တန်ဟတ်အတွက် သူ့ဘက်က အမြဲအဆင်သင့်ပဲလို့ ဖွင့်ဟလာတဲ့ အေဂျက်စ်ကြယ်ပွင့် အန်တိုနီ

အေဂျက်စ်ညတောင်ပံကစားသမား အန်တိုနီက ဆရာဖြစ်သူ

တန်ဟတ်အတွက် သူ့ဘက်က အမြဲအဆင်သင့်ရှိနေမယ်လို့
ပြောကြားလိုက်ရာ တန်ဟတ် ပြောင်းရွှေ့မယ့် ယူနိုက်တက်ကို
သူလည်း လိုက်ပါပြောင်းရွှေ့လာဖွယ်ရှိနေပါတယ်။
ယူနိုက်တက်နည်းပြသစ် တန်ဟတ်ဟာ အသက် ၂၂နှစ်အရွယ်ရှိ
အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ

ယူနိုက်တက်ဘက်က သူ့ကို ခေါ်ယူဖို့ အားကုန်ကြိုးစားနေပေမယ့်
လီဗာပူး၊ နယူးကာဆယ်တို့နဲ့ အားပြိုင်နေရတယ်လို့ သိရပါတယ်။
လီဗာပူးက အန်တိုနီကို ခေါ်ယူဖို့ အေဂျက်စ်အသင်းဆီ
ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့် အေဂျက်စ်မှာ တန်ဟတ်နဲ့
အန်တိုနီတို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်

ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။
အဲဒီသတင်းဌာနကပဲ ကစားသမားဖြစ်သူဟာ
နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့လည်း စိတ်မဝင်စားဘူးလို့ သိရပါတယ်။
အန်တိုနီကလည်း အေဂျက်စ်ကနေ ယူနိုက်တက်ကို
ရောက်သွားတဲ့ တန်ဟတ်ဆီ ဗီဒီယိုမက်ဆေ့ချ်

ပေးပို့ခဲ့ရာမှာ ဆရာဟောင်းနဲ့အတူ အိုးထရက်ဖို့ဒ်ကို
သူပါ အတူတူလိုက်လာနိုင်တဲ့အကြောင်း ဖွင့်ဟသွားပါတယ်။
”အသင်းသစ်မှာ အကောင်းဆုံးအရာတွေ
ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။
ကျွန်တော့်ကို အရာအားလုံး သင်ကြားပေးခဲ့တဲ့အတွက်လည်း

ဆရာ့ကို ကျေးဇူးတင်ပါတယ်။
တကယ်လို့ ဆရာ လိုအပ်တယ်ဆိုရင်
ဆရာ့အတွက် ကျွန်တော့်ဘက်က
အမြဲတမ်း အသင့်ရှိနေတယ်ဆိုတာ
သိထားပေးပါ”လို့ အန်တိုနီက ပြောခဲ့ပါတယ်။

Zawgyi

တန္ဟတ္အတြက္ သူ႕ဘက္က အၿမဲအဆင္သင့္ပဲလုိ႔ ဖြင့္ဟလာတဲ့ ေအဂ်က္စ္ၾကယ္ပြင့္ အန္တုိနီ
ေအဂ်က္စ္ညေတာင္ပံကစားသမား အန္တုိနီက ဆရာျဖစ္သူ

တန္ဟတ္အတြက္ သူ႕ဘက္က အၿမဲအဆင္သင့္ရွိေနမယ္လုိ႔
ေျပာၾကားလုိက္ရာ တန္ဟတ္ ေျပာင္းေရႊ႕မယ့္ ယူႏုိက္တက္ကို
သူလည္း လုိက္ပါေျပာင္းေရႊ႕လာဖြယ္ရွိေနပါတယ္။
ယူႏုိက္တက္နည္းျပသစ္ တန္ဟတ္ဟာ အသက္ ၂၂ႏွစ္အရြယ္ရွိ
အန္တိုနီကို ေခၚယူဖုိ႔ စိတ္၀င္စားေနၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ

ယူႏုိက္တက္ဘက္က သူ႕ကို ေခၚယူဖုိ႔ အားကုန္ႀကိဳးစားေနေပမယ့္
လီဗာပူး၊ နယူးကာဆယ္တို႔နဲ႔ အားၿပိဳင္ေနရတယ္လုိ႔ သိရပါတယ္။
လီဗာပူးက အန္တုိနီကို ေခၚယူဖို႔ ေအဂ်က္စ္အသင္းဆီ
ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္ ေအဂ်က္စ္မွာ တန္ဟတ္နဲ႔
အန္တုိနီတုိ႔ရဲ႕ရင္းႏွီးတဲ့ဆက္ဆံေရးေၾကာင့္

ယူႏုိက္တက္က သူ႕ကို ေခၚယူႏိုင္ဖို႔ အေျခအေနအေကာင္းဆုံးျဖစ္ေနပါတယ္။
အဲဒီသတင္းဌာနကပဲ ကစားသမားျဖစ္သူဟာ
နယူးကာဆယ္ကို ေျပာင္းေရႊ႕ဖို႔လည္း စိတ္မ၀င္စားဘူးလုိ႔ သိရပါတယ္။
အန္တိုနီကလည္း ေအဂ်က္စ္ကေန ယူႏုိက္တက္ကို
ေရာက္သြားတဲ့ တန္ဟတ္ဆီ ဗီဒီယိုမက္ေဆ့ခ်္

ေပးပို႔ခဲ့ရာမွာ ဆရာေဟာင္းနဲ႔အတူ အုိးထရက္ဖို႔ဒ္ကို
သူပါ အတူတူလုိက္လာႏိုင္တဲ့အေၾကာင္း ဖြင့္ဟသြားပါတယ္။
”အသင္းသစ္မွာ အေကာင္းဆုံးအရာေတြ
ျဖစ္လာပါေစလုိ႔ ဆုေတာင္းေပးပါတယ္။
ကၽြန္ေတာ့္ကို အရာအားလုံး သင္ၾကားေပးခဲ့တဲ့အတြက္လည္း

ဆရာ့ကို ေက်းဇူးတင္ပါတယ္။
တကယ္လုိ႔ ဆရာ လိုအပ္တယ္ဆုိရင္
ဆရာ့အတြက္ ကၽြန္ေတာ့္ဘက္က
အၿမဲတမ္း အသင့္ရွိေနတယ္ဆုိတာ
သိထားေပးပါ”လုိ႔ အန္တုိနီက ေျပာခဲ့ပါတယ္။