တာဝန်မဲ့တဲ့ မှတ်ချက်စကားကြောင့် နာပိုလီအသင်းဥက္ကဋ္ဌကို အရေးယူပေးဖို့ အာဖရိကဘောလုံးအဖွဲချုပ်တောင်းဆို

နာပိုလီအသင်းဥက္ကဋ္ဌရဲ့ တာဝန်မဲ့တဲ့ မှတ်ချက်စကားနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူပေးဖို ဥရောပ ဘောလုံးအဖွဲချုပ်ထံ အာဖရိကဘောလုံးအဖွဲချုပ်က တောင်းဆိုလိုက်ပါတယ်။ နာပိုလီအသင်း ဥက္ကဋ္ဌ လော်ရန်တစ်က

သူ့အနေနဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ပါဝင်မကစားဖို သဘောမတူတဲ့ အာဖရိက ကစားသမားတွေကို ခေါ်ယူစာချုပ်မှာမဟုတ်ဘူးလို ထုတ်ဖော်ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး အာဖရိက ဘောလုံးအဖွဲချုပ်က တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အာဖရိက ဘောလုံးအဖွဲချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ နာပိုလီအသင်းဥက္ကဋ္ဌ လော်ရန်တစ်ရဲ့ မှတ်ချက် စကားဟာ တာဝန်မဲ့ပြီး လက်ခံနိုင်တဲ့မှတ်ချက်စကားမဟုတ်သလို ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းစည်းကမ်းဖြစ်တဲ့

အပိုဒ်ခွဲ ၁၄ နဲ့ ငြိစွန်းနေတာကြောင့် စုံစမ်းအရေးယူပေးဖို တိုင်ကြားထားတာဖြစ်တယ်လိုဖော်ပြထားပါတယ်။ ဒါ့အပြင် နာပိုလီဥက္ကဋ္ဌပြောကြားချက်ဟာ တခြားဘောလုံးအဖွဲချုပ်တွေရဲ့ ပြိုင်ပွဲတွေအပေါ်မှာလည်း

ပိတ်ပင် တားဆီးတဲ့လုပ်ရပ်မျိုးလိုယူဆကြောင်းနဲ့ ဘောလုံးလောကဖွံဖြိုးတိုးတက်မှုအတွက်အရေးကြီးတဲ့လုပ်ဆောင် ချက်ကိုတားဆီးလိုက်တဲ့အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လိုလည်း ဆိုထားပါတယ်။

အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲဟာ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေထဲက ထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်ပြီး ကင်းမရွန်းနိုင်ငံမှာနောက်ဆုံး ကျင်းပခဲ့တဲ့ပြိုင်ပွဲကို ကြည့်ရှုသူပေါင်း သန်း ၆၀၀ ကျော်ခဲ့တယ်လိုလည်း

အာဖရိကဘောလုံးအဖွဲချုပ် ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ရာသီက အာဖရိက ကစားသမားတွေဖြစ်တဲ့ ကူလီဘာလေနဲ့ အန်ဂစ်ဆာတိုကို အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲအတွက်

စေလွှတ်ပေးခဲ့ရပြီး အဲဒီကာလအတွင်း အသင်းရလဒ်ဆိုး တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါတယ်။ အိုင်ဗရီကိုစ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၃ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲကိုတော့ ၂၀၂၄ ခုနှစ်အစောပိုင်းမှာပြောင်းလည်းကျင်းပဖို ရွှေ့ဆိုင်းထားခဲ့ပါတယ်။

(zawgyi)

နာပိုလီအသင္းဥကၠ႒ရဲ႕ တာဝန္မဲ့တဲ့ မွတ္ခ်က္စကားနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးအေရးယူေပးဖို ဥေရာပ ေဘာလုံးအဖြဲခ်ဳပ္ထံ အာဖရိကေဘာလုံးအဖြဲခ်ဳပ္က ေတာင္းဆိုလိုက္ပါတယ္။ နာပိုလီအသင္း ဥကၠ႒ ေလာ္ရန္တစ္က

သူ႔အေနနဲ႔ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကို ပါဝင္မကစားဖို သေဘာမတူတဲ့ အာဖရိက ကစားသမားေတြကို ေခၚယူစာခ်ဳပ္မွာမဟုတ္ဘူးလို ထုတ္ေဖာ္ေျပာဆိုလိုက္တာနဲ႔ ပတ္သက္ၿပီး အာဖရိက ေဘာလုံးအဖြဲခ်ဳပ္က

တိုင္ၾကားခဲ့တာျဖစ္ပါတယ္။ အာဖရိက ေဘာလုံးအဖြဲခ်ဳပ္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္မွာေတာ့ နာပိုလီအသင္းဥကၠ႒ ေလာ္ရန္တစ္ရဲ႕ မွတ္ခ်က္ စကားဟာ တာဝန္မဲ့ၿပီး လက္ခံႏိုင္တဲ့မွတ္ခ်က္စကားမဟုတ္သလို

ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥ္းစည္းကမ္းျဖစ္တဲ့ အပိုဒ္ခြဲ ၁၄ နဲ႔ ၿငိစြန္းေနတာေၾကာင့္ စုံစမ္းအေရးယူေပးဖို တိုင္ၾကားထားတာျဖစ္တယ္လိုေဖာ္ျပထားပါတယ္။ ဒါ့အျပင္ နာပိုလီဥကၠ႒ေျပာၾကားခ်က္ဟာ

တျခားေဘာလုံးအဖြဲခ်ဳပ္ေတြရဲ႕ ၿပိဳင္ပြဲေတြအေပၚမွာလည္း ပိတ္ပင္ တားဆီးတဲ့လုပ္ရပ္မ်ိဳးလိုယူဆေၾကာင္းနဲ႔ ေဘာလုံးေလာကဖြံၿဖိဳးတိုးတက္မႈအတြက္အေရးႀကီးတဲ့လုပ္ေဆာင္ ခ်က္ကိုတားဆီးလိုက္တဲ့အေပၚ

ေမးခြန္းထုတ္စရာျဖစ္ေနတယ္လိုလည္း ဆိုထားပါတယ္။ အာဖရိကႏိုင္ငံမ်ား ဖလားၿပိဳင္ပြဲဟာ ႏိုင္ငံတကာေဘာလုံးၿပိဳင္ပြဲေတြထဲက ထိပ္တန္းၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး ကင္းမ႐ြန္းႏိုင္ငံမွာေနာက္ဆုံး က်င္းပခဲ့တဲ့ၿပိဳင္ပြဲကို

ၾကည့္ရႈသူေပါင္း သန္း ၆၀၀ ေက်ာ္ခဲ့တယ္လိုလည္း အာဖရိကေဘာလုံးအဖြဲခ်ဳပ္ ထုတ္ျပန္ ခ်က္မွာေဖာ္ျပထားပါတယ္။ နာပိုလီအသင္းဟာ ၿပီးခဲ့တဲ့ရာသီက အာဖရိက ကစားသမားေတြျဖစ္တဲ့ ကူလီဘာေလနဲ႔ အန္ဂစ္ဆာတိုကို

အာဖရိကႏိုင္ငံမ်ား ဖလားၿပိဳင္ပြဲအတြက္ ေစလႊတ္ေပးခဲ့ရၿပီး အဲဒီကာလအတြင္း အသင္းရလဒ္ဆိုး ေတြနဲ႔ ရင္ဆိုင္ခဲ့ရတာပါတယ္။ အိုင္ဗရီကိုစ္ႏိုင္ငံက အိမ္ရွင္အျဖစ္က်င္းပမယ့္ ၂၀၂၃ အာဖရိက ႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကိုေတာ့ ၂၀၂၄ ခုႏွစ္အေစာပိုင္းမွာေျပာင္းလည္းက်င္းပဖို ေ႐ႊ႕ဆိုင္းထားခဲ့ပါတယ္။