
ရိုးမားနည်းပြမော်ရင်ဟိုဟာ ဘရာဇီးလက်ရွေးစင်အသင်းကို





တာဝန်ယူကိုင်တွယ်သွားဖို့ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။
ဒီကိစ္စကိုဖော်ကောင်လုပ်လာသူကတော့ ၂၀၀၄ ခုနှစ်တုန်းက





မော်ရင်ဟိုနဲ့ ပေါ်တိုမှာလက်တွဲပြီး ချန်ပီယံလိဂ်ဆုဖလား
အရယူခဲ့တဲ့ တိုက်စစ်မှူးအဲလ်ဘာတို ပဲဖြစ်တယ်။
Mundo GV နဲ့ အင်တာဗျူးတစ်ခုမှာ အဲလ်ဘာတိုက





ဘရာဇီးနည်းပြအဖြစ် မော်ရင်ဟိုကိုထောက်ခံခဲ့ပြီး
တီတီနေရာအတွက် အကောင်းဆုံးအစားထိုးမှုဖြစ်လိမ့်မယ်လို့





ဆိုထားပါတယ်။ “အကုန်လုံးပြောချလိုက်ချင်ပေမဲ့
ငါမလုပ်နိုင်သေးဘူး။ နောက်မှပဲပြောတော့မယ်။
မော်ရင်ဟို ဘရာဇီးနည်းပြဖြစ်လာနိုင်ပါတယ်။





ဒါက အချက်အလက်ပါ။ ဒီအချက်အလက် ဘယ်က
လာတယ်ဆိုတာ အရေးမကြီးဘူး။ ငါ အခုပြောပြီးပြီပဲ။





ဘာကြောင့်လဲဆိုတော့ ငါ့ကိုလက်ထောက်နည်းပြအဖြစ်
ကမ်းလှမ်းထားလို့ပါ” လို့ ပေါ်တို တိုက်စစ်မှူးဟောင်းက
ဖွင့်ဟလိုက်တာဖြစ်တယ်။ အီတလီထုတ်သတင်းစာ





La Repubblica က ဘရာဇီးအသင်းဟာ မော်ရင်ဟိုကို
နည်းပြခန့်ဖို့အတွက် သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ကို





ချိတ်ဆက်ခဲ့တယ်လို့ အသိပေးထားပြီးဖြစ်တယ်။
မော်ရင်ဟိုဟာ ၂၀၁၇ ခုနှစ်ကတည်းက ဘရာဇီးအသင်းကို
ကိုင်တွယ်ဖို့လေသံပစ်ခဲ့ဖူးသူဖြစ်တယ်။ ဒါပေမဲ့ ဘရာဇီး





နိုင်ငံသားတွေထဲမှာ လက်ရွေးစင်နည်းပြဖြစ်လာနိုင်သူတွေ
ရှိပြီးသားမို့ သူ့အတွက်မလွယ်ကူပါဘူးလို့ ဝန်ခံခဲ့ပါတယ်။





ဘရာဇီးဆိုတာ အောင်မြင်မှုရဲ့ခေါင်းဆောင်ဖြစ်ပြီး
မျိုးဆက်တွေအလီလီပြောင်းသွားပေမဲ့ အရည်အချင်း
ကောင်းသူတွေအမြဲပေါ်လာတတ်တယ်လို့ စပါယ်ရှယ်ဝမ်းက ပြောဆိုထားတာဖြစ်တယ်။





zawgyi
တပည့္ေဟာင္း အဲလ္ဘာတိုကိုလက္ေထာက္နည္းျပခန႔္ၿပီး ဘရာဇီးအသင္းကို ေမာ္ရင္ဟို တာဝန္ယူသြားဖို႔ရွိတယ္





႐ိုးမားနည္းျပေမာ္ရင္ဟိုဟာ ဘရာဇီးလက္ေ႐ြးစင္အသင္းကို
တာဝန္ယူကိုင္တြယ္သြားဖို႔ရွိေနတယ္လို႔ သတင္းထြက္လာပါတယ္။
ဒီကိစၥကိုေဖာ္ေကာင္လုပ္လာသူကေတာ့ ၂၀၀၄ ခုႏွစ္တုန္းက





ေမာ္ရင္ဟိုနဲ႔ ေပၚတိုမွာလက္တြဲၿပီး ခ်န္ပီယံလိဂ္ဆုဖလား
အရယူခဲ့တဲ့ တိုက္စစ္မႉးအဲလ္ဘာတို ပဲျဖစ္တယ္။





Mundo GV နဲ႔ အင္တာဗ်ဴးတစ္ခုမွာ အဲလ္ဘာတိုက
ဘရာဇီးနည္းျပအျဖစ္ ေမာ္ရင္ဟိုကိုေထာက္ခံခဲ့ၿပီး
တီတီေနရာအတြက္ အေကာင္းဆုံးအစားထိုးမႈျဖစ္လိမ့္မယ္လို႔





ဆိုထားပါတယ္။ “အကုန္လုံးေျပာခ်လိုက္ခ်င္ေပမဲ့
ငါမလုပ္ႏိုင္ေသးဘူး။ ေနာက္မွပဲေျပာေတာ့မယ္။





ေမာ္ရင္ဟို ဘရာဇီးနည္းျပျဖစ္လာႏိုင္ပါတယ္။
ဒါက အခ်က္အလက္ပါ။ ဒီအခ်က္အလက္ ဘယ္က
လာတယ္ဆိုတာ အေရးမႀကီးဘူး။ ငါ အခုေျပာၿပီးၿပီပဲ။





ဘာေၾကာင့္လဲဆိုေတာ့ ငါ့ကိုလက္ေထာက္နည္းျပအျဖစ္
ကမ္းလွမ္းထားလို႔ပါ” လို႔ ေပၚတို တိုက္စစ္မႉးေဟာင္းက





ဖြင့္ဟလိုက္တာျဖစ္တယ္။ အီတလီထုတ္သတင္းစာ
La Repubblica က ဘရာဇီးအသင္းဟာ ေမာ္ရင္ဟိုကို
နည္းျပခန႔္ဖို႔အတြက္ သူ႔ရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကို





ခ်ိတ္ဆက္ခဲ့တယ္လို႔ အသိေပးထားၿပီးျဖစ္တယ္။
ေမာ္ရင္ဟိုဟာ ၂၀၁၇ ခုႏွစ္ကတည္းက ဘရာဇီးအသင္းကို





ကိုင္တြယ္ဖို႔ေလသံပစ္ခဲ့ဖူးသူျဖစ္တယ္။ ဒါေပမဲ့ ဘရာဇီး
ႏိုင္ငံသားေတြထဲမွာ လက္ေ႐ြးစင္နည္းျပျဖစ္လာႏိုင္သူေတြ
ရွိၿပီးသားမို႔ သူ႔အတြက္မလြယ္ကူပါဘူးလို႔ ဝန္ခံခဲ့ပါတယ္။





ဘရာဇီးဆိုတာ ေအာင္ျမင္မႈရဲ႕ေခါင္းေဆာင္ျဖစ္ၿပီး
မ်ိဳးဆက္ေတြအလီလီေျပာင္းသြားေပမဲ့ အရည္အခ်င္း





ေကာင္းသူေတြအၿမဲေပၚလာတတ္တယ္လို႔ စပါယ္ရွယ္ဝမ္းက ေျပာဆိုထားတာျဖစ္တယ္။