တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသူကို ချဲလ်ဆီးအသင်း အကန့်အသတ်မရှိ ပွဲကြည့်ခွင့်ပိတ်ပင်

ချဲလ်ဆီးဟာ တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားတဲ့ သူတို့ပရိသတ်တစ်ယောက်ကို အကန့်အသတ်မရှိ ပွဲကြည့်ခွင့်ပိတ်လိုက်ပါတယ်။ စပါးနဲ့လန်ဒန်ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ဆွန်ဟောင်မင်ကို လူမျိုးရေး ခွဲခြားစော်ကားမှုပြုလုပ်ခဲ့တာကြောင့် ချဲလ်ဆီးက

သူ့တို့ပရိသတ်ကို အခုလိုအရေးယူပေးခဲ့တာပါ။ ဆွန်ဟောင်မင် ကို ချဲလ်ဆီးပရိသတ်တွေ လူမျိုးရေးခွဲခြားမှုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်လာပြီးနောက် ချဲလ်ဆီးက စုံစမ်း စစ်ဆေးမှုတွေပြုလုပ်ပေးသွားမယ်ဆိုပြီး ချက်ချင်းတုံ့ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်း ရဲ့ကနဦးထုတ်ပြန်ချက်မှာ အပြစ်ကျူးလွန်တဲ့ ပရိသတ်ကိုရှာဖွေပြီး ရာသက်ပန် ပွဲကြည့်ခွင့်ပိတ်သွားမယ်လို့ ဆိုထားခဲ့တာပါ။ အဲဒီပွဲစဉ်မှာ ထောင့်ကန်ဘောယူဖို့လာတဲ့ ဆွန်ဟောင်မင်ကို ချဲလ်ဆီးပရိသတ်တွေက ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး

အဲဒီထဲက ပရိသတ်တစ်ယောက်ဟာ မျက်လုံးထောင့်နှစ်ဖက်ကို လက်ညှိုးနဲ့ ထောက်ပြီး မျောက်သဏ္ဍန်လုပ်ကာ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ အခုဖြစ်ရပ်နောက်ပိုင်း ချဲလ်ဆီးဟာ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်က ထိုင်ခုံအားလုံနောက်မှာ လူမျိုးရေးခွဲခြားစော်ကားမှုခံရပါက

ဖုန်းနဲ့အလွယ်တကူ ချက်ချင်းတိုင်ကြားနိုင်ဖို့ အသိပေးချက်တွေကို ထုတ်ပြန်ပေးထားပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းနဲ့ သက်ဆိုင် သူတွေအားလုံးအပါအဝင် စစ်မှန်တဲ့အသင်းပရိသတ်တွေကို အရှက်ရစေမယ့် လူမျိုးရေးခွဲခြားစော်ကားမှုနဲ့ ဆက်စပ်တဲ့ ဘယ်လိုအပြုအမူမျိုးမှ

လက်ခံသွားမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ကိုရောက်ပြီးနောက်ပိုင်း လူမျိုးရေးခွဲခြားခံရမှုတွေနဲ့ ကြုံခဲ့ရဖူးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က Carabao ဖလားပြိုင်ပွဲမှာ ဝက်စ်ဟမ်း ပရိသတ်တွေရဲ့

လူမျိုုးရေးခွဲခြားမှုကိုခံခဲ့ရဖူးပြီး အဲဒီအတွက် ဝက်စ်ဟမ်းပရိသတ်တွေလည်း အရေးယူခံ ရမှုတွေရှိခဲ့ဖူးတာပါ။ ဒါ့အပြင် အဲဒီဖြစ်ရပ်အပြီး ၂နှစ် အကြာမှာလည်း မန်ယူပရိသတ်တချို့ရဲ့ လူမျိုးရေး ခွဲခြားမှုကိုခံခဲ့ရတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားမှုလုပ်ခဲ့တဲ့ တစ်ရာသီစာလက်မှတ်ကိုင် ဆောင်ထားသူ မန်ယူပရိသတ် ၃ ယောက်လည်း ပွဲကြည့်ခွင့်ပိတ်ပင်ခံခဲ့ရဖူးပါတယ်။

(zawgyi)

ခ်ဲလ္ဆီးဟာ တစ္ရာသီစာလက္မွတ္ကိုင္ေဆာင္ထားတဲ့ သူတို႔ပရိသတ္တစ္ေယာက္ကို အကန႔္အသတ္မရွိ ပြဲၾကည့္ခြင့္ပိတ္လိုက္ပါတယ္။ စပါးနဲ႔လန္ဒန္ဒါဘီပြဲစဥ္မွာ ၿပိဳင္ဘက္တိုက္စစ္မႉး ဆြန္ေဟာင္မင္ကို လူမ်ိဳးေရး ခြဲျခားေစာ္ကားမႈျပဳလုပ္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးက သူ႔တို႔ပရိသတ္ကို

အခုလိုအေရးယူေပးခဲ့တာပါ။ ဆြန္ေဟာင္မင္ ကို ခ်ဲလ္ဆီးပရိသတ္ေတြ လူမ်ိဳးေရးခြဲျခားမႈလုပ္ခဲ့တယ္ဆိုတဲ့သတင္းေတြထြက္လာၿပီးေနာက္ ခ်ဲလ္ဆီးက စုံစမ္း စစ္ေဆးမႈေတြျပဳလုပ္ေပးသြားမယ္ဆိုၿပီး ခ်က္ခ်င္းတုံ႔ျပန္ထားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးအသင္း ရဲ႕ကနဦးထုတ္ျပန္ခ်က္မွာ အျပစ္က်ဴးလြန္တဲ့ ပရိသတ္ကိုရွာေဖြၿပီး ရာသက္ပန္ ပြဲၾကည့္ခြင့္ပိတ္သြားမယ္လို႔ ဆိုထားခဲ့တာပါ။ အဲဒီပြဲစဥ္မွာ ေထာင့္ကန္ေဘာယူဖို႔လာတဲ့ ဆြန္ေဟာင္မင္ကို ခ်ဲလ္ဆီးပရိသတ္ေတြက ဝိုင္းဝန္း ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ၿပီး

အဲဒီထဲက ပရိသတ္တစ္ေယာက္ဟာ မ်က္လုံးေထာင့္ႏွစ္ဖက္ကို လက္ညႇိဳးနဲ႔ ေထာက္ၿပီး ေမ်ာက္သ႑န္လုပ္ကာ ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။ အခုျဖစ္ရပ္ေနာက္ပိုင္း ခ်ဲလ္ဆီးဟာ အိမ္ကြင္းစတမ္းဖို႔ဒ္ဘရစ္ခ်္က ထိုင္ခုံအားလုံေနာက္မွာ လူမ်ိဳးေရးခြဲျခားေစာ္ကားမႈခံရပါက ဖုန္းနဲ႔

အလြယ္တကူ ခ်က္ခ်င္းတိုင္ၾကားႏိုင္ဖို႔ အသိေပးခ်က္ေတြကို ထုတ္ျပန္ေပးထားပါတယ္။ ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းနဲ႔ သက္ဆိုင္ သူေတြအားလုံးအပါအဝင္ စစ္မွန္တဲ့အသင္းပရိသတ္ေတြကို အရွက္ရေစမယ့္ လူမ်ိဳးေရးခြဲျခားေစာ္ကားမႈနဲ႔ ဆက္စပ္တဲ့ ဘယ္လိုအျပဳအမူမ်ိဳးမွ

လက္ခံသြားမွာမဟုတ္ဘူးလို႔လည္း ထုတ္ျပန္ထားခဲ့ပါတယ္။ ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္ကိုေရာက္ၿပီးေနာက္ပိုင္း လူမ်ိဳးေရးခြဲျခားခံရမႈေတြနဲ႔ ႀကဳံခဲ့ရဖူးတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က Carabao ဖလားၿပိဳင္ပြဲမွာ ဝက္စ္ဟမ္း

ပရိသတ္ေတြရဲ႕ လူမ်ိဳုးေရးခြဲျခားမႈကိုခံခဲ့ရဖူးၿပီး အဲဒီအတြက္ ဝက္စ္ဟမ္းပရိသတ္ေတြလည္း အေရးယူခံ ရမႈေတြရွိခဲ့ဖူးတာပါ။ ဒါ့အျပင္ အဲဒီျဖစ္ရပ္အၿပီး ၂ႏွစ္ အၾကာမွာလည္း မန္ယူပရိသတ္တခ်ိဳ႕ရဲ႕ လူမ်ိဳးေရး ခြဲျခားမႈကိုခံခဲ့ရတာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ကို လူမ်ိဳးေရးခြဲျခားမႈလုပ္ခဲ့တဲ့ တစ္ရာသီစာလက္မွတ္ကိုင္ ေဆာင္ထားသူ မန္ယူပရိသတ္ ၃ ေယာက္လည္း ပြဲၾကည့္ခြင့္ပိတ္ပင္ခံခဲ့ရဖူးပါတယ္။