တစ်ယောက်နဲ့တစ်ယောက်ငြီးငွေ့လာတယ်လို့ခံစားရရင် မန်စီးတီးနည်းပြရာထူးက နှုတ်ထွက်မယ်လို့ ဂွါဒီယိုလာ ခြိမ်းခြောက်

အဲဗာတန်နဲ့သရေကျပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၇မှတ်

ကွာဟသွားချိန်မှာတော့ နည်းပြဂွါဒီယိုလာနဲ့ မန်စီးတီးပရိသတ်တွေကြား

အမြင်မကြည်လင်မှုတွေစတင်လာပါပြီ။ မန်စီးတီးဟာ နှစ်သစ်ကူး

အကြိုပွဲစဉ်မှာ ဟာလန်းရဲ့ ဒီရာသီ ၂၁ ဂိုးမြောက် ပရီးမီးယားလိဂ်

သွင်းဂိုးနဲ့ အဲဗာတန်ကိုဦးဆောင်နိုင်ခဲ့ပေမဲ့ တစ်ဂိုးစီသရေကျခဲ့ပြီး

အီတီဟတ်မှာ အမှတ်လျော့ခဲ့တာကိုပရိသတ်တွေဘက်က

ကျေနပ်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ဂျီဆပ်စ်နဲ့ ဇင်ချန်ကိုတို့နှစ်ယောက်ကို

ဂန်းနားတွေဆီအလွယ်တကူသွားခွင့်ပေးခဲ့တဲ့ စပိန်သားရဲ့

ဆုံးဖြတ်ချက်တွေကို မိုးပြာရောင်ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။

နိုဝင်ဘာလအတွင်းမှာ မန်စီးတီးနဲ့ ၂၀၂၅ အထိစာချုပ်သစ်

ချုပ်ဆိုခဲ့တဲ့နောက် ဂွါဒီယိုလာရဲ့အနာဂတ်တည်ငြိမ်သွားပြီလို့

အားလုံးကယူဆခဲ့ကြပါတယ်။ အဲဗာတန်နဲ့ပွဲအပြီး

စပိန်မီဒီယာတွေနဲ့တွေ့ဆုံမှုမှာတော့ “မှားနေတယ်လို့ခံစားရရင်

နှုတ်ထွက်မှာဖြစ်သလို ကျွန်တော့်ရဲ့စာချုပ်ကိုဖျက်သိမ်းမှာပါ။

ကျွန်တော်က ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့လို လူစားမဟုတ်ပါဘူး။

စာချုပ်ဆိုတာ စာရွက်တစ်ရွက်ပါ။ မန်စီးတီးနဲ့ စာချုပ်သစ်

ချုပ်ဆိုခဲ့တယ်။ အသင်းက ကျွန်တော့်ဦးဆောင်မှုအောက်မှာ

ကောင်းကောင်းလုပ်နိုင်သေးတယ်ထင်လို့ပါ။

နောက်ဆုံးမှာတော့ ရလဒ်ပိုင်းကအဓိကကျပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ငြီးငွေ့လာရင် ငါစာချုပ်ပြည့်တဲ့အထိ

နေမှာမဟုတ်ဘူး” လို့ ဂွါဒီယိုလာက ခြိမ်းခြောက်ခဲ့ပါတယ်။

zawgyi

တစ္ေယာက္နဲ႔တစ္ေယာက္ၿငီးေငြ႕လာတယ္လို႔ခံစားရရင္ မန္စီးတီးနည္းျပရာထူးက ႏႈတ္ထြက္မယ္လို႔ ဂြါဒီယိုလာ ၿခိမ္းေျခာက္

အဲဗာတန္နဲ႔သေရက်ၿပီး ဇယားထိပ္က အာဆင္နယ္နဲ႔ ၇မွတ္

ကြာဟသြားခ်ိန္မွာေတာ့ နည္းျပဂြါဒီယိုလာနဲ႔ မန္စီးတီးပရိသတ္ေတြၾကား

အျမင္မၾကည္လင္မႈေတြစတင္လာပါၿပီ။ မန္စီးတီးဟာ ႏွစ္သစ္ကူး

အႀကိဳပြဲစဥ္မွာ ဟာလန္းရဲ႕ ဒီရာသီ ၂၁ ဂိုးေျမာက္ ပရီးမီးယားလိဂ္

သြင္းဂိုးနဲ႔ အဲဗာတန္ကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့ တစ္ဂိုးစီသေရက်ခဲ့ၿပီး

အီတီဟတ္မွာ အမွတ္ေလ်ာ့ခဲ့တာကိုပရိသတ္ေတြဘက္က

ေက်နပ္မႈမရွိခဲ့ပါဘူး။ ဒါ့အျပင္ ဂ်ီဆပ္စ္နဲ႔ ဇင္ခ်န္ကိုတို႔ႏွစ္ေယာက္ကို

ဂန္းနားေတြဆီအလြယ္တကူသြားခြင့္ေပးခဲ့တဲ့ စပိန္သားရဲ႕

ဆုံးျဖတ္ခ်က္ေတြကို မိုးျပာေရာင္ပရိသတ္ေတြက စိတ္ပ်က္ေနၾကပါတယ္။

ႏိုဝင္ဘာလအတြင္းမွာ မန္စီးတီးနဲ႔ ၂၀၂၅ အထိစာခ်ဳပ္သစ္

ခ်ဳပ္ဆိုခဲ့တဲ့ေနာက္ ဂြါဒီယိုလာရဲ႕အနာဂတ္တည္ၿငိမ္သြားၿပီလို႔

အားလုံးကယူဆခဲ့ၾကပါတယ္။ အဲဗာတန္နဲ႔ပြဲအၿပီး

စပိန္မီဒီယာေတြနဲ႔ေတြ႕ဆုံမႈမွာေတာ့ “မွားေနတယ္လို႔ခံစားရရင္

ႏႈတ္ထြက္မွာျဖစ္သလို ကြၽန္ေတာ့္ရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းမွာပါ။

ကြၽန္ေတာ္က ဖာဂူဆန္နဲ႔ အာစင္ဝင္းဂါးတို႔လို လူစားမဟုတ္ပါဘူး။

စာခ်ဳပ္ဆိုတာ စာ႐ြက္တစ္႐ြက္ပါ။ မန္စီးတီးနဲ႔ စာခ်ဳပ္သစ္

ခ်ဳပ္ဆိုခဲ့တယ္။ အသင္းက ကြၽန္ေတာ့္ဦးေဆာင္မႈေအာက္မွာ

ေကာင္းေကာင္းလုပ္ႏိုင္ေသးတယ္ထင္လို႔ပါ။

ေနာက္ဆုံးမွာေတာ့ ရလဒ္ပိုင္းကအဓိကက်ပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ၿငီးေငြ႕လာရင္ ငါစာခ်ဳပ္ျပည့္တဲ့အထိ

ေနမွာမဟုတ္ဘူး” လို႔ ဂြါဒီယိုလာက ၿခိမ္းေျခာက္ခဲ့ပါတယ္။