ဒီနေ့၊ တနင်္ဂနွေညမှာ လာလီဂါ ၄ ပွဲဆက်ကစားကြမှာပါ။
ဇန်နဝါရီစျေးကွက်အတွင်း ခေါ်ခဲ့တဲ့ ကစားသမားတွေနဲ့ ဂိုးမိုးရွာနေတဲ့
ဘာစီလိုနာ၊ အယ်လ်ချီအိမ်ကွင်းတိုက်စစ်ရှိတာကြောင့်
ဒီနေ့ညပွဲမှာ ဘာစီလိုနာဂိုးအပေါ်ကို အကြိုက်ဆုံးပါပဲ။
၃ ပွဲဆက် ကြေးကျခဲ့တဲ့ ဆဲလ်တာဗီဂိုလည်း အောင်ချိန်တန်နေပါပြီ။
ကာဒစ်ဇ် Vs ဗယ်လီကာနို
ဒီရာသီ လာလီဂါမှာ အိမ်ကွင်းနိုင်ပွဲမရှိသေးတဲ့ ကာဒစ္ဇ်လို အဆင့် ၁၉ ရောက်နေတဲ့
အသင်းက ဗယ်လီကာနိုလို ကစားသမားကောင်းတွေ ရှိတဲ့
အသင်းမျိုးကို =၃၀ ပေးထားတာ နည်းနည်းထူးခြားနေပါတယ်။
ကာဒစ်ဇ်အိမ်ကွင်းကတော့ ကြိုက်ချင်စရာကို မရှိဘဲ
လာလီဂါအိမ်ကွင်း ၃ ပွဲဆက် သရေကျခဲ့ပါတယ်။
ဗယ်လီကာနိုကလည်း လာလီဂါနောက်ဆုံး ၅ ပွဲဆက်ရှုံးပြီး ခြေကျနေတဲ့အသင်းပါ။
လာလီဂါနောက်ဆုံး ၇ ပွဲမှာလည်း ၂ ပွဲသာဂိုးသွင်းနိုင်ခဲ့တယ်။
အဝေးကွင်းဆိုရင်လည်းတိုက်စစ်က ပိုညံ့သွားပါတယ်။
ဂိုးပေါင်းစျေးကလည်း ပျော့နေလို့ ဂိုးအောက်ပဲ ရွေးသင့်ပါတယ်။
ဂိုးအောက်
အယ်လ်ချီ Vs ဘာစီလိုနာ
အယ်လ်ချီက လာလီဂါအိမ်ကွင်း ၃ ပွဲဆက်တိုက် အနိင်ရထားပါတယ်။
ပထမအကျော့တုန်းကလည်း နူးကမ့်ကွင်းမှာ ၂ ဂိုးသွင်းပြီး
ဘာစီလိုနာကို အခက်တွေ့စေခဲ့ပါသေးတယ်။
ဒီပွဲကိုလည်း လက်မှတ်အကုန်ရောင်းထားရပြီး
အုံးအုံးကြွက်ကြွက်အားပေးဖို့ ပြင်ဆင်ထားကြတာပါ။
ဘာစီလိုနာကလည်း အူဘာမီးယန်း၊ ဖာရန်တောရက်စ်၊
ထရာအိုယေးတို့ရောက်လာပြီးနောက်ပိုင်း
တိုက်စစ် သိသိသာသာတိုးတက်လာပါတယ်။
ဘာစီလိုနာရဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် အနည်းဆုံး ၄ ဂိုးသွင်းနိုင်ခဲ့သလို
ဒီပေးလည်း ပြန်ကစားနိုင်တဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့တယ်။
ဘာစီလိုနာလည်း ၁ ဂိုးလောက်တော့ပေးရဖို့ သေချာနေလို့
ဂိုးအပေါ်က အပိုင်ဆုံးဖြစ်နိုင်ပါတယ်။
ဂိုးအပေါ်
ဆဲလ်တာဗီဂို Vs မာယော့ကာ
ကာဒစ်၊ လီဗန်တေး၊ အက်-တီကိုတို့နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက်
ဆဲလ်တာဗီဂို ကြေးကျခဲ့တယ်။ ဒီရာသီ ဆဲလ်တာရဲ့ ကစားပုံကလည်း မငြိမ်ပါဘူး။
ပွဲအဖြေပြောင်းနိုင်တဲ့ တစ်ဦးချင်းအရည်အသွေးမှာတော့
ဆဲလ်တာက အများကြီးသာပါတယ်။ မာယော့ကာက ဆဲလ်တာနဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး ၇ ပွဲဆက် မရှုံးခဲ့ပါဘူး။ ဒါပေမယ့် ဒီရာသီ အဝေးကွင်း
အတော်လေးညံ့နေပြီး လာလီဂါအဝေးကွင်း ၄ ပွဲဆက်ရှံးထားတယ်။
ဆဲလ်တာကြေးပြန်အောင်ချိန် တန်ပါပြီ။
ဆဲလ်တာဗီဂို
ဘက်တစ် Vs အက်သလက်တီကို
ဘက်တစ်အတွက် အရေးပါတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား
ကာနာလက်စ် ပွဲပယ်ခံထားရပါတယ်။ ဘက်တစ်တိုက်စစ်ကတော့ အဆိပ်ရှိနေဆဲပါ။
ဒီပွဲက အဆင့် ၃ နေရာအတွက် အရေးပါတဲ့ပွဲဖြစ်နေလို့လည်း
အိမ်ကွင်းမှာ ဘက်တစ်အည့့ံခံမယ် မထင်ပါဘူး။
အက်-တီကိုကလည်း ဘက်တစ်ဆိုရင် အတော်လေးအသာရထားပြီ
း ပြိုင်ပွဲစုံ နောက်ဆုံး ၂၁ ပွဲမှာ ၁ ပွဲပဲ ရှုံးခဲ့ပါတယ်။ အက်-တီကို
ခံစစ်စိတ်မချရတော့ပေမယ့် တိုက်စစ်က ကောင်းနေဆဲဖြစ်ပြီး
လာလီဂါနောက်ဆုံး ၈ ပွဲအနက် ၇ ပွဲမှာ တစ်ပွဲအနည်းဆုံး ၂ ဂိုးသွင်းခဲ့တယ်။
အပြန်အလှန်ဂိုရဖို့ သေချာတဲ့ပွဲမျိုးပါပဲ။
ဂိုးအပေါ်
zawgyi
ဇန်နဝါရီဈေးကွက်အတွင်း ခေါ်ခဲ့တဲ့ ကစားသမားတွေနဲ့ ဂိုးမိုးရွာနေတဲ့
တနင်္ဂနွေညမှာ အမှန်ခြစ်ထားရမယ့် လာလီဂါ ပစ်မှတ်များ (ကိုရွှေမောင်း )
ကာဒစ်ဇ် Vs ဗယ်လီကာနို
ဂိုးပေါင်းဈေးကလည်း ပျော့နေလို့ ဂိုးအောက်ပဲ ရွေးသင့်ပါတယ်။
ဂိုးအောက်
အယ်လ်ချီ Vs ဘာစီလိုနာ
ဂိုးအပေါ်
ဆဲလ်တာဗီဂို
အိမ်ကွင်းမှာ ဘက်တစ်အညံ့ခံမယ် မထင်ပါဘူး။
ဂိုးအပေါ်