တန်ကြေးမြင့် ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ အင်္ဂလန်ခံစစ်အတွက်စိုးရိမ်စရာမရှိဘူးလို့ မက်အန်တိုနီ ပြောဆို

အင်္ဂလန်ပရိသတ်တွေဟာ မက်ဂွိုင်းယား၊ ဂျွန်စတုန်းနဲ့ အာနိုးတို့ ဦးဆောင်လာနိုင်တဲ့ခံစစ်အတွက် စိတ်ပူပန်နေကြပေမဲ့ ပီတာဘရော့အသင်းပိုင်ရှင် မက်အန်တိုနီက

ဒီအတွက်စိုးရိမ်စရာမလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။ မက်အန်တိုနီဟာ လီဗာပူးအသင်း ပရိသတ်တစ်ယောက်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့  ညာနောက်ခံလူအာနိုးအတွက်

ပေါင်သန်း ၁၅၀ အထိပေးချေလိမ့်မယ်လို့ အမွှန်းတင်လိုက်ပါတယ်။ အာနိုးဟာ ပြီးခဲ့တဲ့နှစ်အပိုင်းအခြားတွေမှာ ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့

ဒီရာသီမှာတော့ခြေစွမ်းကျဆင်းပြီး ဝေဖန်မှုနဲ့ရင်ဆိုင်နေရသူဖြစ်ပါတယ်။ အာနိုးရဲ့ခံစစ်ကစားပုံက မေးခွန်းထုတ်စရာရှိပေမဲ့ ဘောလုံးပေးပို့မှုနဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေမှာ

ပြောစရာမရှိအောင်ကောင်းမွန်သူလို့ မက်အန်တိုနီကခံယူထားတာဖြစ်တယ်။ ကမ္ဘာ့ဖလားမတိုင်ခင် အင်္ဂလန်အသင်းနဲ့ပတ်သတ်လို့ မက်အန်တိုနီက “တခြားအသင်းတွေလိုပဲ

အင်္ဂလန်ကောင်းအောင်လုပ်ပြနိုင်တယ်။ ခံစစ်အားနည်းချက်တွေကို မေ့ထားလိုက်ပါ။ ဂျွန်စတုန်းက ပေါင်သန်း ၆၀ တန်တယ်၊ မက်ဂွိုင်းယားရဲ့ လက်ရှိပုံစံကိုမေ့ထားလိုက်ပါ၊

သူက ပေါင်သန်း ၈၀ တန်တယ်။ နောက်ပြီးတော့ အာနိုး…မနက်ဖြန်ဆိုရင် ရီးရဲလ်က သူ့အတွက်ပေါင်သန်း ၁၅၀ ပေးချေပါလိမ့်မယ်။ စိတ်မချရတဲ့ တစ်ခုတည်းသောနေရာက

ဘယ်နောက်ခံပါပဲ။ ဒါပေမဲ့ အဲဒီနေရာမှာ ထရစ်ပီယာကစားနိုင်ပြီး သူကနယူးကာဆယ်အတွက်အရမ်းကိုကောင်းခဲ့တယ်” လို့ သုံးသပ်ပြခဲ့ပါတယ်။ ရီစီဂျိးမ်စ်နဲ့

ဝေါ်လ်ကာတို့ ဒဏ်ရာရပြီးတဲ့နောက် အင်္ဂလန်ညာနောက်ခံနေရာအတွက်စိုးရိမ်ပူပန်နေကြပေမဲ့ မက်အန်တိုနီကတော့ အာနိုးကိုအပြည့်အဝထောက်ခံပေးလိုက်ပြီး

လိုအပ်ရင် ထရစ်ပီယာလည်းကစားနိုင်တယ်လို့ဆိုခဲ့ပါတယ်။

(Zawgyi)

တန္ေၾကးျမင့္ ကစားသမားေတြနဲ႔ဖြဲ႕စည္းထားတဲ့ အဂၤလန္ခံစစ္အတြက္စိုးရိမ္စရာမရွိဘူးလို႔ မက္အန္တိုနီ ေျပာဆို

အဂၤလန္ပရိသတ္ေတြဟာ မက္ဂြိဳင္းယား၊ ဂြၽန္စတုန္းနဲ႔ အာႏိုးတို႔ ဦးေဆာင္လာႏိုင္တဲ့ခံစစ္အတြက္စိတ္ပူပန္ေနၾကေပမဲ့ ပီတာဘေရာ့အသင္းပိုင္ရွင္ မက္အန္တိုနီက ဒီအတြက္စိုးရိမ္စရာမလိုဘူးလို႔ေျပာဆိုလိုက္ပါတယ္။

မက္အန္တိုနီဟာ လီဗာပူးအသင္းပရိသတ္တစ္ေယာက္ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ညာေနာက္ခံလူအာႏိုးအတြက္ ေပါင္သန္း ၁၅၀ အထိေပးေခ်လိမ့္မယ္လို႔ အမႊန္းတင္လိုက္ပါတယ္။

အာႏိုးဟာ ၿပီးခဲ့တဲ့ႏွစ္အပိုင္းအျခားေတြမွာ ကမာၻ႔အေကာင္းဆုံးညာေနာက္ခံလူအျဖစ္သတ္မွတ္ခံခဲ့ရေပမဲ့ ဒီရာသီမွာေတာ့ေျခစြမ္းက်ဆင္းၿပီးေဝဖန္မႈနဲ႔ရင္ဆိုင္ေနရသူျဖစ္ပါတယ္။

အာႏိုးရဲ႕ခံစစ္ကစားပုံကေမးခြန္းထုတ္စရာရွိေပမဲ့ ေဘာလုံးေပးပို႔မႈနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာေတြမွာေျပာစရာမရွိေအာင္ေကာင္းမြန္သူလို႔ မက္အန္တိုနီကခံယူထားတာျဖစ္တယ္။

ကမာၻ႔ဖလားမတိုင္ခင္ အဂၤလန္အသင္းနဲ႔ပတ္သတ္လို႔ မက္အန္တိုနီက “တျခားအသင္းေတြလိုပဲ အဂၤလန္ေကာင္းေအာင္လုပ္ျပႏိုင္တယ္။ ခံစစ္အားနည္းခ်က္ေတြကိုေမ့ထားလိုက္ပါ။

ဂြၽန္စတုန္းက ေပါင္သန္း ၆၀ တန္တယ္၊ မက္ဂြိဳင္းယားရဲ႕ လက္ရွိပုံစံကိုေမ့ထားလိုက္ပါ၊ သူက ေပါင္သန္း ၈၀ တန္တယ္။ ေနာက္ၿပီးေတာ့ အာႏိုး…မနက္ျဖန္ဆိုရင္ ရီးရဲလ္က

သူ႔အတြက္ေပါင္သန္း ၁၅၀ ေပးေခ်ပါလိမ့္မယ္။ စိတ္မခ်ရတဲ့ တစ္ခုတည္းေသာေနရာက ဘယ္ေနာက္ခံပါပဲ။ ဒါေပမဲ့ အဲဒီေနရာမွာ ထရစ္ပီယာကစားႏိုင္ၿပီး

သူကနယူးကာဆယ္အတြက္အရမ္းကိုေကာင္းခဲ့တယ္” လို႔ သုံးသပ္ျပခဲ့ပါတယ္။ ရီစီဂ်ိးမ္စ္နဲ႔ ေဝၚလ္ကာတို႔ဒဏ္ရာရၿပီးတဲ့ေနာက္ အဂၤလန္ညာေနာက္ခံေနရာအတြက္စိုးရိမ္ပူပန္ေနၾကေပမဲ့

မက္အန္တိုနီကေတာ့ အာႏိုးကိုအျပည့္အဝေထာက္ခံေပးလိုက္ၿပီး လိုအပ္ရင္ ထရစ္ပီယာလည္းကစားႏိုင္တယ္လို႔ဆိုခဲ့ပါတယ္။