တစ်သက်မှာ တစ်ခါလောက်ဆိုတဲ့ မက်ဆီရဲ့လုပ်ရပ်က ပရိသတ်တွေအတွက်အလွန်ထူးဆန်းပြီး အံ့အားသင့်စရာဖြစ်ခဲ့

မက်ဆီ အလေးမနေတဲ့ဗီဒီယိုဖိုင်တစ်ခုပျံ့နှံ့သွားခဲ့ပြီးနောက်

ဘလွန်းဒီအော်စံချိန်ရှင်ရဲ့အလွန်ထူးဆန်းတဲ့လုပ်ရပ်က ပရိသတ်ကို

အံ့အားသင့်စေခဲ့ပါတယ်။ အရပ် ၅ ပေ၊ ၇ လက်မနဲ့ ကိုယ်အလေးချိန်

၁၅၉ ပေါင်လောက်သာရှိတဲ့ မက်ဆီဟာပိုင့်အရွယ်အစားလောက်သာ

ရှိပြီး ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့အတွက် ပါဝါနဲ့

ကောင်းချီးပေးရမယ်ဆိုတဲ့ အယူအဆတွေကိုပျက်ရယ်ပြုခဲ့သူ

တစ်ယောက်ပါ။ မက်ဆီဟာ ငယ်ငယ်ကတည်းက

ကြီးထွားဟော်မုန်းချို့ယွင်းမှုခံစားနေရတယ်လို့ ဆရာဝန်တွေက

ကောက်ချဆွဲခဲ့ပြီး ရလဒ်အနေနဲ့တော့ သူ့ရဲ့ခြေထောက်တွေထဲကို

ကြီးထွားဟော်မုန်းဆေးတွေထိုးသွင်းခဲ့ရတာဖြစ်တယ်။

ကြံ့ခိုင်မှုအားပြုသူတစ်ယောက်မဟုတ်ပေမဲ့ အသက် ၃၅နှစ်အရွယ်

အရောက်မှာတော့ မက်ဆီဟာ သူ့ရဲ့ပါဝါကိုမြှင့်တင်ဖို့ကြိုးစား

နေပုံရပါတယ်။ ပီအက်စ်ဂျီအသင်းမျှဝေထားတဲ့ ဗီဒီယိုတစ်ခုမှာ

ကစားသမားတွေဟာ မတူညီတဲ့လေ့ကျင့်ခန်းတွေပြုလုပ်နေခဲ့

ကြတာဖြစ်တယ်။ ဒီထဲမှာတော့ မက်ဆီဟာ ပေါင် ၂၀ ဝိတ်တုံးကိုမပြီး

လေ့ကျင့်ခန်းပြုလုပ်နေတာတွေ့ရမှာပါ။ ကင်မရာရိုက်ချက်တွေ

ထဲမှာတော့ မက်ဆီဟာ သူ့ဘဝမှာပထမဆုံးအကြိမ်

အလေးမဖူးတဲ့ပုံစံနဲ့ လှုပ်ရှားနေခဲ့ပါတယ်။

ဒါကိုပရိသတ်တစ်ယောက် “သူအလေးမတာကို ကျွန်တော်

ပထမဆုံးအကြိမ်တွေ့ဖူးတယ်ဆိုတာ ဝန်ခံပါတယ်” လို့

ရေးသားပြီးမျှဝေခဲ့တဲ့နောက် ဆိုရှယ်မီဒီယာမှာပွဲဆူသွားခဲ့ပါတယ်။

တွစ်တာပေါ်မှာ Like လုပ်သူ ၅၀၀၀၀ ကျော်ရှိခဲ့ပြီး ရှားပါး

မြင်ကွင်းဖြစ်တယ်ဆိုတာကိုအားလုံးက သဘောတူလက်ခံခဲ့ပါတယ်။

“ငါ့ဘဝတစ်သက်မှာ မက်ဆီအလေးမတာကိုတစ်ခါမှမတွေ့ဖူးဘူးလို့”

ပရိသတ်တစ်ယောက်က မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က

“မင်းအသင်းကို မင်းထမ်းထားရတာကြာနေပြီ၊ ဘာအတွက်နဲ့မှ

ကိုယ်အလေးချိန်တက်ဖို့ မလိုပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ “မက်ဆီက အလေးမနေတယ်၊

ငါ့ကိုဘာလို့ ဒီလောက်အထိရယ်စေရတာလဲ ဟား.ဟား” လို့ တုံ့ပြန်ရေးသားသွားခဲ့တာဖြစ်တယ်။

zawgyi

တစ္သက္မွာ တစ္ခါေလာက္ဆိုတဲ့ မက္ဆီရဲ႕လုပ္ရပ္က ပရိသတ္ေတြအတြက္အလြန္ထူးဆန္းၿပီး အံ့အားသင့္စရာျဖစ္ခဲ့

မက္ဆီ အေလးမေနတဲ့ဗီဒီယိုဖိုင္တစ္ခုပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္

ဘလြန္းဒီေအာ္စံခ်ိန္ရွင္ရဲ႕အလြန္ထူးဆန္းတဲ့လုပ္ရပ္က ပရိသတ္ကို

အံ့အားသင့္ေစခဲ့ပါတယ္။ အရပ္ ၅ ေပ၊ ၇ လက္မနဲ႔ ကိုယ္အေလးခ်ိန္

၁၅၉ ေပါင္ေလာက္သာရွိတဲ့ မက္ဆီဟာပိုင့္အ႐ြယ္အစားေလာက္သာ

ရွိၿပီး ၾကယ္ပြင့္တစ္ေယာက္ျဖစ္ဖို႔အတြက္ ပါဝါနဲ႔

ေကာင္းခ်ီးေပးရမယ္ဆိုတဲ့ အယူအဆေတြကိုပ်က္ရယ္ျပဳခဲ့သူ

တစ္ေယာက္ပါ။ မက္ဆီဟာ ငယ္ငယ္ကတည္းက

ႀကီးထြားေဟာ္မုန္းခ်ိဳ႕ယြင္းမႈခံစားေနရတယ္လို႔ ဆရာဝန္ေတြက

ေကာက္ခ်ဆြဲခဲ့ၿပီး ရလဒ္အေနနဲ႔ေတာ့ သူ႔ရဲ႕ေျခေထာက္ေတြထဲကို

ႀကီးထြားေဟာ္မုန္းေဆးေတြထိုးသြင္းခဲ့ရတာျဖစ္တယ္။

ႀကံ့ခိုင္မႈအားျပဳသူတစ္ေယာက္မဟုတ္ေပမဲ့ အသက္ ၃၅ႏွစ္အ႐ြယ္

အေရာက္မွာေတာ့ မက္ဆီဟာ သူ႔ရဲ႕ပါဝါကိုျမႇင့္တင္ဖို႔ႀကိဳးစား

ေနပုံရပါတယ္။ ပီအက္စ္ဂ်ီအသင္းမွ်ေဝထားတဲ့ ဗီဒီယိုတစ္ခုမွာ

ကစားသမားေတြဟာ မတူညီတဲ့ေလ့က်င့္ခန္းေတြျပဳလုပ္ေနခဲ့

ၾကတာျဖစ္တယ္။ ဒီထဲမွာေတာ့ မက္ဆီဟာ ေပါင္ ၂၀ ဝိတ္တုံးကိုမၿပီး

ေလ့က်င့္ခန္းျပဳလုပ္ေနတာေတြ႕ရမွာပါ။ ကင္မရာ႐ိုက္ခ်က္ေတြ

ထဲမွာေတာ့ မက္ဆီဟာ သူ႔ဘဝမွာပထမဆုံးအႀကိမ္

အေလးမဖူးတဲ့ပုံစံနဲ႔ လႈပ္ရွားေနခဲ့ပါတယ္။

ဒါကိုပရိသတ္တစ္ေယာက္ “သူအေလးမတာကို ကြၽန္ေတာ္

ပထမဆုံးအႀကိမ္ေတြ႕ဖူးတယ္ဆိုတာ ဝန္ခံပါတယ္” လို႔

ေရးသားၿပီးမွ်ေဝခဲ့တဲ့ေနာက္ ဆိုရွယ္မီဒီယာမွာပြဲဆူသြားခဲ့ပါတယ္။

တြစ္တာေပၚမွာ Like လုပ္သူ ၅၀၀၀၀ ေက်ာ္ရွိခဲ့ၿပီး ရွားပါး

ျမင္ကြင္းျဖစ္တယ္ဆိုတာကိုအားလုံးက သေဘာတူလက္ခံခဲ့ပါတယ္။

“ငါ့ဘဝတစ္သက္မွာ မက္ဆီအေလးမတာကိုတစ္ခါမွမေတြ႕ဖူးဘူးလို႔”

ပရိသတ္တစ္ေယာက္က မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က

“မင္းအသင္းကို မင္းထမ္းထားရတာၾကာေနၿပီ၊ ဘာအတြက္နဲ႔မွ

ကိုယ္အေလးခ်ိန္တက္ဖို႔ မလိုပါဘူး” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ “မက္ဆီက အေလးမေနတယ္၊

ငါ့ကိုဘာလို႔ ဒီေလာက္အထိရယ္ေစရတာလဲ ဟား.ဟား” လို႔ တုံ႔ျပန္ေရးသားသြားခဲ့တာျဖစ္တယ္။