တန်းဆင်းခဲ့ရပြီးနောက် ကိုယ့်အသင်းပရိသတ်တွေရဲ့တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ စိန့်အက်တီယန်အသင်း

တနင်္ဂနွေနေ့က စိန့်အက်တီယန်အသင်း

လီဂူး ၁ ကနေ တန်းဆင်းခဲ့ရပြီးနောက်
စိန့်အက်တီယန်ပရိသတ်တွေဟာ
ကွင်းထဲ ဝင်လာပြီး သူတို့ရဲ့
ကစားသမားတွေကို မီးရှူးမီးပန်းတွေနဲ့
ပစ်ပေါက် ရန်မူခဲ့ကြပါတယ်။

စိန့်အက်တီယန်ဟာ လီဂူး ၁
တန်းတက်၊ တန်းဆင်း ပလေးအော့ဖ်ပွဲမှာ
အော်ဇေးနဲ့ နှစ်ကျော့ပေါင်း ၂-၂ ဂိုး
သရေကျနေခဲ့ပြီးနောက် ပင်နယ်တီ
အဆုံးအဖြတ်ခံယူရာမှာတော့ ၅-၄ ဂိုးနဲ့

အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
အော်ဇေးအသင်းအတွက်
အဆုံးအဖြတ်ပင်နယ်တီကို
ဒူဂီမွန့် သွင်းယူခဲ့ပြီးနောက်
စိန့်အက်တီယန်ပရိသတ်ရာပေါင်းများစွာဟာ

ကွင်းထဲ ပြေးဝင်လာပြီး
ဥမင်လိုဏ်ခေါင်းထဲ သွားနေတဲ့
စိန့်အက်တီယန်အသင်းသားတွေဘက်
ဦးတည်ကာ မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ဥမင်ထဲကနေ ရိုက်ကူးထားတဲ့

ဗီဒီယိုတွေထဲမှာ တွေ့မြင်ရမှုအရ
အဲဒီဖြစ်ရပ်ကြောင့် ကစားသမားအများအပြား
ထိခိုက်ဒဏ်ရာရခဲ့ကြပြီး
ပြင်သစ်သတင်းဌာန RMC Sport ရဲ့
ဖော်ပြချက်အရ ရဲတပ်ဖွဲ့က

ကွင်းထဲဝင်လာတဲ့ ပရိသတ်တွေကို
တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်မီးသတ်ဌာနကလည်း
ပရိသတ်တွေရဲ့ပစ်ပေါက်မှုကြောင့်
ထိုင်ခုံတွေ မီးလောင်သွားတာကို

အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

Zawgyi

တန္းဆင္းခဲ့ရၿပီးေနာက္ ကိုယ့္အသင္းပရိသတ္ေတြရဲ႕တိုက္ခုိက္ျခင္း ခံခဲ့ရတဲ့ စိန္႔အက္တီယန္အသင္း

တနဂၤေႏြေန႔က စိန္႔အက္တီယန္အသင္း
လီဂူး ၁ ကေန တန္းဆင္းခဲ့ရၿပီးေနာက္
စိန္႔အက္တီယန္ပရိသတ္ေတြဟာ
ကြင္းထဲ ၀င္လာၿပီး သူတုိ႔ရဲ႕
ကစားသမားေတြကို မီးရွဴးမီးပန္းေတြနဲ႔

ပစ္ေပါက္ ရန္မူခဲ့ၾကပါတယ္။
စိန္႔အက္တီယန္ဟာ လီဂူး ၁
တန္းတက္၊ တန္းဆင္း ပေလးေအာ့ဖ္ပြဲမွာ
ေအာ္ေဇးနဲ႔ ႏွစ္ေက်ာ့ေပါင္း ၂-၂ ဂိုး
သေရက်ေနခဲ့ၿပီးေနာက္ ပင္နယ္တီ

အဆုံးအျဖတ္ခံယူရာမွာေတာ့ ၅-၄ ဂိုးနဲ႔
အေရးနိမ့္ခ့ဲရတာျဖစ္ပါတယ္။
ေအာ္ေဇးအသင္းအတြက္
အဆုံးအျဖတ္ပင္နယ္တီကို
ဒူဂီမြန္႔ သြင္းယူခဲ့ၿပီးေနာက္

စိန္႔အက္တီယန္ပရိသတ္ရာေပါင္းမ်ားစြာဟာ
ကြင္းထဲ ေျပး၀င္လာၿပီး
ဥမင္လိုဏ္ေခါင္းထဲ သြားေနတဲ့
စိန္႔အက္တီယန္အသင္းသားေတြဘက္
ဦးတည္ကာ မီးရွဴးမီးပန္းေတြနဲ႔ ပစ္ေပါက္ခဲ့ၾကပါတယ္။

ဥမင္ထဲကေန ရုိက္ကူးထားတဲ့
ဗီဒီယိုေတြထဲမွာ ေတြ႕ျမင္ရမႈအရ
အဲဒီျဖစ္ရပ္ေၾကာင့္ ကစားသမားအမ်ားအျပား
ထိခိုက္ဒဏ္ရာရခဲ့ၾကၿပီး
ျပင္သစ္သတင္းဌာန RMC Sport ရဲ႕

ေဖာ္ျပခ်က္အရ ရဲတပ္ဖြဲ႕က
ကြင္းထဲ၀င္လာတဲ့ ပရိသတ္ေတြကို
တားဆီးႏိုင္ခဲ့တယ္လုိ႔ သိရပါတယ္။
ျပင္သစ္မီးသတ္ဌာနကလည္း
ပရိသတ္ေတြရဲ႕ပစ္ေပါက္မႈေၾကာင့္

ထိုင္ခုံေတြ မီးေလာင္သြားတာကို
အခ်ိန္မီ ၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္။