တစ်ပွဲ (၂၈)မိနစ်သာ ဂရက်ဇ်မန်းကို ကစားခိုင်းခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ဒေါ်လာ(၅၇) သန်းမပေးရအောင် အက်သလက်တီကိုလုပ်ဆောင်နေ

ဘာစီလိုနာကနေအငှားနဲ့ပြန်လည်ရောက်ရှိလာတဲ့ သူတို့ရဲ့အသင်းသားဟောင်းကို ပွဲကစားချိန်ကန့်သတ်ချက်ထားပြီး

အသုံးပြုဖို့ အက်သလက်တီကိုမက်ဒရစ်အသင်းကကြံစည်နေပါတယ်။

အသက်၃၁နှစ်ရှိပြီဖြစ်တဲ့ ဂရစ်ဇ်မန်းဟာ ၂၀၂၁/၂၂ ရာသီမှာကတည်းက ကနဦးတစ်နှစ်အငှားစာချုပ်နဲ့ ကလပ်ဆီကို ပြန်လာခဲ့တာဖြစ်ပြီး

အငှားသက်တမ်းပြည့်ပြီးချိန်မှာလည်း ဘာစီလိုနာနည်းပြဇာဗီက သူ့ရဲ့ ကစားကွက်အစီအစဉ်မှာ မပါဝင်တော့တဲ့သူ့ကို

အက်သလက်တီမှာပဲ ဒုတိယရာသီအဖြစ် ဆက်လက်အငှားချထားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ အက်သလက်တီတို့ရဲ့ ဂရစ်ဇ်မန်း အငှားစာချုပ်မှာ

အက်သလက်တီကိုအနေနဲ့ ပွဲကစားချိန် အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ ကစားခိုင်းခဲ့မယ်ဆိုရင်

အက်သလက်တီကိုက ဒေါ်လာ(၅၇) သန်းနဲ့ ဂရစ်ဇ်မန်းကို အမြဲတမ်း ခေါ်ယူရမှာ ဖြစ်တယ်ဆိုတဲ့ အချက်တစ်ချုပ်ကိုထည့်သွင်းထားပါတယ်။

ပြောရမယ်ဆိုလျှင်ဂရက်ဇ်မန်းအနေနဲ့ အက်သလက်တီကိုရဲ့ပွဲတစ်ပွဲလျှင်

၄၅မိနစ်နှုန်းဖြင့် ကစားရပြီဆိုတာနဲ့ အပြီးသတ်ဝယ်ယူရမယ်ဆိုတဲ့သဘောပါပဲ။

ဒါကြောင့်လည်းအက်သလက်တီကိုက ဂရက်ဇ်မန်းအတွက် ဘာစီလိုနာဆီကို ပြောင်းရွှေ့ကြေး ဒေါ်လာ(၅၇) သန်း မပေးရအောင်

ကစားချိန် အကန့်အသတ်နဲ့သာအသုံးပြုဖို့လုပ်နေတေယ်ဆိုပြီး UOL ကဖော်ပြသွားပါတယ်။

ဒါဟာ အက်သလက်တီကိုရဲ့လာလီဂါအဖွင့်ပွဲနှစ်ပွဲမှာ အရန်ခုံထိုင်နေခဲ့ရပြီး တစ်ပွဲလျှင်(၂၈)မိနစ်နှုန်းသာလျှင်ကစားခွင့်ရရှိခဲ့တာ

ဗလင်စီယာနဲ့ပွဲစဉ်မှာ ဂရက်ဇ်မန်းဟာ ၆၄မိနစ်မှ လူစားဝင်ကစားခဲ့ရပြီး (၂၆) မိနစ်တည်းသာ

ကစားခွင့်ရခဲ့တဲ့နောက်မှာ ပေါ်ထွက်လာတဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။

ဒီလိုကစားချိန်ကန့်သက်ချက်နဲ့ ကစားနေရပေမယ့် ဂရက်ဇ်မန်းက

ဗလင်စီယာနဲ့ပွဲမှာ ကွင်းအတွင်းဝင်ရောက်လာပြီး(၂)မိနစ်အကြာမှာ ဂိုးသွင်းနိုင်ခဲ့သလို

ဂီတာဖေးနှင့်ပွဲမှာလည်း (၁၅)မိနစ်အကြာမှာဂိုးသွင်းနိုင်ခဲ့ပါတယ်။

လာလီဂါပွဲစဉ်(၃)ပွဲပြီးဆုံးချိန်မှာ သူ ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲစဉ်ကတော့

ဗီလာရီးရဲလ်ကိုအိမ်ကွင်းမှာရှုံးနိမ့်တဲ့ပွဲတစ်ပွဲတည်းသာ ရှိပါသေးတယ်။

zawgyi

တစ္ပြဲ (၂၈)မိနစ္သာ ဂရက္ဇ္မန္းကို ကစားခိုင္းခဲ့ၿပီး ဘာစီလိုနာကို

ေျပာင္းေ႐ႊ႕ေၾကး ေဒၚလာ(၅၇) သန္းမေပးရေအာင္ အက္သလက္တီကိုလုပ္ေဆာင္ေန

ဘာစီလိုနာကေနအငွားနဲ႔ျပန္လည္ေရာက္ရွိလာတဲ့ သူတို႔ရဲ႕အသင္းသားေဟာင္းကို ပြဲကစားခ်ိန္ကန႔္သတ္ခ်က္ထားၿပီး

အသုံးျပဳဖို႔ အက္သလက္တီကိုမက္ဒရစ္အသင္းကႀကံစည္ေနပါတယ္။

အသက္၃၁ႏွစ္ရွိၿပီျဖစ္တဲ့ ဂရစ္ဇ္မန္းဟာ ၂၀၂၁/၂၂ ရာသီမွာကတည္းက ကနဦးတစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ ကလပ္ဆီကို ျပန္လာခဲ့တာျဖစ္ၿပီး

အငွားသက္တမ္းျပည့္ၿပီးခ်ိန္မွာလည္း ဘာစီလိုနာနည္းျပဇာဗီက သူ႔ရဲ႕ ကစားကြက္အစီအစဥ္မွာ မပါဝင္ေတာ့တဲ့သူ႔ကို

အက္သလက္တီမွာပဲ ဒုတိယရာသီအျဖစ္ ဆက္လက္အငွားခ်ထားခဲ့ပါတယ္။

ဘာစီလိုနာနဲ႔ အက္သလက္တီတို႔ရဲ႕ ဂရစ္ဇ္မန္း အငွားစာခ်ဳပ္မွာ

အက္သလက္တီကိုအေနနဲ႔ ပြဲကစားခ်ိန္ အနည္းဆုံး ၈၀ ရာခိုင္ႏႈန္းအထိ ကစားခိုင္းခဲ့မယ္ဆိုရင္

အက္သလက္တီကိုက ေဒၚလာ(၅၇) သန္းနဲ႔ ဂရစ္ဇ္မန္းကို အၿမဲတမ္း ေခၚယူရမွာ ျဖစ္တယ္ဆိုတဲ့ အခ်က္တစ္ခ်ဳပ္ကိုထည့္သြင္းထားပါတယ္။

ေျပာရမယ္ဆိုလွ်င္ဂရက္ဇ္မန္းအေနနဲ႔ အက္သလက္တီကိုရဲ႕ပြဲတစ္ပြဲလွ်င္

၄၅မိနစ္ႏႈန္းျဖင့္ ကစားရၿပီဆိုတာနဲ႔ အၿပီးသတ္ဝယ္ယူရမယ္ဆိုတဲ့သေဘာပါပဲ။

ဒါေၾကာင့္လည္းအက္သလက္တီကိုက ဂရက္ဇ္မန္းအတြက္ ဘာစီလိုနာဆီကို ေျပာင္းေ႐ႊ႕ေၾကး ေဒၚလာ(၅၇) သန္း မေပးရေအာင္

ကစားခ်ိန္ အကန႔္အသတ္နဲ႔သာအသုံးျပဳဖို႔လုပ္ေနေတယ္ဆိုၿပီး UOL ကေဖာ္ျပသြားပါတယ္။

ဒါဟာ အက္သလက္တီကိုရဲ႕လာလီဂါအဖြင့္ပြဲႏွစ္ပြဲမွာ အရန္ခုံထိုင္ေနခဲ့ရၿပီး တစ္ပြဲလွ်င္(၂၈)မိနစ္ႏႈန္းသာလွ်င္ကစားခြင့္ရရွိခဲ့တာ

ဗလင္စီယာနဲ႔ပြဲစဥ္မွာ ဂရက္ဇ္မန္းဟာ ၆၄မိနစ္မွ လူစားဝင္ကစားခဲ့ရၿပီး (၂၆) မိနစ္တည္းသာ

ကစားခြင့္ရခဲ့တဲ့ေနာက္မွာ ေပၚထြက္လာတဲ့ သုံးသပ္ခ်က္ျဖစ္ပါတယ္။

ဒီလိုကစားခ်ိန္ကန႔္သက္ခ်က္နဲ႔ ကစားေနရေပမယ့္ ဂရက္ဇ္မန္းက

ဗလင္စီယာနဲ႔ပြဲမွာ ကြင္းအတြင္းဝင္ေရာက္လာၿပီး(၂)မိနစ္အၾကာမွာ ဂိုးသြင္းႏိုင္ခဲ့သလို

ဂီတာေဖးႏွင့္ပြဲမွာလည္း (၁၅)မိနစ္အၾကာမွာဂိုးသြင္းႏိုင္ခဲ့ပါတယ္။

လာလီဂါပြဲစဥ္(၃)ပြဲၿပီးဆုံးခ်ိန္မွာ သူ ဂိုးမသြင္းႏိုင္ခဲ့တဲ့ ပြဲစဥ္ကေတာ့

ဗီလာရီးရဲလ္ကိုအိမ္ကြင္းမွာရႈံးနိမ့္တဲ့ပြဲတစ္ပြဲတည္းသာ ရွိပါေသးတယ္။