တနင်္ဂနွေည ဘွန်ဒက်စ်လီဂါကို ချဉ်းကပ်ခြင်း(Super Zay)

လေဗာကူဆင် – ဘိုင်ယန်မြူးနစ်

ဂိုးကွာခြားချက်သာရှိနေကြတဲ့ ရမှတ်တူ ထိပ်ပိုင်းနှစ်သင်းရဲ့တွေ့ဆုံမှုလို့ ဆိုရင်

မမှားပါဘူး။ နောက်ပိုင်းနှစ်တွေအတွင်း တွေ့ဆုံမှုမှတ်တမ်းတွေအရတော့

ဘိုင်ယန်အသာရထားပြီး လေဗာကူဆင်နဲ့နောက်ဆုံးတွေ့ဆုံမှု ၁၄ ပွဲမှာ ရှုံးပွဲ

လုံးဝမရှိခဲ့ဘဲ ၁၀ ပွဲနိုင်၊ ၄ ပွဲသရေကျထားတာပါ။

ဘိုင်ယန်ဟာ နိုင်ငံတကာကြားဖြတ်မတိုင်ခင် နောက်ဆုံးပွဲတုန်းက အိမ်ကွင်းမှာ

ဖရန့်ဖတ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး အဲဒါဟာ နည်းပြနာဂယ်စမန်လက်ထက်

ပထမဆုံးရှုံးပွဲဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူတို့အမြန်ဆုံးရုန်းထနိုင်ဖို့

အားခဲထားမှာပါ။ လေဗာကူဆင်က ဒီရာသီဘွန်ဒက်စ်လီဂါမှာ

တာထွက်ကောင်းထားတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းပွဲတွေဆို ဂိုးမြူးတာ များပါတယ်။

ဘိုင်ယန်ကလည်း အခုရာသီပွဲစဉ်အများစုမှာ ဂိုးမြူးထားပေမယ့်

ဒီရာသီဘွန်ဒက်စ်အဝေးကွင်းပွဲတိုင်း ဂိုးပေးထားရတယ်။ ဒီတော့ နောက်ပိုင်း

တွေ့ဆုံမှုတွေအရ နှစ်သင်းစလုံးရဲ့အပြန်အလှန်သွင်းဂိုးကို မြင်ရဖို့များပြီး

ဂိုးပေါင်းဈေး ၄+၉၀ ကနေ ၄+၆၀ ကို အနည်းငယ်မြင့်တက်လာတဲ့

ဒီပွဲမှာ ဂိုးပေါ်ပဲ အကောင်းဆုံးဖြစ်မှာပါ။

အော့စ်ဘတ် – ဘီလီဖီးလ်

တန်းဆင်းဇုန်ထဲမှာ အထက်အောက်ရပ်တည်နေကြတဲ့အသင်းနှစ်သင်းရဲ့

တွေ့ဆုံမှုပါ။ အော့စ်ဘတ်က ဒီရာသီဘွန်ဒက်စ်လီဂါမှာ တစ်ပွဲပဲနိုင်သေးသလို

ဘီလီဖီးလ်ကလည်း ဒီရာသီလုံးဝနိုင်ပွဲမရသေးပါဘူး။ အော့စ်ဘတ်ရဲ့

ဒီရာသီအားနည်းချက်က တိုက်စစ်ပိုင်းဖြစ်ပြီး ဇီကွီရီဦးဆောင်တဲ့တိုက်စစ်ဟာ

၇ ပွဲကစားပြီးချိန် ၃ ဂိုးသာ သွင်းနိုင်ပါသေးတယ်။

ခံစစ်အသားပေးသလို ခံစစ်လည်းမာတဲ့ဘီလီဖီးလ်ကလည်း အော့စ်ဘတ်လို

အခုမှ ၃ ဂိုးပဲရသေးတယ်။ ဒီရာသီဘွန်ဒက်စ်လီဂါရဲ့သွင်းဂိုးအနည်းဆုံး

နှစ်သင်းထိပ်တိုက်တွေ့တဲ့ဒီပွဲမှာ ဂိုးပေါင်းဈေးကလည်း ၂-၅၀ နဲ့ အခုတစ်ပတ်

ဘွန်ဒက်စ်လီဂါမှာ အနိမ့်ဆုံးဖြစ်နေတာကြောင့် ဂိုးအောက်ပဲ စဉ်းစားသင့်တယ်။

zawgyi

တနဂၤေႏြည ဘြန္ဒက္စ္လီဂါကို ခ်ဥ္းကပ္ျခင္း(Super Zay)

ေလဗာကူဆင္ – ဘိုင္ယန္ျမဴးနစ္

ဂိုးကြာျခားခ်က္သာရွိေနၾကတဲ့ ရမွတ္တူ ထိပ္ပိုင္းႏွစ္သင္းရဲ႕ေတြ႕ဆုံမႈလို႔ ဆိုရင္

မမွားပါဘူး။ ေနာက္ပိုင္းႏွစ္ေတြအတြင္း ေတြ႕ဆုံမႈမွတ္တမ္းေတြအရေတာ့

ဘိုင္ယန္အသာရထားၿပီး ေလဗာကူဆင္နဲ႔ေနာက္ဆုံးေတြ႕ဆုံမႈ ၁၄ ပြဲမွာ ရႈံးပြဲ

လုံးဝမရွိခဲ့ဘဲ ၁၀ ပြဲႏိုင္၊ ၄ ပြဲသေရက်ထားတာပါ။

ဘိုင္ယန္ဟာ ႏိုင္ငံတကာၾကားျဖတ္မတိုင္ခင္ ေနာက္ဆုံးပြဲတုန္းက အိမ္ကြင္းမွာ

ဖရန႔္ဖတ္ကို မထင္မွတ္ဘဲ ရႈံးနိမ့္ခဲ့ၿပီး အဲဒါဟာ နည္းျပနာဂယ္စမန္လက္ထက္

ပထမဆုံးရႈံးပြဲျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႔အျမန္ဆုံး႐ုန္းထႏိုင္ဖို႔

အားခဲထားမွာပါ။ ေလဗာကူဆင္က ဒီရာသီဘြန္ဒက္စ္လီဂါမွာ

တာထြက္ေကာင္းထားတဲ့အသင္းျဖစ္ၿပီး အိမ္ကြင္းပြဲေတြဆို ဂိုးျမဴးတာ မ်ားပါတယ္။

ဘိုင္ယန္ကလည္း အခုရာသီပြဲစဥ္အမ်ားစုမွာ ဂိုးျမဴးထားေပမယ့္

ဒီရာသီဘြန္ဒက္စ္အေဝးကြင္းပြဲတိုင္း ဂိုးေပးထားရတယ္။ ဒီေတာ့ ေနာက္ပိုင္း

ေတြ႕ဆုံမႈေတြအရ ႏွစ္သင္းစလုံးရဲ႕အျပန္အလွန္သြင္းဂိုးကို ျမင္ရဖို႔မ်ားၿပီး

ဂိုးေပါင္းေဈး ၄+၉၀ ကေန ၄+၆၀ ကို အနည္းငယ္ျမင့္တက္လာတဲ့

ဒီပြဲမွာ ဂိုးေပၚပဲ အေကာင္းဆုံးျဖစ္မွာပါ။

ေအာ့စ္ဘတ္ – ဘီလီဖီးလ္

တန္းဆင္းဇုန္ထဲမွာ အထက္ေအာက္ရပ္တည္ေနၾကတဲ့အသင္းႏွစ္သင္းရဲ႕

ေတြ႕ဆုံမႈပါ။ ေအာ့စ္ဘတ္က ဒီရာသီဘြန္ဒက္စ္လီဂါမွာ တစ္ပြဲပဲႏိုင္ေသးသလို

ဘီလီဖီးလ္ကလည္း ဒီရာသီလုံးဝႏိုင္ပြဲမရေသးပါဘူး။ ေအာ့စ္ဘတ္ရဲ႕

ဒီရာသီအားနည္းခ်က္က တိုက္စစ္ပိုင္းျဖစ္ၿပီး ဇီကြီရီဦးေဆာင္တဲ့တိုက္စစ္ဟာ

၇ ပြဲကစားၿပီးခ်ိန္ ၃ ဂိုးသာ သြင္းႏိုင္ပါေသးတယ္။

ခံစစ္အသားေပးသလို ခံစစ္လည္းမာတဲ့ဘီလီဖီးလ္ကလည္း ေအာ့စ္ဘတ္လို

အခုမွ ၃ ဂိုးပဲရေသးတယ္။ ဒီရာသီဘြန္ဒက္စ္လီဂါရဲ႕သြင္းဂိုးအနည္းဆုံး

ႏွစ္သင္းထိပ္တိုက္ေတြ႕တဲ့ဒီပြဲမွာ ဂိုးေပါင္းေဈးကလည္း ၂-၅၀ နဲ႔ အခုတစ္ပတ္

ဘြန္ဒက္စ္လီဂါမွာ အနိမ့္ဆုံးျဖစ္ေနတာေၾကာင့္ ဂိုးေအာက္ပဲ စဥ္းစားသင့္တယ္။