တန်းမဆင်းရဖို့ရုန်းကန်နေရတဲ့ နယူးကာဆယ်အသင်းကိုပြောင်းဖို့ ငြင်းပယ်ခဲ့တဲ့ ဟာဇတ်

ရီးရဲမက်ဒရစ်အသင်းတောင်ပံကစားသမား အီဒင်ဟာဇတ် ဟာ

အခုဇန်နဝါရီဈေးကွက်ထဲမှာ နယူးကာဆယ်အသင်းကိုပြောင်းဖို့

ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာသူ့အနေနဲ့ ပရီးမီးယားလိဂ်ကိုပြန်သွားရမယ့်အခွင့်အရေးကို

လက်လွတ်ခံလိုက်တာလည်းဖြစ်ပါတယ်။

စပိန်သတင်းတွေအရ နယူးကာဆယ်ဟာ ဟာဇတ်အတွက်

ကနဦးပြောင်းရွှေ့ကြေးပေါင် ၃၃.၄ သန်းပေးဖို့နဲ့

ထပ်ဆောင်းကြေးပေါင် ၈.၃ သန်းထပ်ပေးဖို့

ရီးရဲလ်နဲ့ သဘောတူခဲ့တယ်လို့ဆိုပါတယ်။

ဟာဇတ်ဟာ ၂၀၁၉ ကချဲလ်ဆီးကနေ ကနဦးပြောင်းရွှေ့ကြေးပေါင် ၈၈ သန်း

(စုစုပေါင်းတန်ကြေးပေါင် ၁၀၅ သန်း)နဲ့ ရီးရဲလ်ကိုပြောင်းသွားပေမယ့်

ချဲလ်ဆီးကခြေစွမ်းမျိုးလုံးဝပြန်မရခဲ့ဘဲ ဒဏ်ရာပြဿနာတွေနဲ့လည်း

ဆက်တိုက်ဆိုသလိုကြုံခဲ့ရတာပါ။

ဒါကြောင့်လည်း ဟာဇတ်ဟာ လက်ရှိရီးရဲလ်နည်းပြ ကားလို့အန်စလော့တီ

လက်ထက်မှာဦးစားပေးနေရာမရခဲ့တော့ဘဲ သူ့နေရာမှာ ဗီနီစီးယက်စ်နဲ့

ရိုဒရိုင်ဂို တို့ကသာပုံမှန်နေရာရနေတာပါ။

ရီးရဲလ်ဟာ လာမယ့်နွေရာသီမှာ ဟာလန်းဒါမှမဟုတ် အလွတ်ကြေးနဲ့ရမယ့်

ဘာပေ ကိုခေါ်ဖို့ပြင်ဆင်ထားပြီးဖြစ်လို့ အသက်၃၀ ရှိပြီဖြစ်တဲ့

ဟာဇတ်ကိုဒီဈေးကွက်ထဲမှာတင်ရောင်းချဖို့ ဥက္ကဌ ပီရက်ဇ် ကစီစဥ်ခဲ့ပြီး

နယူးကာဆယ်ရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဟာဇတ်က သူ့အနေနဲ့တန်းမဆင်းရဖို့ရုန်းကန်နေရတဲ့အသင်းကို

မသွားချင်ဘဲ ပိုပြီးအဆင့်မြင့်တဲ့ကလပ်တစ်ခုဆီသာ

ပြောင်းချင်လို့နယူးကာဆယ်ကိုပြောင်းဖို့ငြင်းပယ်ခဲ့တာဖြစ်တယ်လို့

El Nacional ကဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသားကျောထောက်နောက်ခံပေးထားတဲ့

အဖွဲ့ကပိုင်ဆိုင်သွားပြီဖြစ်လို့ နေ့ချင်းညချင်း

ကမ္ဘာ့အချမ်းသာဆုံးအားကစားကလပ်ဖြစ်လာတာပါ။

ဒါပေမယ့်လက်ရှိမှာတန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အပြင်

ဘာအစဥ်အလာမှလည်းမရှိတဲ့အတွက် သူတို့ငွေကြေးချမ်းသာလည်း

ဘောလုံးနဲ့တွက်ကြည့်ရင်တော့ မလောက်လေးမလောက်စားအဆင့်မှာသာရှိနေတာပါ။

ဒါကြောင့်လည်းလက်ရှိမှာတန်းမဆင်းရဖို့ရုန်းကန်နေပြီး

နည်းပြအက်ဒီဟိုဝီက ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်လိုနေပေမယ့်

တော်ရုံနဲ့မလာချင်ကြတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇတ်ဟာ ၂၀၁၂ ကလိုင်လီကနေ

ချဲလ်ဆီးကိုပြောင်းလာသူဖြစ်ပြီး ၃၅၂ ပွဲကစားကာ

၁၁၀ ဂိုးသွင်းပြီး ၉၂ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

zawgyi

တန္းမဆင္းရဖို႔႐ုန္းကန္ေနရတဲ့ နယူးကာဆယ္အသင္းကိုေျပာင္းဖို႔ ျငင္းပယ္ခဲ့တဲ့ ဟာဇတ္

ရီးရဲမက္ဒရစ္အသင္းေတာင္ပံကစားသမား အီဒင္ဟာဇတ္ ဟာ

အခုဇန္နဝါရီေဈးကြက္ထဲမွာ နယူးကာဆယ္အသင္းကိုေျပာင္းဖို႔

ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

ဒါဟာသူ႔အေနနဲ႔ ပရီးမီးယားလိဂ္ကိုျပန္သြားရမယ့္အခြင့္အေရးကို

လက္လြတ္ခံလိုက္တာလည္းျဖစ္ပါတယ္။

စပိန္သတင္းေတြအရ နယူးကာဆယ္ဟာ ဟာဇတ္အတြက္

ကနဦးေျပာင္းေ႐ႊ႕ေၾကးေပါင္ ၃၃.၄ သန္းေပးဖို႔နဲ႔

ထပ္ေဆာင္းေၾကးေပါင္ ၈.၃ သန္းထပ္ေပးဖို႔

ရီးရဲလ္နဲ႔ သေဘာတူခဲ့တယ္လို႔ဆိုပါတယ္။

ဟာဇတ္ဟာ ၂၀၁၉ ကခ်ဲလ္ဆီးကေန ကနဦးေျပာင္းေ႐ႊ႕ေၾကးေပါင္ ၈၈ သန္း

(စုစုေပါင္းတန္ေၾကးေပါင္ ၁၀၅ သန္း)နဲ႔ ရီးရဲလ္ကိုေျပာင္းသြားေပမယ့္

ခ်ဲလ္ဆီးကေျခစြမ္းမ်ိဳးလုံးဝျပန္မရခဲ့ဘဲ ဒဏ္ရာျပႆနာေတြနဲ႔လည္း

ဆက္တိုက္ဆိုသလိုႀကဳံခဲ့ရတာပါ။

ဒါေၾကာင့္လည္း ဟာဇတ္ဟာ လက္ရွိရီးရဲလ္နည္းျပ ကားလို႔အန္စေလာ့တီ

လက္ထက္မွာဦးစားေပးေနရာမရခဲ့ေတာ့ဘဲ သူ႔ေနရာမွာ ဗီနီစီးယက္စ္နဲ႔

႐ိုဒ႐ိုင္ဂို တို႔ကသာပုံမွန္ေနရာရေနတာပါ။

ရီးရဲလ္ဟာ လာမယ့္ေႏြရာသီမွာ ဟာလန္းဒါမွမဟုတ္ အလြတ္ေၾကးနဲ႔ရမယ့္

ဘာေပ ကိုေခၚဖို႔ျပင္ဆင္ထားၿပီးျဖစ္လို႔ အသက္၃၀ ရွိၿပီျဖစ္တဲ့

ဟာဇတ္ကိုဒီေဈးကြက္ထဲမွာတင္ေရာင္းခ်ဖို႔ ဥကၠဌ ပီရက္ဇ္ ကစီစဥ္ခဲ့ၿပီး

နယူးကာဆယ္ရဲ႕ကမ္းလွမ္းမႈကိုလက္ခံခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဟာဇတ္က သူ႔အေနနဲ႔တန္းမဆင္းရဖို႔႐ုန္းကန္ေနရတဲ့အသင္းကို

မသြားခ်င္ဘဲ ပိုၿပီးအဆင့္ျမင့္တဲ့ကလပ္တစ္ခုဆီသာ

ေျပာင္းခ်င္လို႔နယူးကာဆယ္ကိုေျပာင္းဖို႔ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔

El Nacional ကေဖာ္ျပခဲ့ပါတယ္။

နယူးကာဆယ္အသင္းကို ေဆာ္ဒီအိမ္ေရွ႕မင္းသားေက်ာေထာက္ေနာက္ခံေပးထားတဲ့

အဖြဲ႕ကပိုင္ဆိုင္သြားၿပီျဖစ္လို႔ ေန႔ခ်င္းညခ်င္း

ကမာၻ႔အခ်မ္းသာဆုံးအားကစားကလပ္ျဖစ္လာတာပါ။

ဒါေပမယ့္လက္ရွိမွာတန္းမဆင္းရဖို႔ ႐ုန္းကန္ေနရတဲ့အျပင္

ဘာအစဥ္အလာမွလည္းမရွိတဲ့အတြက္ သူတို႔ေငြေၾကးခ်မ္းသာလည္း

ေဘာလုံးနဲ႔တြက္ၾကည့္ရင္ေတာ့ မေလာက္ေလးမေလာက္စားအဆင့္မွာသာရွိေနတာပါ။

ဒါေၾကာင့္လည္းလက္ရွိမွာတန္းမဆင္းရဖို႔႐ုန္းကန္ေနၿပီး

နည္းျပအက္ဒီဟိုဝီက ကစားသမားေကာင္းေတြ ေခၚယူအားျဖည့္လိုေနေပမယ့္

ေတာ္႐ုံနဲ႔မလာခ်င္ၾကတာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ ဟာဇတ္ဟာ ၂၀၁၂ ကလိုင္လီကေန

ခ်ဲလ္ဆီးကိုေျပာင္းလာသူျဖစ္ၿပီး ၃၅၂ ပြဲကစားကာ

၁၁၀ ဂိုးသြင္းၿပီး ၉၂ ဂိုးဖန္တီးေပးခဲ့သူျဖစ္ပါတယ္။