တန်းဆင်းဇုန်ထဲရောက်တော့မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အိမ်ကွင်းမှာ

ဝုလ်ဗ်အသင်းကို(၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် (၃၁)မှတ်နဲ့အဆင့်(၇)နေရာမှ

ာရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ရုန်းကန်ရတော့မှ

ာဖြစ်သလို တကယ်လို့ အဆင့်(၄)အတွင်းမဝင်ခဲ့ရင်တော့ ပေါင်(၈၆)သန်း

အထိ ငွေကြေးဆုံးရှုံးမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့ရပေမယ့်

ဝုလ်ဗ်အသင်းကို အသာမရခဲ့ဘဲ ပြိုင်ဘက်အသင်းထက်တောင်

ဂိုးပေါက်ကန်သွင်းမှု၊ ဂိုးပေါက်တည့်မှုအကြိမ်တွေက

ပိုနည်းခဲ့ပြီး ဝုလ်ဗ်အသင်းဝါရင့်ကွင်းလယ်လူမော်တင်ဟိုရဲ့ လှပတဲ့

သွင်းဂိုးကြောင့်(၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို ၁၉၈၀ နောက်ပိုင်း အိုးလ်

ထရက်ဖို့ဒ်မှာ ဝုလ်ဗ်ကို ပထမဆုံးအကြိမ်ရှုံးနိမ့်ခဲ့ရပါတယ်။ အခုဆိုရင်

ယူနိုက်တက်အသင်းဟာ အဆင့်(၄)နေရာက အာဆင်နယ်နဲ့(၄)မှတ်

ကွာဟနေပြီး နည်းပြကွန်တီနဲ့အတူရလဒ်ကောင်းတွေရယူနေတဲ့

စပါးအသင်းနဲ့(၂)မှတ်ကွာနေပြီဖြစ်ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းအခြေအနေက ထိပ်ဆုံး

မှာရှိနေတဲ့ မန်စီးတီးကို အမီလိုက်နိုင်ဖို့ထက် အမှတ်ပေးဇယား

အောက်ခြေက နောဝစ်ချ်နဲ့တန်းဆင်းဇုန်ထဲအတူရပ်တည်ဖို့က

ရာခိုင်နှုန်းပိုများနေပါပြီ။ ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်

ဝင်ခွင့်ရဖို့အတွက် ရာသီဝက်လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်း

ရယူနိုင်ဖို့လိုအပ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရရင်တော့ ကြီးမားတဲ့

ငွေကြေးဆုံးရှုံးမှုနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်

ရယူနိုင်ရင် ဆုကြေးငွေတွေအပါအဝင် ဘောလုံးတစ်ချက်မှ

မထိရသေးခင်မှာဘဲ ဝင်ငွေအဖြစ် ပေါင်(၄၆)သန်းအထိရရှိမှာ

ဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်မှာဆိုရင်တော့ ပေါင်(၈၆)သန်းအထိ

ရရှိမှာဖြစ်တာကြောင့် ရန်နစ်ခ်အနေနဲ့ ယူနိုက်တက်အသင်း

ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်မဖြစ်မနေစွမ်းဆောင်ပေးရမှာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်ဖေဖော်ဝါရီလမှာ ချန်ပီယံလိဂ်

ရှုံးထွက်(၁၆)သင်းအဆင့်အဖြစ် အက်သလက်တီကိုနဲ့ရင်ဆိုင်ရမှာ

ဖြစ်ပြီး ဒီကြားကာလမှာတော့ အက်စတွန်ဗီလာ၊ ဝက်စ်ဟမ်း၊

ဘန်လေ၊ ဆောက်သမ်တန်၊ လိဒ်စ်တို့နဲ့ကစားရမှာဖြစ်ပါတယ်။

Zawgyi

တန္းဆင္းဇုန္ထဲေရာက္ေတာ့မယ့္ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တနလၤာေန႔က အိမ္ကြင္းမွာ

ဝုလ္ဗ္အသင္းကို(၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ (၃၁)မွတ္နဲ႔အဆင့္(၇)ေနရာမွ

ာရပ္တည္ေနၿပီး လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔႐ုန္းကန္ရေတာ့မွ

ာျဖစ္သလို တကယ္လို႔ အဆင့္(၄)အတြင္းမဝင္ခဲ့ရင္ေတာ့ ေပါင္(၈၆)သန္း

အထိ ေငြေၾကးဆုံးရႈံးမွာျဖစ္ပါတယ္။

 

ယူႏိုက္တက္အသင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာကစားခဲ့ရေပမယ့္

ဝုလ္ဗ္အသင္းကို အသာမရခဲ့ဘဲ ၿပိဳင္ဘက္အသင္းထက္ေတာင္

ဂိုးေပါက္ကန္သြင္းမႈ၊ ဂိုးေပါက္တည့္မႈအႀကိမ္ေတြက

ပိုနည္းခဲ့ၿပီး ဝုလ္ဗ္အသင္းဝါရင့္ကြင္းလယ္လူေမာ္တင္ဟိုရဲ႕ လွပတဲ့

သြင္းဂိုးေၾကာင့္(၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့သလို ၁၉၈၀ ေနာက္ပိုင္း အိုးလ္

ထရက္ဖို႔ဒ္မွာ ဝုလ္ဗ္ကို ပထမဆုံးအႀကိမ္ရႈံးနိမ့္ခဲ့ရပါတယ္။ အခုဆိုရင္

ယူႏိုက္တက္အသင္းဟာ အဆင့္(၄)ေနရာက အာဆင္နယ္နဲ႔(၄)မွတ္

ကြာဟေနၿပီး နည္းျပကြန္တီနဲ႔အတူရလဒ္ေကာင္းေတြရယူေနတဲ့

စပါးအသင္းနဲ႔(၂)မွတ္ကြာေနၿပီျဖစ္ပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းအေျခအေနက ထိပ္ဆုံး

မွာရွိေနတဲ့ မန္စီးတီးကို အမီလိုက္ႏိုင္ဖို႔ထက္ အမွတ္ေပးဇယား

ေအာက္ေျခက ေနာဝစ္ခ်္နဲ႔တန္းဆင္းဇုန္ထဲအတူရပ္တည္ဖို႔က

ရာခိုင္ႏႈန္းပိုမ်ားေနပါၿပီ။ ယူႏိုက္တက္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္

ဝင္ခြင့္ရဖို႔အတြက္ ရာသီဝက္လက္က်န္ပြဲေတြမွာ ရလဒ္ေကာင္း

ရယူႏိုင္ဖို႔လိုအပ္ေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္မရရင္ေတာ့ ႀကီးမားတဲ့

ေငြေၾကးဆုံးရႈံးမႈနဲ႔ရင္ဆိုင္ရမွာပဲျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္

ရယူႏိုင္ရင္ ဆုေၾကးေငြေတြအပါအဝင္ ေဘာလုံးတစ္ခ်က္မွ

မထိရေသးခင္မွာဘဲ ဝင္ေငြအျဖစ္ ေပါင္(၄၆)သန္းအထိရရွိမွာ

ျဖစ္ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္မွာဆိုရင္ေတာ့ ေပါင္(၈၆)သန္းအထိ

ရရွိမွာျဖစ္တာေၾကာင့္ ရန္နစ္ခ္အေနနဲ႔ ယူႏိုက္တက္အသင္း

ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္မျဖစ္မေနစြမ္းေဆာင္ေပးရမွာပါ။

ယူႏိုက္တက္အသင္းဟာ လာမယ့္ေဖေဖာ္ဝါရီလမွာ ခ်န္ပီယံလိဂ္

ရႈံးထြက္(၁၆)သင္းအဆင့္အျဖစ္ အက္သလက္တီကိုနဲ႔ရင္ဆိုင္ရမွာ

ျဖစ္ၿပီး ဒီၾကားကာလမွာေတာ့ အက္စတြန္ဗီလာ၊ ဝက္စ္ဟမ္း၊

ဘန္ေလ၊ ေဆာက္သမ္တန္၊ လိဒ္စ္တို႔နဲ႔ကစားရမွာျဖစ္ပါတယ္။