ဒီနေ၊ တနင်္ဂနွေညမှာ လာလီဂါ ၄ ပွဲဆက်ကစားကြမှာပါ။
လာလီဂါမှာ အမှားမခံဘဲ ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့ အသင်းကြီးတွေကိုတော့
ပစ်ပယ်လို့ မရလောက်ပါဘူး။ ဆီဗီလာနဲ့ ဘာစီလိုနာတို့ကို စိတ်ကြိုက်တွေ့ပါတယ်။
ဗယ်လီကာနို Vs ဆီဗီလာ
ဗယ်လီကာနို အတော်လေးခြေကျနေပါတယ်။ ပြိုင်ပွဲစုံ
နောက်ဆုံး ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ၆ ပွဲတောင် ရှုံးထားပါတယ်။
ဆီဗီလာနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲဆက်တိုက်လည်း
နိုင်ပွဲ မရှိဘဲ ၁၀ ပွဲ ရှုံးခဲ့တယ်။ ဗယ်လီကာနိုထက်စာရင်တော့ ဆီဗီလာက ရလဒ်၊
ခြေစွမ်းပိုင်းအတော်လေး ကောင်းပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာလည်
း ဒိုင်နမိုဇာဂရက်တစ်သင်းတည်းကိုသာ ရှုံးခဲ့တာပါ။
ခြေပျက်နေတဲ့ ဗယ်လီကာနိုထက် ဆီဗီလာကိုပဲ စဥ္းစားသင့်ပါတယ်။
ဆီဗီလာ
ဘက်တစ် Vs ဘီလ်ဘာအို
ဘက်တစ် အတော်လေးခြေကျနေပြီး ပြိုင်ပွဲစုံ
နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တယ်။ သူတို့ရဲ့ ခံစစ်ကလည်း
စိတ်မချရဘဲ နောက်ဆုံး ၄ ပွဲဆက်တိုက် ပြိုင်ဘက်ကို ဂိုးစပေးခဲ့ရတယ်။
အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက်လည်း ဂိုးစပေးခဲ့ရတယ်။
ဘီလ်ဘာအိုကလည်း ခြေကျလာပါတယ်။
ဒါပေမယ့် ဘက်တစ်လောက်တော့ မဆိုးပါဘူး။
ဘီလ်ဘာအိုရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲအနက် ၄ ပွဲက ဂိုးပေါ်ခဲ့ပါတယ်။
မနေ့ညက ၄ ပွဲမှာလည်း ပြတ်ပြတ်သားသားဂိုးပေါ်ခဲ့တဲ့
ပွဲ မရှိခဲ့လို့ ဂိုးအပေါ်ကို ရွေးချင်ပါတယ်။
ဂိုးအပေါ်
ဆိုစီဒက် Vs အလာဗက်စ်
ဆိုစီဒက်က အလာဗက်စ်နဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။
အဲ့ဒိ ၃ ပွဲစလုံး တစ်ပွဲအနည်းဆုံး ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အဆင့် ၄ နေရာက ဘာစီလိုနာနဲ့ ၄ မှတ်သာကွာလို့
ဒီလိုပွဲမျိုးကို ဆိုစီဒက် အနိုင်ကစားထားရမှာပါ။
အလာဗက်စ်က လာလီဂါမှာ တိုက်စစ်အညံ့ဆုံးဖြစ်ပြီး
၂၇ ပွဲမှာ ၂၁ ဂိုးပဲ သွင်းနိုင်ခဲ့တယ်။
လာလီဂါအဝေးကွင်းနောက်ဆုံး ၈ ပွဲဆက်တိုက်
တစ်ပွဲအနည်းဆုံး ၂ ဂိုးပေးခဲ့ရတယ်။ လာလီဂါ နောက်ဆုံး ၁၅ ပွဲမှာလည်း
၁ ပွဲသာနိုင်ခဲ့တယ်။ ဆိုစီဒက်ကို ရွေးသင့်ပါတယ်။
ဆိုစီဒက်
ဘာစီလိုနာ Vs အိုဆာဆူနာ
ဘာစီလိုနာက လာလီဂါ ၁၁ ပွဲဆက်တိုက် ရှုံးပွဲ မရှိပါဘူး။
အိုဆာဆူနာကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး ၉ ပွဲအနက် ၈ ပွဲ အနိုင်ရခဲ့တယ်။
လာလီဂါအိမ်ကွင်းနောက်ဆုံး ၃ ပွဲဆက်တိုက် တစ်ပွဲအနည်းဆုံး ၃ ဂိုးသွင်းနိုင်ခ့ဲ့တယ်။
အိုဆာဆူနာက လာလီဂါ အဝေးကွင်းနောက်ဆုံး ၉ ပွဲမှာ ၂ ပွဲ အနိုင်ခဲ့တယ်။
အဲ့ဒိ အနိုင်ရတဲ့ ၂ ပွဲသာ ဂိုးသွင်းနိုင်ခဲ့ပြီး ကျန် ၇ ပွဲစလုံး အိုဆာဆူနာ ဂိုးမရခဲ့ဘူး။
ချန်ပီယံလိဂ် ဝင်ခွင့်ဖိအားရှိနေသလို နူးကမ့်လည်းဖြစ်တာမို့
ဘာစီလိုနာကိုပဲ ရွေးချယ်သင့်ပါတယ်။
ဘာစီလိုနာ
zawgyi
တနင်္ဂနွေညမှာ အမှန်ခြစ်ထားရမယ့် လာလီဂါပစ်မှတ်များ (ကိုရွှေမောင်း)
ဗယ်လီကာနို Vs ဆီဗီလာ
ခြေပျက်နေတဲ့ ဗယ်လီကာနိုထက် ဆီဗီလာကိုပဲ စဉ်းစားသင့်ပါတယ်။
ဆီဗီလာ
ဘက်တစ် Vs ဘီလ်ဘာအို
ဂိုးအပေါ်
ဆိုစီဒက် Vs အလာဗက်စ်
ဆိုစီဒက်
လာလီဂါအိမ်ကွင်းနောက်ဆုံး ၃ ပွဲဆက်တိုက် တစ်ပွဲအနည်းဆုံး ၃ ဂိုးသွင်းနိုင်ခဲ့တယ်။
ဘာစီလိုနာ