တန်ဟတ် လက်ထက်မှာ ခါးသီးတဲ့ပြိုင်ဘက် ယူနိုက်တက်ပြန်လည်ဦးမော့လာမှာကို စိုးရိမ်မိတယ်လို့ ကာရေဂါ ဝန်ခံ

သရဲနီတွေဟာ ၂၀၁၂ ခုနှစ် ဖာဂူဆန်အနားယူပြီးနောက်ပိုင်းကတည်းက

ရုန်းကန်နေခဲ့ရသလို မော်ရင်ဟိုလက်ထက် ၂၀၁၇ မှာ သူတို့ရဲ့နောက်ဆုံး

ဆုဖလားကိုပိုင်ဆိုင်ထားတာဖြစ်တယ်။ ဒါပေမဲ့ လက်ရှိမှာတော့

ယူနိုက်တက်ဟာ ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၇မှတ်အကွာ

တတိယနေရာမှာရပ်တည်နေသလို ဝင်ဘလေကွင်းက ကာရာဘောင်း

ဖလားဗိုလ်လုပွဲကိုတက်ရောက်ထားနိုင်ပြီဖြစ်တယ်။

Sky Bet ရဲ့ The Overlap အစီအစဉ်ကတစ်ဆင့် လီဗာပူးနောက်ခံလူဟောင်း

ကာရေဂါက “တန်ဟတ်လက်ထက်မှာ တစ်ခုခုထူးခြားတယ်လို့

ခံစားနေရတယ်။ အရင်က နည်းပြတွေကို ကျွန်တော့်ဘက်က

အဆိုးမြင်တွေခံစားခဲ့ရတယ်။ မော်ရင်ဟိုတုန်းကလည်း

သူနဲ့ဘုတ်အဖွဲ့ဝင်တွေကြားပြဿနာရှိတယ်လို့ ခံစားခဲ့ရတယ်။

ဗန်ဟားလ်ကိုတော့ ပရိသတ်တွေဘက်က သူ့ရဲ့ဘောလုံးစတိုင်နဲ့ပက်သတ်လို့

လက်ခံကြဖို့မသေချာခဲ့ဘူး။ ဆိုးလ်ရှားကိုတော့ ယူနိုက်တက်နဲ့အတူ

ဆုဖလားရယူနိုင်မယ့် နည်းပြလို့မခံယူခဲ့ကြဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့

သူတို့ဘာလုပ်နေတယ်ဆိုတာကိုသိတဲ့ နည်းပြတစ်ယောက်ရှိနေပြီလို့

ခံစားလာရတယ်။ ကျွန်တော်တို့မတွေ့ရတာကြာပြီဖြစ်တဲ့ စိတ်ဓာတ်မျိုး

ယူနိုက်တက်မှာရှိနေတယ်လို့ ခံစားလာရတယ်။ အဲဒါက ပြန်လာသလို

ခံစားနေရတယ်။ အခြားနည်းပြတွေတုန်းကနဲ့မတူတဲ့ပုံစံနဲ့

ယူနိုက်တက်မှာ တစ်ခုခုဖြစ်တည်နေတယ်လို့ထင်မိတယ်။

ဟုတ်ပါတယ်၊ ဒါကစိုးရိမ်စရာပါပဲ” လို့ ဝန်ခံလိုက်ပါတယ်။

zawgyi

တန္ဟတ္ လက္ထက္မွာ ခါးသီးတဲ့ၿပိဳင္ဘက္ ယူႏိုက္တက္ျပန္လည္ဦးေမာ့လာမွာကို စိုးရိမ္မိတယ္လို႔ ကာေရဂါ ဝန္ခံ

သရဲနီေတြဟာ ၂၀၁၂ ခုႏွစ္ ဖာဂူဆန္အနားယူၿပီးေနာက္ပိုင္းကတည္းက

႐ုန္းကန္ေနခဲ့ရသလို ေမာ္ရင္ဟိုလက္ထက္ ၂၀၁၇ မွာ သူတို႔ရဲ႕ေနာက္ဆုံး

ဆုဖလားကိုပိုင္ဆိုင္ထားတာျဖစ္တယ္။ ဒါေပမဲ့ လက္ရွိမွာေတာ့

ယူႏိုက္တက္ဟာ ဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၇မွတ္အကြာ

တတိယေနရာမွာရပ္တည္ေနသလို ဝင္ဘေလကြင္းက ကာရာေဘာင္း

ဖလားဗိုလ္လုပြဲကိုတက္ေရာက္ထားႏိုင္ၿပီျဖစ္တယ္။

Sky Bet ရဲ႕ The Overlap အစီအစဥ္ကတစ္ဆင့္ လီဗာပူးေနာက္ခံလူေဟာင္း

ကာေရဂါက “တန္ဟတ္လက္ထက္မွာ တစ္ခုခုထူးျခားတယ္လို႔

ခံစားေနရတယ္။ အရင္က နည္းျပေတြကို ကြၽန္ေတာ့္ဘက္က

အဆိုးျမင္ေတြခံစားခဲ့ရတယ္။ ေမာ္ရင္ဟိုတုန္းကလည္း

သူနဲ႔ဘုတ္အဖြဲ႕ဝင္ေတြၾကားျပႆနာရွိတယ္လို႔ ခံစားခဲ့ရတယ္။

ဗန္ဟားလ္ကိုေတာ့ ပရိသတ္ေတြဘက္က သူ႔ရဲ႕ေဘာလုံးစတိုင္နဲ႔ပက္သတ္လို႔

လက္ခံၾကဖို႔မေသခ်ာခဲ့ဘူး။ ဆိုးလ္ရွားကိုေတာ့ ယူႏိုက္တက္နဲ႔အတူ

ဆုဖလားရယူႏိုင္မယ့္ နည္းျပလို႔မခံယူခဲ့ၾကဘူး။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့

သူတို႔ဘာလုပ္ေနတယ္ဆိုတာကိုသိတဲ့ နည္းျပတစ္ေယာက္ရွိေနၿပီလို႔

ခံစားလာရတယ္။ ကြၽန္ေတာ္တို႔မေတြ႕ရတာၾကာၿပီျဖစ္တဲ့ စိတ္ဓာတ္မ်ိဳး

ယူႏိုက္တက္မွာရွိေနတယ္လို႔ ခံစားလာရတယ္။ အဲဒါက ျပန္လာသလို

ခံစားေနရတယ္။ အျခားနည္းျပေတြတုန္းကနဲ႔မတူတဲ့ပုံစံနဲ႔

ယူႏိုက္တက္မွာ တစ္ခုခုျဖစ္တည္ေနတယ္လို႔ထင္မိတယ္။

ဟုတ္ပါတယ္၊ ဒါကစိုးရိမ္စရာပါပဲ” လို႔ ဝန္ခံလိုက္ပါတယ္။