တန်းဆင်းရလည်း ဂရုမစိုက်ဘူးဆိုတဲ့ အဲဗာတန်ပရိသတ်

လာမယ့်စနေနေ့ကျရင် ဂူဒီဆင်ပါ့ခ်ကွင်းမှာ ကစားမယ့် အဲဗာတန်နဲ့

မန်စီးတီးတို့ရဲ့ပွဲကိုစိတ်ဝင်စားမှုမြင့်တက်နေပြီး ဒီပွဲအတွက်

လက်မှတ်တွေကိုလည်းပြီးခဲ့တဲ့ နှစ်ပတ်ကတည်းက ကုန်အောင်

ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။ ဒါဟာ အဲဗာတန် ပရိသတ်တွေက

သူတို့အသင်း မန်စီးတီးကိုအနိုင်ရဖို့ ဘယ်လောက်အထိ

စိတ်အားထက်သန်နေသလဲဆိုတာကိုလည်း ပြသ နေတာပါ။

အဲဗာတန်ဟာ နည်းပြလမ်းပတ်နဲ့အတူ တိုးတက်မှုတွေရှိလာလို့ အိမ်ကွင်းမှ

ာမန်စီးတီးကိုဒုက္ခပေးနိုင်စွမ်းလည်း ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်က

မန်စီးတီးက စပါးကိုရှုံးပြီး လီဗာပူးက နော်ဝစ်ချ်ကိုနိုင်ပြီးတဲ့နောက်မှာ

အဲဗာတန်ပရိသတ်တွေရဲ့အမြင်ပြောင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကရလဒ်ကြောင့်

မန်စီးတီးဟာထိပ်ဆုံးကနေဦးဆောင် နေဆဲဖြစ်ပေမယ့် ဒုတိယနေရာကလီဗာပူးနဲ့

၃ မှတ်သာကွာဟတော့တာပါ။ ဒါကြောင့် လီဗာပူးအနေနဲ့ ချန်ပီယံဖြစ်ခွင့်

အပြည့်အဝရှိနေသေးတာပါ။ လီဗာပူးဆိုတာ ကလော့ပ်လက်ထက်မှာ

အများကြီးတိုးတက်လာခဲ့ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီ မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာပါ။

ဒါကြောင့် လီဗာပူးရဲ့ ရန်သူလည်းဖြစ် မြို့ခံပြိုင်ဘက်လည်းဖြစ်တဲ့ အဲဗာတန်အသင်းရဲ့

ပရိသတ်အချို့က သူတို့တွေရှုံးချင်ရှုံးပါစေ လီဗာပူး ဖလားမရဖို့သာအရေးကြီးတယ်လို့

ခံယူလာကြတာပါ။ အဲဗာတန် ဟာလက်ရှိမှာ ၂၂ မှတ်နဲ့အဆင့် ၁၆ မှာရပ်တည်နေပြီး

မန်စီးတီးကိုရှုံးခဲ့ရင်တန်းဆင်းဇုန်နဲ့ပိုပြီး နီးစပ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း

ကိုယ့်ရန်သူရဲ့ ရန်သူက ကိုယ့်မိတ်ဆွေ ဆိုတဲ့စကားအတိုင်းအခုချိန်မှာ လီဗာပူးရဲ့

ရန်သူစာရင်းဝင်ဖြစ်နေ တဲ့ မန်စီးတီးက အဲဗာတန်ရဲ့မိတ်ဆွေဖြစ်သွားပါပြီ။

လီဗာပူးဟာ ဗုဒ္ဓဟူးနေ့မှာ လိဒ်နဲ့အိမ်ကွင်းကစားရမှာဖြစ်ပြီး အဲဒီပွဲကို သူတို့နိုင်ခဲ့ရင်

စနေနေ့မှာ မန်စီးတီးကို ရှုံးချင်ရှုံးပါစေ ဆိုတဲ့ခံစားချက်တွေ ပရိသတ်ကြားထဲမှ

ာဖြစ်ပေါ်နေတာပါ။ ဒါကြောင့် လည်း အဲဗာတန်ပရိသတ်တစ်ဦးက တွစ်တာပေါ်မှာ

အခုလိုဘဲတင်ခဲ့ပါတယ်။

သူက” ဝမ်းနည်းစရာဖြစ်ပေမယ့် ငါ့ခံစားချက်ကိုပြောဖို့တော့မရှက်ပါဘူး။ လီဗာပူးသာ

ဗုဒ္ဓဟူးနေ့မှာနိုင်သွားရင် မန်စီးတီးက ငါတို့ကို စနေနေ့မှာနိုင်ဖို့ဆန္ဒပြုမိတယ်။

မန်စီးတီးကိုရှုံးရင် အောက်ကိုပိုရောက်သွားနိုင်ပေမယ့် လီဗာပူးကိုကိုတော့

နောက်ထပ်ဖလားရယူခွင့်မပေးနိုင်ဘူး။ သူတို့ ဖလားရမှာထက်စာရင် မန်စီတီးကို

အရှုံးခံလိုက်မယ်” လို့ရေးခဲ့တာပါ။ အဲဗာတန်ပရိသတ်တွေဟာ အရင်တုန်းကလည်း

သူတို့ရှုံးရင်လည်းလီဗာပူးကို ထိခိုက်စေတဲ့ရလဒ်မျိုးဆိုရင် ဝမ်းပန်းတသာ လက်ခံကြလို့

သူတို့နှစ်သင်းကြားမှာပိုပြီးတင်းမာမှုတွေရှိလာခဲ့ပါတယ်။ သူတို့နှစ်သင်းတွေ့တဲ့

မာဆေးဆိုက်ဒ်ဒါဘီဟာ က မ္ဘာပေါ်က ဒါဘီပွဲတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ဖြစ်ပါတယ်။

Zawgyi

တန္းဆင္းရလည္း ဂရုမစိုက္ဘူးဆိုတဲ့ အဲဗာတန္ပရိသတ္

လာမယ့္စေနေန႔က်ရင္ ဂူဒီဆင္ပါ့ခ္ကြင္းမွာ ကစားမယ့္ အဲဗာတန္နဲ႔

မန္စီးတီးတို႔ရဲ႕ပြဲကိုစိတ္ဝင္စားမႈျမင့္တက္ေနၿပီး ဒီပြဲအတြက္

လက္မွတ္ေတြကိုလည္းၿပီးခဲ့တဲ့ ႏွစ္ပတ္ကတည္းက ကုန္ေအာင္

ေရာင္းခ်ခဲ့ရၿပီးျဖစ္ပါတယ္။ ဒါဟာ အဲဗာတန္ ပရိသတ္ေတြက

သူတို႔အသင္း မန္စီးတီးကိုအႏိုင္ရဖို႔ ဘယ္ေလာက္အထိ

စိတ္အားထက္သန္ေနသလဲဆိုတာကိုလည္း ျပသ ေနတာပါ။

အဲဗာတန္ဟာ နည္းျပလမ္းပတ္နဲ႔အတူ တိုးတက္မႈေတြရွိလာလို႔ အိမ္ကြင္းမွ

ာမန္စီးတီးကိုဒုကၡေပးႏိုင္စြမ္းလည္း ရွိေနပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့တစ္ပတ္က

မန္စီးတီးက စပါးကိုရႈံးၿပီး လီဗာပူးက ေနာ္ဝစ္ခ်္ကိုႏိုင္ၿပီးတဲ့ေနာက္မွာ

အဲဗာတန္ပရိသတ္ေတြရဲ႕အျမင္ေျပာင္းသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ကရလဒ္ေၾကာင့္

မန္စီးတီးဟာထိပ္ဆုံးကေနဦးေဆာင္ ေနဆဲျဖစ္ေပမယ့္ ဒုတိယေနရာကလီဗာပူးနဲ႔

၃ မွတ္သာကြာဟေတာ့တာပါ။ ဒါေၾကာင့္ လီဗာပူးအေနနဲ႔ ခ်န္ပီယံျဖစ္ခြင့္

အျပည့္အဝရွိေနေသးတာပါ။ လီဗာပူးဆိုတာ ကေလာ့ပ္လက္ထက္မွာ

အမ်ားႀကီးတိုးတက္လာခဲ့ၿပီး ၂၀၁၉-၂၀ ေဘာလုံးရာသီ မွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တာပါ။

ဒါေၾကာင့္ လီဗာပူးရဲ႕ ရန္သူလည္းျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္လည္းျဖစ္တဲ့ အဲဗာတန္အသင္းရဲ႕

ပရိသတ္အခ်ိဳ႕က သူတို႔ေတြရႈံးခ်င္ရႈံးပါေစ လီဗာပူး ဖလားမရဖို႔သာအေရးႀကီးတယ္လို႔

ခံယူလာၾကတာပါ။ အဲဗာတန္ ဟာလက္ရွိမွာ ၂၂ မွတ္နဲ႔အဆင့္ ၁၆ မွာရပ္တည္ေနၿပီး

မန္စီးတီးကိုရႈံးခဲ့ရင္တန္းဆင္းဇုန္နဲ႔ပိုၿပီး နီးစပ္သြားႏိုင္ပါတယ္။ ဒါေပမယ့္လည္း

ကိုယ့္ရန္သူရဲ႕ ရန္သူက ကိုယ့္မိတ္ေဆြ ဆိုတဲ့စကားအတိုင္းအခုခ်ိန္မွာ လီဗာပူးရဲ႕

ရန္သူစာရင္းဝင္ျဖစ္ေန တဲ့ မန္စီးတီးက အဲဗာတန္ရဲ႕မိတ္ေဆြျဖစ္သြားပါၿပီ။

လီဗာပူးဟာ ဗုဒၶဟူးေန႔မွာ လိဒ္နဲ႔အိမ္ကြင္းကစားရမွာျဖစ္ၿပီး အဲဒီပြဲကို သူတို႔ႏိုင္ခဲ့ရင္

စေနေန႔မွာ မန္စီးတီးကို ရႈံးခ်င္ရႈံးပါေစ ဆိုတဲ့ခံစားခ်က္ေတြ ပရိသတ္ၾကားထဲမွ

ာျဖစ္ေပၚေနတာပါ။ ဒါေၾကာင့္ လည္း အဲဗာတန္ပရိသတ္တစ္ဦးက တြစ္တာေပၚမွာ

အခုလိုဘဲတင္ခဲ့ပါတယ္။

သူက” ဝမ္းနည္းစရာျဖစ္ေပမယ့္ ငါ့ခံစားခ်က္ကိုေျပာဖို႔ေတာ့မရွက္ပါဘူး။ လီဗာပူးသာ

ဗုဒၶဟူးေန႔မွာႏိုင္သြားရင္ မန္စီးတီးက ငါတို႔ကို စေနေန႔မွာႏိုင္ဖို႔ဆႏၵျပဳမိတယ္။

မန္စီးတီးကိုရႈံးရင္ ေအာက္ကိုပိုေရာက္သြားႏိုင္ေပမယ့္ လီဗာပူးကိုကိုေတာ့

ေနာက္ထပ္ဖလားရယူခြင့္မေပးႏိုင္ဘူး။ သူတို႔ ဖလားရမွာထက္စာရင္ မန္စီတီးကို

အရႈံးခံလိုက္မယ္” လို႔ေရးခဲ့တာပါ။ အဲဗာတန္ပရိသတ္ေတြဟာ အရင္တုန္းကလည္း

သူတို႔ရႈံးရင္လည္းလီဗာပူးကို ထိခိုက္ေစတဲ့ရလဒ္မ်ိဳးဆိုရင္ ဝမ္းပန္းတသာ လက္ခံၾကလို႔

သူတို႔ႏွစ္သင္းၾကားမွာပိုၿပီးတင္းမာမႈေတြရွိလာခဲ့ပါတယ္။ သူတို႔ႏွစ္သင္းေတြ႕တဲ့

မာေဆးဆိုက္ဒ္ဒါဘီဟာ က မာၻေပၚက ဒါဘီပြဲေတြထဲမွာ အေကာင္းဆုံးစာရင္းဝင္ျဖစ္ပါတယ္။