
နယူးကာဆယ်အသင်းညာနောက်ခံလူ ထရစ်ပီယာဟာ
လာလီဂါရဲ့လက်ရှိချန်ပီယံလည်းဖြစ်၊ ချန်ပီယံလိဂ်မှာလည်း
၁၆ သင်းအဆင့် ကိုတက်ရောက်ထားတဲ့အသင်းလည်းဖြစ်တဲ့
အက်သလက်တီကို ကိုစွန့်ခွာပြီး ပရီးမီးယားလိဂ်မှာ
တန်းမဆင်းရဖို့ရုန်းကန်နေရတဲ့ နယူးကာဆယ်အသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ထရစ်ပီယာ ဟာပြီးခဲ့တဲ့သောကြာနေ့တုန်းက
နယူးကာဆယ်နဲ့ ၂ နှစ်ခွဲစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သူဖြစ်ပါတယ်။
သူဟာ ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်ထောက်ပံ့ ပေးထားလို့
နယူးကာဆယ်အသင်း ကမ္ဘာ့အချမ်းသာဆုံးဘောလုံးကလပ်ဖြစ်လာပြီးနောက်ပိုင်း
ပထမဆုံးခေါ်ယူနိုင်ခဲ့တဲ့သူလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိမှာနယူးကာဆယ်ဟာအဆင့် ၁၉ မှာရပ်တည်နေလို့
အချိန်မရွေးတန်းဆင်းရမယ့်အခြေအနေ နဲ့ကြုံနေရတာပါ။
ဒါကြောင့်သူရောက်ရှိလာတာဟာ ဘယ်လိုရွေးချယ်မှုတွေကြောင့်လဲဆိုတာ
စိတ်ဝင်စားစရာဖြစ်လာပါတယ်။
ဒါပေမယ့် လူဆိုတာကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုသလိုပါဘဲ။
သူ့ကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကစားရမှာကိုစွန့်ပြီး
တန်းဆင်း ရမယ့်အရေးနဲ့ကြုံနေရတဲ့အသင်းကို
ဘာကြောင့်ပြောင်းလာသလဲမေးတဲ့အခါသူက” ပြီးခဲ့တဲ့လတွေထဲက
ပရီးမီးယားလိဂ်ကိုပြန် ခွင့်ရရင် ပြန်သွားချင်တယ်လို့
ကျွန်တော်ပြောထားတဲ့အတိုင်းပါဘဲ။
အင်္ဂလန်ကိုပြန်သွားရေးဟာ ကျွန်တော့်မိသားစုအတွက် လည်း
အရေးကြီးပါတယ်။ ဒါဟာ(နယူးကာဆယ်ရဲ့ကမ်းလှမ်းမှု)
အရမ်းကိုကောင်းတဲ့အခွင့်အရေးပါဘဲ။
ကျွန်တော့်ပုံစံကလည်း စိန်ခေါ်မှုတွေကိုနှစ်သက်တဲ့သူလေဗျာ။
ဒါကြောင့်လည်း အက်သလက်တီကိုဆီ ကိုသွားခဲ့တာပေါ့။
အဲဒီမှာပုံမှန်နေရာရဖို့၊ နိုင်ငံ အပြောင်းအလဲဖြစ်မှု၊ လိဂ်ကွဲပြားမှု တွေ
အားလုံးကစိန်ခေါ်မှုတွေချည်းဘဲ။
အခုတော့ နယူးကာဆယ်ဆီရောက်လာပြီပေါ့။
သူတို့ ရပ်တည်တဲ့အဆင့်ကို ကျွန်တော်မသိလို့မှမဟုတ်တာ။
ဒါပေမယ့်စိန်ခေါ်မှုကိုနှစ်သက်တော့လည်း ကိုယ်တတ်နိုင်သလောက်
ကူ ညီပေးဖို့အတွက်ဒီကိုရောက်လာတာပေါ့” လို့ပြောသွားပါတယ်။
နယူးကာဆယ်ကိုသူပြောင်းလာရာမှာ
နည်းပြဟိုဝီကလည်း အရေးပါခဲ့သူပါ။
ဟိုဝီ ဟာ ၂၀၁၂ ကဘန်လေကိုကိုင်တွယ်နေတုန်း
မန်စီးတီးမှာရှိနေတဲ့ ထရစ်ပီယာ ကိုခေါ်ယူခဲ့သူဖြစ်ပါတယ်။
သူကဆက်ပြီး” ဟိုဝီ နဲ့ကျွန်တော့်အကြားမှာ ဆက်ဆံရေးကောင်းရှိ တယ်ဆိုတာ
အားလုံးသိကြပါတယ်။
သူနဲ့အရင်ကတည်းကလက်တွဲလာခဲ့သူဖြစ်လို့
ကျွန်တော်တို့အတူတွဲပြီး အသင်းကို
ကူညီ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောသွားပါတယ်။
zawgyi
တန္းဆင္းဇုန္ထဲကအသင္းကိုေ႐ြးခဲ့တဲ့အေၾကာင္း ေျပာျပလာတဲ့ ထရစ္ပီယာ
နယူးကာဆယ္အသင္းညာေနာက္ခံလူ ထရစ္ပီယာဟာ
လာလီဂါရဲ႕လက္ရွိခ်န္ပီယံလည္းျဖစ္၊ ခ်န္ပီယံလိဂ္မွာလည္း
၁၆ သင္းအဆင့္ ကိုတက္ေရာက္ထားတဲ့အသင္းလည္းျဖစ္တဲ့
အက္သလက္တီကို ကိုစြန႔္ခြာၿပီး ပရီးမီးယားလိဂ္မွာ
တန္းမဆင္းရဖို႔႐ုန္းကန္ေနရတဲ့ နယူးကာဆယ္အသင္းကိုေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။
အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ ထရစ္ပီယာ ဟာၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းက
နယူးကာဆယ္နဲ႔ ၂ ႏွစ္ခြဲစာခ်ဳပ္ကိုလက္မွတ္ေရးထိုးခဲ့သူျဖစ္ပါတယ္။
သူဟာ ေဆာ္ဒီအိမ္ေရွ႕မင္းသား ဘင္ဆယ္လ္မန္ေထာက္ပံ့ ေပးထားလို႔
နယူးကာဆယ္အသင္း ကမာၻ႔အခ်မ္းသာဆုံးေဘာလုံးကလပ္ျဖစ္လာၿပီးေနာက္ပိုင္း
ပထမဆုံးေခၚယူႏိုင္ခဲ့တဲ့သူလည္း ျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္ လက္ရွိမွာနယူးကာဆယ္ဟာအဆင့္ ၁၉ မွာရပ္တည္ေနလို႔
အခ်ိန္မေ႐ြးတန္းဆင္းရမယ့္အေျခအေန နဲ႔ႀကဳံေနရတာပါ။
ဒါေၾကာင့္သူေရာက္ရွိလာတာဟာ ဘယ္လိုေ႐ြးခ်ယ္မႈေတြေၾကာင့္လဲဆိုတာ
စိတ္ဝင္စားစရာျဖစ္လာပါတယ္။
ဒါေပမယ့္ လူဆိုတာကိုယ့္အေၾကာင္းနဲ႔ ကိုယ္ဆိုသလိုပါဘဲ။
သူ႔ကို ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကစားရမွာကိုစြန႔္ၿပီး
တန္းဆင္း ရမယ့္အေရးနဲ႔ႀကဳံေနရတဲ့အသင္းကို
ဘာေၾကာင့္ေျပာင္းလာသလဲေမးတဲ့အခါသူက” ၿပီးခဲ့တဲ့လေတြထဲက
ပရီးမီးယားလိဂ္ကိုျပန္ ခြင့္ရရင္ ျပန္သြားခ်င္တယ္လို႔
ကြၽန္ေတာ္ေျပာထားတဲ့အတိုင္းပါဘဲ။
အဂၤလန္ကိုျပန္သြားေရးဟာ ကြၽန္ေတာ့္မိသားစုအတြက္ လည္း
အေရးႀကီးပါတယ္။ ဒါဟာ(နယူးကာဆယ္ရဲ႕ကမ္းလွမ္းမႈ)
အရမ္းကိုေကာင္းတဲ့အခြင့္အေရးပါဘဲ။
ကြၽန္ေတာ့္ပုံစံကလည္း စိန္ေခၚမႈေတြကိုႏွစ္သက္တဲ့သူေလဗ်ာ။
ဒါေၾကာင့္လည္း အက္သလက္တီကိုဆီ ကိုသြားခဲ့တာေပါ့။
အဲဒီမွာပုံမွန္ေနရာရဖို႔၊ ႏိုင္ငံ အေျပာင္းအလဲျဖစ္မႈ၊ လိဂ္ကြဲျပားမႈ ေတြ
အားလုံးကစိန္ေခၚမႈေတြခ်ည္းဘဲ။
အခုေတာ့ နယူးကာဆယ္ဆီေရာက္လာၿပီေပါ့။
သူတို႔ ရပ္တည္တဲ့အဆင့္ကို ကြၽန္ေတာ္မသိလို႔မွမဟုတ္တာ။
ဒါေပမယ့္စိန္ေခၚမႈကိုႏွစ္သက္ေတာ့လည္း ကိုယ္တတ္ႏိုင္သေလာက္
ကူ ညီေပးဖို႔အတြက္ဒီကိုေရာက္လာတာေပါ့” လို႔ေျပာသြားပါတယ္။
နယူးကာဆယ္ကိုသူေျပာင္းလာရာမွာ
နည္းျပဟိုဝီကလည္း အေရးပါခဲ့သူပါ။
ဟိုဝီ ဟာ ၂၀၁၂ ကဘန္ေလကိုကိုင္တြယ္ေနတုန္း
မန္စီးတီးမွာရွိေနတဲ့ ထရစ္ပီယာ ကိုေခၚယူခဲ့သူျဖစ္ပါတယ္။
သူကဆက္ၿပီး” ဟိုဝီ နဲ႔ကြၽန္ေတာ့္အၾကားမွာ ဆက္ဆံေရးေကာင္းရွိ တယ္ဆိုတာ
အားလုံးသိၾကပါတယ္။
သူနဲ႔အရင္ကတည္းကလက္တြဲလာခဲ့သူျဖစ္လို႔
ကြၽန္ေတာ္တို႔အတူတြဲၿပီး အသင္းကို
ကူညီ ေပးႏိုင္မယ္လို႔ ယုံၾကည္ပါတယ္” လို႔ေျပာသြားပါတယ္။