တန်ဟတ်ကိုပြောပေးပါ…တိုက်စစ်မှူးချိန်းပေးနိုင်မလားလို့

သရဲနီပရိသတ်တွေကတော့ ရော်နယ်ဒိုနေရာမှာ တိုက်စစ်မှူးချိန်းပေးဖို့အဆက်မပြတ်တောင်းဆိုနေကြပါပြီ။ နောက်ပိုင်းပွဲစဉ်တွေမှာ အခွင့်အရေးအသုံးချမှုအားနည်းလာတဲ့ ရော်နယ်ဒိုအပေါ်

ယူနိုက်တက်ပရိသတ်တွေစိတ်ရှည်သည်းခံမှုကုန်ဆုံးသွားကြပြီဖြစ်တယ်။ ကာရာဘောင်းဖလားမှာ ဗီလာကိုအနိုင်ယူပြီးတဲ့နောက် နာကျင်အချိန်ပိုမှာ

သွင်းယူခဲ့တဲ့ တွမ်မီနေးရဲ့သွင်းဂိုးအပေါ် ယူနိုက်တက်ပရိသတ်တွေစိတ်ဝင်စားမှုမြင့် တက်လာကြပါတယ်။ ဂါနာချိုပေးလိုက်တဲ့ အနေအထားတစ်ခုမှာ

တွမ်မီနေးရဲ့ ဘောလုံးလမ်းကြောင်း တွက်ဆပုံနဲ့ ပိတ်သွင်းချက်တွေက တိုက်စစ်မှူး တစ်ယောက်အသွင်ဖြစ်နေတဲ့အပေါ်မှာ သရဲနီပရိသတ်တွေသံသယ မကင်းခဲ့ကြပါဘူး။

အဲဒီနောက်တော့ စကော့တလန်သားရဲ့ ရာဇဝင်ကိုပြန်လှန်ကြပါတော့တယ်။ တွမ်မီနေးကို ကွင်းလယ်အထိုင်ကစားသမားအဖြစ် အားလုံးကတွဲမြင်ကြပေမဲ့ အကယ်ဒမီကစားသမားဘ၀မှာ

ကျောနံပါတ် ၉ ဝတ်ပြီး အွန်နရီစတိုင် ဂိုးသွင်းပြခဲ့တဲ့ ဗီဒီယိုမှတ်တမ်းကို ပရိသတ်တွေက အမိဖမ်းနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီလူငယ်အသင်းနဲ့ ကစားခဲ့တဲ့ နိုင်ငံတာကာချန်ပီယံများဖလားမှာ

တွမ်မီနေးက ယူနိုက်တက်လူငယ်အတွက်တိုက်စစ်မှူးနေရာမှာ ကစားပေးသွားခဲ့တာဖြစ်တယ်။ ဒါကို ယူနိုက်တက်ပရိသတ်တစ်ယောက်က “CR 37 ထက်ပိုကောင်းတယ်” ဆိုပြီး

အစဆွဲထုတ်ပေးလိုက်တာကနေပွဲဆူသွားခဲ့ပါတယ်။ ဗီဒီယိုဖိုင်ရဲ့အောက်မှာ ပရိသတ်တစ်ယောက်က “အံမယ်…ငါ့ကောင်က ဆန်ချိုနဲ့ အသက် ၃၈နှစ်အရွယ်က စားသမားထက်အဆုံးသတ်ပိုကောင်းနေတယ်။

ကွင်းလယ်တိုက်စစ်မှာကစားရင် တစ်ရာသီ ၁၀ ဂိုးလောက်တော့သွင်းနိုင်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ “တန်ဟတ်ကိုပြောပေးပါ…တိုက်စစ်မှူးပြောင်းပေးနိုင်မလား” လို့

တုံ့ပြန်ရေးသား သွားခဲ့ပါတယ်။

(Zawgyi)

တန္ဟတ္ကိုေျပာေပးပါ…တိုက္စစ္မႉးခ်ိန္းေပးႏိုင္မလားလို႔

သရဲနီပရိသတ္ေတြကေတာ့ ေရာ္နယ္ဒိုေနရာမွာ တိုက္စစ္မႉးခ်ိန္းေပးဖို႔အဆက္မျပတ္ေတာင္းဆိုေနၾကပါၿပီ။

ေနာက္ပိုင္းပြဲစဥ္ေတြမွာ အခြင့္အေရးအသုံးခ်မႈအားနည္းလာတဲ့ ေရာ္နယ္ဒိုအေပၚ ယူႏိုက္တက္ပရိသတ္ေတြစိတ္ရွည္သည္းခံမႈကုန္ဆုံးသြားၾကၿပီျဖစ္တယ္။

ကာရာေဘာင္းဖလားမွာ ဗီလာကိုအႏိုင္ယူၿပီးတဲ့ေနာက္ နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ တြမ္မီေနးရဲ႕သြင္းဂိုးအေပၚ ယူႏိုက္တက္ပရိသတ္ေတြစိတ္ဝင္စားမႈျမင့္ တက္လာၾကပါတယ္။

ဂါနာခ်ိဳေပးလိုက္တဲ့အေနအထားတစ္ခုမွာ တြမ္မီေနးရဲ႕ ေဘာလုံးလမ္းေၾကာင္းတြက္ဆပုံနဲ႔ ပိတ္သြင္းခ်က္ေတြကတိုက္စစ္မႉး တစ္ေယာက္အသြင္ျဖစ္ေနတဲ့အေပၚမွာ

သရဲနီပရိသတ္ေတြသံသယမကင္းခဲ့ၾကပါ ဘူး။ အဲဒီေနာက္ေတာ့ စေကာ့တလန္သားရဲ႕ ရာဇဝင္ကိုျပန္လွန္ၾကပါေတာ့တယ္။ တြမ္မီေနးကို ကြင္းလယ္အထိုင္ကစားသမားအျဖစ္အားလုံးကတြဲျမင္ၾကေပမဲ့

အကယ္ဒမီကစားသမားဘ၀မွာ ေက်ာနံပါတ္ ၉ ဝတ္ၿပီး အြန္နရီစတိုင္ဂိုးသြင္းျပခဲ့တဲ့ ဗီဒီယိုမွတ္တမ္းကို ပရိသတ္ေတြကအမိဖမ္းႏိုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီလူငယ္နဲ႔ကစားခဲ့တဲ့ ႏိုင္ငံတာကာခ်န္ပီယံမ်ားဖလားမွာ တြမ္မီေနးက

ယူႏိုက္တက္လူငယ္အတြက္တိုက္စစ္မႉးေနရာမွာ ကစားေပးသြားခဲ့တာျဖစ္တယ္။ ဒါကို ယူႏိုက္တက္ပရိသတ္တစ္ေယာက္က “CR 37 ထက္ပိုေကာင္းတယ္” ဆိုၿပီး

ေညာင့္ေပးလိုက္တာကေနပြဲဆူသြားခဲ့ပါတယ္။ ဗီဒီယိုဖိုင္ရဲ႕ေအာက္မွာ ပရိသတ္တစ္ေယာက္က “အံမယ္…ငါ့ေကာင္က ဆန္ခ်ိဳနဲ႔ အသက္ ၃၈ႏွစ္အ႐ြယ္က စားသမားထက္အဆုံးသတ္ပိုေကာင္းေနတယ္။

ကြင္းလယ္တိုက္စစ္မွာကစားရင္ တစ္ရာသီ ၁၀ဂိုးေလာက္ေတာ့သြင္းႏိုင္တယ္” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ “တန္ဟတ္ကိုေျပာေပးပါ…တိုက္စစ္မႉးေျပာင္းေပးႏိုင္မလား” လို႔

တုံ႔ျပန္ေရးသားသြားခဲ့ပါတယ္။