ၿပီးခဲ့တဲ့ရာသီ နည္းျပဆိုးလ္ရွားလက္ထက္မွာ ပရီးမီးယားလိဂ္(၃)ပြဲသာ ပြဲထြက္ခြင့္ရခဲ့သလို နည္းျပရန္နစ္လက္ထက္မွာလည္း မက္ဂြဲယား၊ ဗာရန္းနဲ႔ လင္ဒီေလာ့တို႔ေနာက္မွာသာက်န္ေနခဲ့ရတာျဖစ္ပါတယ္။

လက္ရွိနည္းျပသစ္တန္ဟတ္လက္ ထက္မွာလည္း ဘိုင္လီရဲ႕အနာဂတ္ဟာ ေဝဝါးေနခဲ့ၿပီး ေနာက္ဆုံးမွာ အသင္းေျပာင္းဖို႔ျဖစ္လာခဲ့ရတာပါ။ အဓိက အေနနဲ႔ နည္းျပတန္ဟတ္ စိတ္ႀကိဳက္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ မာတီနက္ဇ္ကို

ထပ္မံေခၚခဲ့တာေၾကာင့္ ဘိုင္လီ အေနနဲ႔ မန္ယူကထြက္ခြာဖို႔ေသခ်ာသြားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ျပင္သစ္လီဂူးကလပ္ မာေဆးက သူ႔ကို အငွားနဲ႔ေခၚယူဖို႔ နီးစပ္သေလာက္ရွိေနၿပီျဖစ္ပါတယ္။

မန္ယူအေနနဲ႔ ဘိုင္လီကို အၿပီးသတ္ေရာင္းဖို႔စီစဥ္ထားတာ ျဖစ္ေပမယ့္ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ အသင္းေျပာင္းခ်င္ေၾကာင္း ကစားသမားရဲ႕ေတာင္းဆိုမႈေၾကာင့္ ေနာက္ဆုံးမွာ အငွားနဲ႔ထြက္ခြာခြင့္ျပဳခဲ့တာလို႔လည္းသိရပါတယ္။