တရားမဝင် ဒရုန်းတစ်စင်းကြောင့် ပွဲကို ၁၉ မိနစ်ကြာတဲ့အထိ ရပ်နားခဲ့ရတဲ့ ဘရန့်ဖို့ဒ် ၁-၂ ဝုဖ်ပွဲ

စနေညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၁-၂ ဝုဖ် ပွဲမှာ ကွင်းပေါ်ကနေ ရစ်ဝဲနေတဲ့

တရားမဝင် ဒရုန်းတစ်စင်းကြောင့် ပွဲကို ၁၉ မိနစ်ကြာတဲ့အထိ ရပ်နားခဲ့ရပါတယ်။

ပထမပိုင်းကစားနေချိန် ပွဲချိန် ၃၅ မိနစ်မှာ ကွင်းအလယ်ကောင်းကင်ပေါ်မှာ

ရစ်ဝဲနေတဲ့ ဒရုန်းတစ်စင်းကို ဒိုင်လူကြီး ပီတာဘန်ကာကတွေ့ ရှိခဲ့ပြီး

ပွဲကို ရပ်တန်လိုက်တာပါ။

အဲ့ဒိ ဒရုန်းကလည်း ပွဲကစားနေပုံကို တိုက်ရိုက်မှတ်တမ်းယူ

ရိုက်ကူးနိုင်ဖို့ ကွင်းအပေါ်မှာ ဝဲပျံနေခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ စည်မျဥ္းတွေအရတော့ ကွင်းဧရိယာအတွင်းကနေ

ဒရုန်းကွယ်ပျောက်သွားတဲ့ အချိန်အထိ ၂ သင်းစလုံးက

ကစားသမားတွေဟာ အဝတ်လဲခန်းအတွင်းသို့

ပြန်လည်ဝင်ရောက်နေရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒရုန်းကို ကိုင်တွယ်ထိန်းချုပ်သူရဲ့ မကျွမ်းကျင်မှုကြောင့်

ပွဲကြည့် ပရိသတ်တွေ ထိခိုက်မှုဖြစ်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့

ကစားသမားတွေကို အဝတ်လဲခန်းအတွင်း ပြန်ဝင်ခိုင်းတာပါ။

ဒီအတွက် ဘရန့်ဖို့ဒ်နဲ့ ဝုဖ်ကစားသမားတွေဟာ

အဝတ်လဲခန်းအတွင်းသို့ ပြန်ဝင်သွားခဲ့ကြရလို့

၁၉ မိနစ်ကြာအောင် ပွဲကို ရပ်တန့်လိုက်ရတာဖြစ်ပါတယ်။

၂ သင်းစလုံးက ကစားသမားတွေကတော့ ပွဲကစားနေချိန်မှာ

ရုပ်တရက်ရပ်တန့်လိုက်ရတဲ့အတွက် အံအားသင့်သွားခဲ့ကြသလို

ဝုဖ်အသင်းခေါင်းဆောင် ကိုအာဒီဆိုရင် ဒိုင်လူကြီးကို

မေးခွန်းထုတ်ခဲ့လို့ ရှင်းလင်းပြခဲ့ရသေးပါတယ်။

ဘရန့်ဖို့ဒ်ဟာ လန်ဒန်မှာ အခြေစိုက်တဲ့ ပရီးမီးယားလိဂ်တန်းတက်အသင်းပါ။

သူတို့ရဲ့ ဘရန့်ဖို့ဒ်ကွန်မြူနတီကွင်းကလည်း လန်ဒန် ဟိသ်သရိုးလေဆိပ်မှာ

အဆင်းအတက်ပြုလုပ်နေတဲ့ လေယာဥ္လမ်းကြောင်းတွေနဲ့ နီးကပ်စွာ တည်ရှိနေပါတယ်။

ဘရန့်ဖို့ဒ်ကွင်းပေါ်မှာ ဝဲပျံနေတဲ့ ဒရုန်းကလည်း

ရဟတ်ယာဥ္တစ်စီးထွက်ပေါ်လာတဲ့ အချိန်ရောက်မှ

ကွင်းပေါ်ကနေ ပျောက်ကွယ်သွားတာပါ။

ဒိုင်လူကြီး ပီတာဘန်ကာကတော့ တရားမဝင် ဒရုန်းကြောင့်

လုပ်ပိုင်ခွင့်စည်းမျဥ္းကို ကျင့်သုံးပြီး ပွဲကို ခေတ္တရပ်နားတဲ့

ပထမဆုံး ဒိုင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲရပ်နားပြီးနောက် ပြန်ကစားစေခဲ့ရာမှာလည်း ကစားသမားတွေကို

အမြန်ဆုံးသွေးပူးလေ့ကျင့်ခန်းပြန်လုပ်စေခဲ့သလို

ပထမပိုင်းကစားချိန် အချိန်ပိုကိုလည်း၁၉ မိနစ်အထိ သတ်မှတ်ပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီဒရုန်းဖြစ်စဥ္နဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ

စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

၂၀၁၅ ခုနှစ်အတွင်းကတော့ နီဂဲလ်ဝီလ်ဆင်ဆိုတဲ့သူဟာ

လီဗာပူးရဲ့ အန်ဖီးလ်ကွင်းအပါအဝင် ပရီးမီးယားလိဂ် ကွင်းတွေပေါ်မှာ

ဒရုန်းတွေကို မောင်းနှင်တဲ့အတွက် ပေါင် ၁၈၀၀ ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။

zawgyi

တရားမဝင္ ဒ႐ုန္းတစ္စင္းေၾကာင့္ ပြဲကို ၁၉ မိနစ္ၾကာတဲ့အထိ ရပ္နားခဲ့ရတဲ့ ဘရန္႔ဖို႔ဒ္ ၁-၂ ဝုဖ္ပြဲ

စေနညက ကစားခဲ့တဲ့ ဘရန္႔ဖို႔ဒ္ ၁-၂ ဝုဖ္ ပြဲမွာ ကြင္းေပၚကေန ရစ္ဝဲေနတဲ့

တရားမဝင္ ဒ႐ုန္းတစ္စင္းေၾကာင့္ ပြဲကို ၁၉ မိနစ္ၾကာတဲ့အထိ ရပ္နားခဲ့ရပါတယ္။

ပထမပိုင္းကစားေနခ်ိန္ ပြဲခ်ိန္ ၃၅ မိနစ္မွာ ကြင္းအလယ္ေကာင္းကင္ေပၚမွာ

ရစ္ဝဲေနတဲ့ ဒ႐ုန္းတစ္စင္းကို ဒိုင္လူႀကီး ပီတာဘန္ကာကေတြ႕ ရွိခဲ့ၿပီး

ပြဲကို ရပ္တန္လိုက္တာပါ။

အဲ့ဒိ ဒ႐ုန္းကလည္း ပြဲကစားေနပုံကို တိုက္႐ိုက္မွတ္တမ္းယူ

႐ိုက္ကူးႏိုင္ဖို႔ ကြင္းအေပၚမွာ ဝဲပ်ံေနခဲ့တာပါ။

ပရီးမီးယားလိဂ္ရဲ႕ စည္မ်ၪ္းေတြအရေတာ့ ကြင္းဧရိယာအတြင္းကေန

ဒ႐ုန္းကြယ္ေပ်ာက္သြားတဲ့ အခ်ိန္အထိ ၂ သင္းစလုံးက

ကစားသမားေတြဟာ အဝတ္လဲခန္းအတြင္းသို႔

ျပန္လည္ဝင္ေရာက္ေနရမယ္လို႔ သတ္မွတ္ထားပါတယ္။

ဒ႐ုန္းကို ကိုင္တြယ္ထိန္းခ်ဳပ္သူရဲ႕ မကြၽမ္းက်င္မႈေၾကာင့္

ပြဲၾကည့္ ပရိသတ္ေတြ ထိခိုက္မႈျဖစ္မွာကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔

ကစားသမားေတြကို အဝတ္လဲခန္းအတြင္း ျပန္ဝင္ခိုင္းတာပါ။

ဒီအတြက္ ဘရန္႔ဖို႔ဒ္နဲ႔ ဝုဖ္ကစားသမားေတြဟာ

အဝတ္လဲခန္းအတြင္းသို႔ ျပန္ဝင္သြားခဲ့ၾကရလို႔

၁၉ မိနစ္ၾကာေအာင္ ပြဲကို ရပ္တန္႔လိုက္ရတာျဖစ္ပါတယ္။

၂ သင္းစလုံးက ကစားသမားေတြကေတာ့ ပြဲကစားေနခ်ိန္မွာ

႐ုပ္တရက္ရပ္တန္႔လိုက္ရတဲ့အတြက္ အံအားသင့္သြားခဲ့ၾကသလို

ဝုဖ္အသင္းေခါင္းေဆာင္ ကိုအာဒီဆိုရင္ ဒိုင္လူႀကီးကို

ေမးခြန္းထုတ္ခဲ့လို႔ ရွင္းလင္းျပခဲ့ရေသးပါတယ္။

ဘရန္႔ဖို႔ဒ္ဟာ လန္ဒန္မွာ အေျခစိုက္တဲ့ ပရီးမီးယားလိဂ္တန္းတက္အသင္းပါ။

သူတို႔ရဲ႕ ဘရန္႔ဖို႔ဒ္ကြန္ျမဴနတီကြင္းကလည္း လန္ဒန္ ဟိသ္သ႐ိုးေလဆိပ္မွာ

အဆင္းအတက္ျပဳလုပ္ေနတဲ့ ေလယာၪႅမ္းေၾကာင္းေတြနဲ႔ နီးကပ္စြာ တည္ရွိေနပါတယ္။

ဘရန္႔ဖို႔ဒ္ကြင္းေပၚမွာ ဝဲပ်ံေနတဲ့ ဒ႐ုန္းကလည္း

ရဟတ္ယာၪၱစ္စီးထြက္ေပၚလာတဲ့ အခ်ိန္ေရာက္မွ

ကြင္းေပၚကေန ေပ်ာက္ကြယ္သြားတာပါ။

ဒိုင္လူႀကီး ပီတာဘန္ကာကေတာ့ တရားမဝင္ ဒ႐ုန္းေၾကာင့္

လုပ္ပိုင္ခြင့္စည္းမ်ၪ္းကို က်င့္သုံးၿပီး ပြဲကို ေခတၱရပ္နားတဲ့

ပထမဆုံး ဒိုင္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ပြဲရပ္နားၿပီးေနာက္ ျပန္ကစားေစခဲ့ရာမွာလည္း ကစားသမားေတြကို

အျမန္ဆုံးေသြးပူးေလ့က်င့္ခန္းျပန္လုပ္ေစခဲ့သလို

ပထမပိုင္းကစားခ်ိန္ အခ်ိန္ပိုကိုလည္း၁၉ မိနစ္အထိ သတ္မွတ္ေပးခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ ဒီဒ႐ုန္းျဖစ္စၪၷဲ့ ပတ္သက္ၿပီး စစ္ေဆးမႈေတြ

စတင္ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။

၂၀၁၅ ခုႏွစ္အတြင္းကေတာ့ နီဂဲလ္ဝီလ္ဆင္ဆိုတဲ့သူဟာ

လီဗာပူးရဲ႕ အန္ဖီးလ္ကြင္းအပါအဝင္ ပရီးမီးယားလိဂ္ ကြင္းေတြေပၚမွာ

ဒ႐ုန္းေတြကို ေမာင္းႏွင္တဲ့အတြက္ ေပါင္ ၁၈၀၀ ဒဏ္႐ိုက္ခံခဲ့ရဖူးပါတယ္။