တနင်္ဂနွေညမှာ အမှန်ခြစ်ထားရမယ့် လာလီဂါ ပစ်မှတ်များ ( ကိုရွှေမောင်း )
ဒီကနေ့ တနင်္ဂနွေညမှာ လာလီဂါပွဲစဥ် ၆ ပွဲကစားမှာပါ။
မာယော့ကာ-ဘာစီလိုနာပွဲမှာ ၂ သင်းလုံး ဒဏ်ရာ၊ ကိုဗစ်ကြောင့် တိုင်ပတ်နေကြပါတယ်။
လာလီဂါ ၄ ပွဲဆက်ရှုံးထားတဲ့ ချန်ပီယံ အက်-တီကိုကတော့ ကိုဗစ်ကူးနေသူ
၁၇ ဦးအထိ ရှိနေတဲ့ ဗယ်လီကာနိုကို ဂိုးပြတ် အနိုင်ရမယ် ထင်ပါတယ်။
ဂီတာဖေး Vs ရီးရဲလ်
မက်ဒရစ်မြို့ အခြေစိုက်တဲ့ ဂီတာဖေးဟာ ဆန်းချက်စ်ဖလောရက်စ်
တာဝန်ယူပြီးနောက်ပိုင်း ကစားပုံနဲ့ ရလဒ်တွေ သိသိသာသာ တိုးတက်လာပါတယ်။
လာလီဂါအိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက်တိုက်ပေးဂိုး မရှိခဲ့သလို
လာလီဂါနောက်ဆုံး ၅ ပွဲဆက်တိုက် မရှုံးခဲ့ဘူး။
ရီးရဲလ်ဟာ ကိုဗစ်ဒဏ်ကို အတော်ခံခဲ့ရပေမယ့် နောက်ဆုံး ၁၁ ပွဲမှာ
၁၀ ပွဲအထိ အနိုင်ကစားထားပါတယ်။ ဂီတာဖေးနဲ့ ဆိုရင်လည်း
ရီးရဲလ်ကအသာစီးရထားပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၆ ပွဲမှာ ၁ ပွဲပဲရှုံးခဲ့သလို
နောက်ဆုံး ၇ ပွဲဆက်တိုက် ဂိုးမပေးခဲ့ရပါဘူး။ ချန်ပီယံလိဂ်ပွဲတွေ မလာခင်
လာလီဂါကို ဖြတ်ထားမယ့် ရီးရဲလ်ကိုပဲ ရွေးသင့်ပါတယ်။
ရီးရဲလ်
အယ်လ်ချီ Vs ဂရန်နာဒါ
တန်းဆင်းဇုန်ထဲက အလာဗက်စ်၊ ကာဒစ်ဇ်တို့ကို တစ်မှတ်သာဖြတ်ထားပြီး
အဆင့် ၁၆ နေရာက ဂီတာဖေးနဲ့ ရမှတ်တူနေလို့ အယ်လ်ချီ ရုန်းနေပါတယ်။
ဒီရာသီလာလီဂါအိမ်ကွင်း ၈ ပွဲမှာလည်း ၆ ပွဲဂိုးသွင်းနိုင်ခဲ့တယ်။
ဒါပေမယ့် အိမ်ကွင်းမှာတောင် ခံစစ်က စိတ်မချရဘဲ အဲ့ဒိ ၈ ပွဲမှာ ၆ ပွဲ ဂိုးပေးခဲ့ရတာပါ။
ဂရန်နာဒါက လာလီဂါအဝေးကွင်းနောက်ဆုံး ၁၁ ပွဲမှာ ၁ ပွဲပဲနိုင်ခဲ့ဖူးပေမယ့်
အယ်လ်ချီကိုတော့ အစဥ္အလာသာထားပြီး ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်
နိုင်ထားတယ်။ ဂရန်နာဒါရဲ့ လာလီဂါနောက်ဆုံး ၆ ပွဲကလည်း
အပြန်အလှန် ဂိုးသွင်းတဲ့ ပွဲတွေဖြစ်ပြီး ၅ ပွဲ ဂိုးပေါ်ခဲ့ပါတယ်။
ဂိုးပေါင်းစျေးပါးလွန်းနေပေမယ့် ကြေးကိုမေ့ထားပြီး ဂိုးအပေါ်ကို ရွေးချင်ပါတယ်။
ဂိုးအပေါ်
အက်-တီကို Vs ဗယ်လီကာနို
ချန်ပီယံ အက်-တီကိုက လာလီဂါနောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးခဲ့လို့
ဖိအားများနေပြီး နိင်ပွဲလိုနေပါပြီ။ ဗယ်လီကာနိုကိုလည်းအစဥ္အလာ
အတော်လေးသားထားပြီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ပြိုင်ပွဲစုံ
နောက်ဆုံး ၈ ပွဲဆက်တိုက် အနိုင်ရခဲ့တယ်။ အိမ်/အဝေး
နောက်ဆုံး ၄ ပွဲဆက်လည်း ဂိုးမပေးခဲ့ရဘူး။
ဗယ်လီကာနိုက လာလီဂါအဝေးကွင်း ၅ ပွဲဆက်နိုင်ပွဲမရှိဘူး။
ပိုဆိုးတာက ဗယ်လီကာနိုမှာ ကိုဗစ်ပိုးတွေ့သူ ၁၇ ဦးအထိရှိနေပြီး
ဒီပွဲကိုအရန်အသင်းနဲ့ ကစားရမယ့်အခြေအနေတောင်ဖြစ်နေတာပါ။
အက်-တီကို အောင်ဖို့များပါတယ်။
အက်-တီကို
အလာဗက်စ် Vs ဆိုစီဒက်
ဗီလာရီးရဲလ်ကို ကို ၅-၂ နဲ့ ရှုံးပြီးနောက် နည်းပြ ကယ်လီဂျာကို
အလာဗက််စ်က ထုတ်လိုက်ကာ ဒီဇင်ဘာ ၂၈ ကစပြီး ဘီလ်ဘာအို၊
အိုဆာဆူနာ၊ လီဗန်တေးနဲ့ အီဘာနည်းပြဟောင်း မန်ဒီလီဘာကို
ခန့်အပ်ထားပါတယ်။ ဆိုစီဒက်ပွဲဟာ မန်ဒီလီဘာရဲ့ အလာဗက်စ်
ပထမဆုံးပွဲဖြစ်လို့ အစွမ်းကုန် ရုန်းမှာဖြစ်ပေမယ့်
ရက်ပိုင်းအတွင်း အလုံးစုံပြောင်းလဲဖို့ မလွယ်နိုင်ပါဘူး။
ဆိုစီဒက်ကလည်း လာလီဂါ ၄ ပွဲဆက်ရှုံးထားလို့ ဖိအားများနေတယ်။
ဒီပွဲမှာလည်း ၆ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးထားပြီး ဒီရာသီသူတို့အတွက်
လာလီဂါဂိုးအများဆုံးသွင်းပေးထားတဲ့တိုက်စစ်မှူး အိုရာဇာဘယ်
ပွဲပယ်ခံထားရပါတယ်။ ၀-၁ လို့ ထင် ထင်ပါတယ်။
ဂိုးအောက် / ဆိုစီဒက်
ဘက်တစ် Vs ဆဲလ်တာဗီဂို
ဘက်တစ်တိုက်စစ်စိတ်ချရပြီး အိမ်/အဝေး ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက်
ဂိုးရထားပါတယ်။ လာလီဂါအိမ်ကွင်းနောက်ဆုံး ၇ ပွဲအနက် ၆ ပွဲမှာလည်း
၁ ပွဲအနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ တိုက်စစ်မှုး အီဂလီဆီးယပ်စ်နဲ့
နည်းပြ ပယ်လီဂရီကို စာချုပ်တိုးထားပြီး အသင်းမှာ
ယုံကြည်မှု အမြင့်ဆုံးအချိန် ရောက်နေပါတယ်။
ဆဲလ်တာဗီဂိုဟာ ဘက်တစ်ကွင်းမှာ သွားကစားခဲ့တဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲမရခဲ့ဘူး။ ဘက်တစ်ကွင်းမှာ ကစားခဲ့တဲ့
ဒီ ၂သင်းရဲ့ နောက်ဆုံး ၇ ပွဲဆက်တိုက် အပြန်အလှန်ဂိုးသွင်းခဲ့ကြပြီး
၆ ပွဲက ပြတ်ပြတ်သားသားဂိုးပေါ်ခဲ့ကြပါတယ်။
ဂိုးအပေါ်တစ်ကွက်က စိတ်အချရဆုံးပါပဲ။
ဂိုးအပေါ်
မာယော့ကာ Vs ဘာစီလိုနာ
ဒဏ်ရာနဲ့ ကိုဗစ် နှိပ်စက်နေတဲ့ ၂ သင်းတွေ့ကြတာပါ။ မာယော့ကာမှာ
ဒဏ်ရာရကစားသမားတွေများနေတဲ့အပြင် ပထမအသင်းသား ၇ ဦးကလည်း
ကိုဗစ်ကူးနေလို့ မပါနိုင်ပါဘူး။ မာယော့ကာဟာ အိမ်ကွင်းတော့မာပြီး
အောက်တိုဘာ၂ ကလီဗန်တေးကို အနိုင်ရပြီးကတည်းက
အိမ်ကွင်းမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ ပြိုင်ပဲွစုံ နောက်ဆုံး ၁၃ ပွဲမှာလည်း
ဆိုစီဒက်၊ ဗယ်လီကာနို၊ ဂရန်နာဒါတို့ကိုသာ အဝေးကွင်းမှာ ရှုံးခဲ့တာပါ။
ဘာစီလိုနာကတော့ မာယော့ကာထက်တောင် အခြေအနေပိုဆိုးနေပြီး
ကိုှဗစ်ကူးနေသူ ၁၀ ဦး၊ ဘက်စ်ကွက်ဇ် ပဲွပယ်၊ ဒဏ်ရာရနေသူ ၅ ဦးတို့နဲ့
ဒီပွဲကို လူငယ်အသင်းတောင် ထုတ်ကစားရဖို့အထိ အခြေအနေဆိုးနေပါတယ်။
ဘာစီလိုနာရဲ့​ကြေး =-၆၀ / ၂- ၈၀ဆိုတာကလည်း ပါးလွန်းပါတယ်။
ဂိုးအောက်ကိုပဲ ကြိုက်ပါတယ်။
ဂိုးအောက်
zawgyi
ဂီတာဖေး Vs ရီးရဲလ်
ရီးရဲလ်
အယ်လ်ချီ Vs ဂရန်နာဒါ
အယ်လ်ချီကိုတော့ အစဉ်အလာသာထားပြီး ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်
ဂိုးပေါင်းဈေးပါးလွန်းနေပေမယ့် ကြေးကိုမေ့ထားပြီး ဂိုးအပေါ်ကို ရွေးချင်ပါတယ်။
ဂိုးအပေါ်
အက်-တီကို
အလာဗက်စ် Vs ဆိုစီဒက်
အလာဗက်စ်က ထုတ်လိုက်ကာ ဒီဇင်ဘာ ၂၈ ကစပြီး ဘီလ်ဘာအို၊
ပွဲပယ်ခံထားရပါတယ်။ ၀-၁ လို့ ထင် ထင်ပါတယ်။
ဂိုးအောက် / ဆိုစီဒက်
ဘက်တစ် Vs ဆဲလ်တာဗီဂို
ဂိုးအပေါ်
မာယော့ကာ Vs ဘာစီလိုနာ
ကှိုဗစ်ကူးနေသူ ၁၀ ဦး၊ ဘက်စ်ကွက်ဇ် ပွဲပယ်၊ ဒဏ်ရာရနေသူ ၅ ဦးတို့နဲ့
ဂိုးအောက်