တန်းမဝင်သေးတဲ့ မာတင်နယ်လီကိုရွေးချယ်ခဲ့တဲ့ လုပ်ရပ်ကရှက်စရာကောင်းလွန်းတယ်လို့ ဝေဖန်ခံနေရ

အာဆင်နယ် တောင်ပံကစားသမား မာတင်နယ်လီကို အပြီးသတ်လူစာရင်းထဲ ထည့်သွင်းရွေးချယ်ခဲ့တဲ့ နည်းပြတစ်တီရဲ့လုပ်ရပ်ကို ဘရာဇီးကွင်းလယ်လူဟောင်းနက်တိုက

ဝေဖန်သွားခဲ့ပါတယ်။ တစ်တီဟာ မာတင်နယ်လီကို ဟာသလုပ်ပြီ းကာတာခေါ်သွားခဲ့တာဖြစ်သလို ဘောလုံးနဲ့ပတ်သတ်လို့လေးစားမှုကင်းမဲ့ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်မာတင်နယ်လီဟာ ၂၀၁၈ ကမ္ဘာ့ဖလားကစားနေချိန်အတွင်း ဘရာဇီးစတုတ္ထတန်းလိဂ်မှာသာ ကစားနေခဲ့ရသူဖြစ်ပေမဲ့ ဒီရာသီမှာ အာဆင်နယ်နဲ့အတူ

စူပါစတားဖြစ်ခဲ့တဲ့သူ့ကို တစ်တီက အပြီးသတ်လူစာရင်းထဲထည့် သွင်းခဲ့တာဖြစ်တယ်။ နက်တိုကတော့ ဒါကို ‘ဘေးဆိုးကြီး’ လို့တံဆိပ်ကပ်ခဲ့သလို ဖလာမင်ဂိုမှာခြေစွမ်းပြနေပြီး

မာတင်နယ်လီရဲ့စီနီယာလိုဖြစ်နေတဲ့ ဂါဘီဂိုးလ်ကို အရှက်ခွဲသလိုဖြစ်ခဲ့တယ်လို့ယူဆနေပါတယ်။ ဒါ့အပြင် တစ်တီဟာ ကာတာမှာ ဘရာဇီးနည်းပြအဖြစ်ရှိမနေသင့်ဘူးလို့

ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်ပါတယ်။ “ဒါဟာရှက်စရာ၊ ဟာသတစ်ခုပါ။ ကျွန်တော်သူ့အစားရှက်လိုက်တာ။ ဒန်နီအဲလ်ဗက်စ်ရဲ့ဇာတ်လမ်းကြောင့်မဟုတ်ပါဘူး။

မာတင်နယ်လီဇာတ်လမ်းက ဘာလဲ။ ကစားသမားဘ၀ ၃၃ ဂိုး ကြောင့်လား။ ဒါကရှက်စရာဖြစ်ပြီး ဘောလုံးကို လေးစားမှုမရှိတာပါပဲ။ ဘောလုံးနဲ့ပတ်သတ်လို့

ဒီလိုလုပ်တာဟာ ဒီရာထူးနဲ့ မင်း မထိုက်တန်တာကို ပြသတာပါပဲ။ မာတင်နယ်လီကိုခေါ်ပြီး ဂါဘီဂိုးလ်ကိုထားခဲ့တာဟာ လေးစားမှုကင်းမဲ့တာပါ။

ခေါ်ယူမှုအားလုံးထဲမှာ အကြီးမားဆုံး အရှက်ရစရာပါပဲ” Os Donos da Bola ရုပ်သံကတစ်ဆင့် ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

(Zawgyi)

တန္းမဝင္ေသးတဲ့ မာတင္နယ္လီကိုေ႐ြးခ်ယ္ခဲ့တဲ့ လုပ္ရပ္ကရွက္စရာေကာင္းလြန္းတယ္လို႔ ေဝဖန္ခံေနရ

အာဆင္နယ္ ေတာင္ပံကစားသမား မာတင္နယ္လီကို အၿပီးသတ္လူစာရင္းထဲ ထည့္သြင္းေ႐ြးခ်ယ္ခဲ့တဲ့ နည္းျပတစ္တီရဲ႕လုပ္ရပ္ကို ဘရာဇီးကြင္းလယ္လူေဟာင္းနက္တိုက

ေဝဖန္သြားခဲ့ပါတယ္။ တစ္တီဟာ မာတင္နယ္လီကို ဟာသလုပ္ၿပီ းကာတာေခၚသြားခဲ့တာျဖစ္သလို ေဘာလုံးနဲ႔ပတ္သတ္လို႔ေလးစားမႈကင္းမဲ့ခဲ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

အသက္ ၂၁ႏွစ္ အ႐ြယ္မာတင္နယ္လီဟာ ၂၀၁၈ ကမာၻ႔ဖလားကစားေနခ်ိန္အတြင္း ဘရာဇီးစတုတၳတန္းလိဂ္မွာသာ ကစားေနခဲ့ရသူျဖစ္ေပမဲ့ ဒီရာသီမွာ

အာဆင္နယ္နဲ႔အတူ စူပါစတားျဖစ္ခဲ့တဲ့သူ႔ကို တစ္တီက အၿပီးသတ္လူစာရင္းထဲထည့္ သြင္းခဲ့တာျဖစ္တယ္။ နက္တိုကေတာ့ ဒါကို ‘ေဘးဆိုးႀကီး’ လို႔တံဆိပ္ကပ္ခဲ့သလို

ဖလာမင္ဂိုမွာေျခစြမ္းျပေနၿပီး မာတင္နယ္လီရဲ႕စီနီယာလိုျဖစ္ေနတဲ့ ဂါဘီဂိုးလ္ကို အရွက္ခြဲသလိုျဖစ္ခဲ့တယ္လို႔ယူဆေနပါတယ္။ ဒါ့အျပင္ တစ္တီဟာ ကာတာမွာ

ဘရာဇီးနည္းျပအျဖစ္ရွိမေနသင့္ဘူးလို႔ ျပင္းျပင္းထန္ထန္ထိုးႏွက္လိုက္ပါတယ္။ “ဒါဟာရွက္စရာ၊ ဟာသတစ္ခုပါ။ ကြၽန္ေတာ္သူ႔အစားရွက္လိုက္တာ။

ဒန္နီအဲလ္ဗက္စ္ရဲ႕ဇာတ္လမ္းေၾကာင့္မဟုတ္ပါဘူး။ မာတင္နယ္လီဇာတ္လမ္းက ဘာလဲ။ ကစားသမားဘ၀ ၃၃ ဂိုး ေၾကာင့္လား။ ဒါကရွက္စရာျဖစ္ၿပီး ေဘာလုံးကိုေလးစားမႈမရွိတာပါပဲ။

ေဘာလုံးနဲ႔ပတ္သတ္လို႔ ဒီလိုလုပ္တာဟာ ဒီရာထူးနဲ႔မင္းမထိုက္တန္တာကို ျပသတာပါပဲ။ မာတင္နယ္လီကိုေခၚၿပီး ဂါဘီဂိုးလ္ကိုထားခဲ့တာဟာ ေလးစားမႈကင္းမဲ့တာပါ။

ေခၚယူမႈအားလုံးထဲမွာ အႀကီးမားဆုံးအရွက္ရစရာပါပဲ” Os Donos da Bola ႐ုပ္သံကတစ္ဆင့္ ျပင္းျပင္းထန္ထန္ ေဝဖန္သြားပါတယ္။