





အယ်လ်နက်ဆာက Al-Ta’ee ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့
ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ရော်နယ်ဒို





ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ ပထမပိုင်းပွဲချိန်အတွင်းမှာ
ရော်နယ်ဒိုကို ပွဲကြည့်စင်ရဲ့ VIP box ထဲမှာတွေ့ခဲ့ရပေမဲ့
ဒုတိယပိုင်းတစ်လျှောက်လုံးကိုတော့ ပေါ်တူဂီစူပါစတားဟာ





အဝတ်လဲခန်းထဲမှာ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ရင်း
ကြည့်ရှုသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ကို





အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့ပြီးနောက် Al-Ta’ee နဲ့
ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရတာဖြစ်တယ်။
အယ်လ်နက်ဆာအသင်းကတော့ ပြိုင်ဘက်ကို ၂ဂိုး ပြတ်





အနိုင်ရခဲ့တဲ့အတွက် ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားကို
၄ မှတ်ပြတ်နဲ့ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ဂိုးသမားအော့စ်ပီနာရဲ့





ဖန်တီးပေးပို့မှုကို ဘရာဇီးတိုက်စစ်မှူး တာလီစကာက
ဒုတိယဂိုးအဖြစ်ပြောင်းလဲလိုက်ချိန်မှာတော့ အဝတ်လဲခန်းထဲမှာ
စက်ဘီးစီးနေတဲ့ ရော်နယ်ဒိုဟာ အကြီးအကျယ်အားပေးမှု





လုပ်ခဲ့တာဖြစ်တယ်။ အဲဗာတန်လူငယ်ပရိသတ်ရဲ့
ဖုန်းကိုလက်နဲ့ရိုက်ချခဲ့ပြီးနောက် ပေါ်တူဂီကြယ်ပွင့်ကို





အက်ဖ်အေက ၂ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ထားခဲ့တာဖြစ်လို့
ရီယာ့ဒ်မှာ ကစားခဲ့တဲ့ Al-Ta’ee နဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ရတာပါ။
ရော်နယ်ဒိုကတော့ အယ်လ်နက်ဆာအသင်းရဲ့ပွဲစဉ်ကို





သူ့ရဲ့ညာလက်ရုံးဖြစ်တဲ့ ပုဂ္ဂိုလ်ရေးရာမန်နေဂျာရီဂူဖီနဲ့အတူ
စောင့်ကြည့်ခဲ့တာဖြစ်တယ်။ အယ်လ်နက်ဆာအသင်းကတော့





ရီယာ့ဒ်မြို့မှာမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့်
Al-Ta’ee နဲ့ပွဲစဉ်ကိုအချိန်ပြောင်းလဲကစားခဲ့ရတာဖြစ်ပေမဲ့
ပွဲကစားချိန်အထိ ကွင်းထဲမှာ ရေတွေ ရွှံ့တွေရှိနေဆဲဖြစ်တယ်။





ဒီပွဲအတွက် လက်မှတ် ၂၈၀၀၀ လုံးရောင်းကုန်သွားခဲ့တယ်လို့
အယ်လ်နက်ဆာအသင်းက ထုတ်ပြန်ကြေညာထားပေမဲ့





တကယ်တမ်းပွဲကစားချိန် Mrsool Park ကွင်းထဲမှာ
အဝါရောင်ထိုင်ခုံလွတ်တွေနဲ့အတူ တစ်ဝက်လောက်က ဗလာဖြစ်နေခဲ့ပါတယ်။
zawgyi





တာလီစကာရဲ႕ ဒုတိယသြင္းဂိုးကို အဝတ္လဲခန္းထဲမွာစက္ဘီးစီးေလ့က်င့္ခန္းလုပ္ရင္း အားေပးခဲ့တဲ့ ေရာ္နယ္ဒို
အယ္လ္နက္ဆာက Al-Ta’ee ကို ၂-၀ နဲ႔အႏိုင္ရခဲ့တဲ့





ေဆာ္ဒီပ႐ိုလိဂ္ပြဲစဥ္မွာေတာ့ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ေရာ္နယ္ဒို
ပါဝင္ကစားႏိုင္ျခင္းမရွိခဲ့ပါဘူး။ ပထမပိုင္းပြဲခ်ိန္အတြင္းမွာ
ေရာ္နယ္ဒိုကို ပြဲၾကည့္စင္ရဲ႕ VIP box ထဲမွာေတြ႕ခဲ့ရေပမဲ့





ဒုတိယပိုင္းတစ္ေလွ်ာက္လုံးကိုေတာ့ ေပၚတူဂီစူပါစတားဟာ
အဝတ္လဲခန္းထဲမွာ စက္ဘီးစီးေလ့က်င့္ခန္းလုပ္ရင္း





ၾကည့္ရႈသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ေဆာ္ဒီကလပ္ကို
အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္ရွိလာခဲ့ၿပီးေနာက္ Al-Ta’ee နဲ႔
ပြဲစဥ္ကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ခဲ့ရတာျဖစ္တယ္။





အယ္လ္နက္ဆာအသင္းကေတာ့ ၿပိဳင္ဘက္ကို ၂ဂိုး ျပတ္
အႏိုင္ရခဲ့တဲ့အတြက္ ေဆာ္ဒီပ႐ိုလိဂ္အမွတ္ေပးဇယားကို





၄ မွတ္ျပတ္နဲ႔ဦးေဆာင္သြားႏိုင္ခဲ့ပါတယ္။ ဂိုးသမားေအာ့စ္ပီနာရဲ႕
ဖန္တီးေပးပို႔မႈကို ဘရာဇီးတိုက္စစ္မႉး တာလီစကာက
ဒုတိယဂိုးအျဖစ္ေျပာင္းလဲလိုက္ခ်ိန္မွာေတာ့ အဝတ္လဲခန္းထဲမွာ





စက္ဘီးစီးေနတဲ့ ေရာ္နယ္ဒိုဟာ အႀကီးအက်ယ္အားေပးမႈ
လုပ္ခဲ့တာျဖစ္တယ္။ အဲဗာတန္လူငယ္ပရိသတ္ရဲ႕





ဖုန္းကိုလက္နဲ႔႐ိုက္ခ်ခဲ့ၿပီးေနာက္ ေပၚတူဂီၾကယ္ပြင့္ကို
အက္ဖ္ေအက ၂ပြဲ ပယ္ျပစ္ဒဏ္ခ်မွတ္ထားခဲ့တာျဖစ္လို႔
ရီယာ့ဒ္မွာ ကစားခဲ့တဲ့ Al-Ta’ee နဲ႔ပြဲစဥ္ကိုလြဲေခ်ာ္ခဲ့ရတာပါ။





ေရာ္နယ္ဒိုကေတာ့ အယ္လ္နက္ဆာအသင္းရဲ႕ပြဲစဥ္ကို
သူ႔ရဲ႕ညာလက္႐ုံးျဖစ္တဲ့ ပုဂၢိဳလ္ေရးရာမန္ေနဂ်ာရီဂူဖီနဲ႔အတူ





ေစာင့္ၾကည့္ခဲ့တာျဖစ္တယ္။ အယ္လ္နက္ဆာအသင္းကေတာ့
ရီယာ့ဒ္ၿမိဳ႕မွာမိုးသည္းထန္စြာ႐ြာသြန္းခဲ့တာေၾကာင့္
Al-Ta’ee နဲ႔ပြဲစဥ္ကိုအခ်ိန္ေျပာင္းလဲကစားခဲ့ရတာျဖစ္ေပမဲ့





ပြဲကစားခ်ိန္အထိ ကြင္းထဲမွာ ေရေတြ ႐ႊံ႕ေတြရွိေနဆဲျဖစ္တယ္။
ဒီပြဲအတြက္ လက္မွတ္ ၂၈၀၀၀ လုံးေရာင္းကုန္သြားခဲ့တယ္လို႔





အယ္လ္နက္ဆာအသင္းက ထုတ္ျပန္ေၾကညာထားေပမဲ့
တကယ္တမ္းပြဲကစားခ်ိန္ Mrsool Park ကြင္းထဲမွာ
အဝါေရာင္ထိုင္ခုံလြတ္ေတြနဲ႔အတူ တစ္ဝက္ေလာက္က ဗလာျဖစ္ေနခဲ့ပါတယ္။




