တစ်ပွဲတည်း ၆ဂိုးသွင်းပြီး ပရီးမီးယားလိဂ်နောက်ခံလူတွေကို သတိပေးလိုက်တဲ့ အယ်လ်ဗာရက်ဇ်

မန်စီးတီးကို တိုက်စစ်မှူးဟာလန်း

ရောက်လာတာက ခေါင်းကြီးပိုင်း
သတင်းအဖြစ် နေရာယူထားပေမယ့်
လူငယ်တိုက်စစ်မှူး ဟူလီယန်အယ်လ်ဗာရက်ဇ်ကလည်း
သူ့အနေနဲ့ စီးတီးကို ပညာသင်ယူဖို့
ရောက်လာတာမဟုတ်ဘူးဆိုတာ

ရေးဗားပလိတ်အတွက် တစ်ပွဲတည်း
၆ဂိုးသွင်းယူပြီး အားလုံးကို အသိပေးလိုက်ပါတယ်။
စီးတီးဟာ ဇန်နဝါရီလမှာ
အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို
ပေါင် ၁၄သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး

ရေးဗားပလိတ်မှာပဲ ၆လအငှားစာချုပ်နဲ့
ဆက်လက်ကစားစေခဲ့ပါတယ်။
စီးတီးနဲ့ ၅နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တဲ့
အယ်လ်ဗာရက်ဇ်ဟာ တောင်အမေရိက
ဘောလုံးလောကမှာ စောင့်ကြည့်အခံရဆုံး

လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး
အာဂျင်တီးနားအသင်းအတွက်
၇ ပွဲကစားထားပြီးဖြစ်ပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ ဗုဒ္ဓဟူးနေ့က
ကိုပါလီဘာတေးဒိုးစ်ပွဲစဉ်အဖြစ်

အလီယန်ဇာလီမာနဲ့ပွဲမှာ တစ်ဦးတည်း
၆ဂိုးအထိ သွင်းယူပြီး သူက
ဘာတွေစွမ်းဆောင်နိုင်လဲဆိုတာ
အတိအကျသက်သေပြသခဲ့ပါတယ်။
ဒါ့အပြင် အယ်လ်ဗာရက်ဇ်ဟာ

သက်တမ်း ၁၂၁ နှစ်ရှိ ရေးဗားပလိတ်အသင်း
သမိုင်းတစ်လျှောက် တစ်ပွဲတည်း
၆ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး
ကစားသမားအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။
သူဟာ ၁၅ မိနစ်အကြာမှာပဲ

ပထမဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင်
ဟက်ထရစ်ရှင်အဖြစ် ခံယူခဲ့ပါတယ်။
အဲဒီနောက် ပွဲချိန် ၅၄မိနစ်၊ ၅၇မိနစ်နဲ့
၈၃ မိနစ်တွေမှာ ဂိုးတွေ ဆက်တိုက်
သွင်းယူခဲ့ပြီး ရေးဗားပလိတ်ကလည်း

အလီယန်ဇာလီမာကို ၈-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
စီးတီးဟာ ပြီးခဲ့တဲ့နွေရာသီက
အသင်းနဲ့ လမ်းခွဲသွားတဲ့ ဂန္ထဝင်တိုက်စစ်မှူး
အဂွဲရိုးရဲ့နေရာမှာ အစားထိုးဖို့
အယ်လ်ဗာရက်ဇ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး

ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းကလည်း
အသက် ၂၂ နှစ်အရွယ်ရှိ အယ်လ်ဗာရက်ဇ်ဟာ
အလားအလာအပြည့်ရှိသူတစ်ဦးဖြစ်ကြောင်း ချီးကျူးထားပါတယ်။

Zawgyi

တစ္ပြဲတည္း ၆ဂိုးသြင္းၿပီး ပရီးမီးယားလိဂ္ေနာက္ခံလူေတြကို သတိေပးလုိက္တဲ့ အယ္လ္ဗာရက္ဇ္
မန္စီးတီးကို တုိက္စစ္မွဴးဟာလန္း
ေရာက္လာတာက ေခါင္းႀကီးပိုင္း
သတင္းအျဖစ္ ေနရာယူထားေပမယ့္

လူငယ္တုိက္စစ္မွဴး ဟူလီယန္အယ္လ္ဗာရက္ဇ္ကလည္း
သူ႕အေနနဲ႔ စီးတီးကို ပညာသင္ယူဖုိ႔
ေရာက္လာတာမဟုတ္ဘူးဆိုတာ
ေရးဗားပလိတ္အတြက္ တစ္ပြဲတည္း
၆ဂိုးသြင္းယူၿပီး အားလုံးကို အသိေပးလုိက္ပါတယ္။

စီးတီးဟာ ဇန္န၀ါရီလမွာ
အာဂ်င္တီးနားတုိက္စစ္မွဴး အယ္လ္ဗာရက္ဇ္ကို
ေပါင္ ၁၄သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး
ေရးဗားပလိတ္မွာပဲ ၆လအငွားစာခ်ဳပ္နဲ႔
ဆက္လက္ကစားေစခဲ့ပါတယ္။

စီးတီးနဲ႔ ၅ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့
အယ္လ္ဗာရက္ဇ္ဟာ ေတာင္အေမရိက
ေဘာလုံးေလာကမွာ ေစာင့္ၾကည့္အခံရဆုံး
လူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး
အာဂ်င္တီးနားအသင္းအတြက္

၇ ပြဲကစားထားၿပီးျဖစ္ပါတယ္။
အယ္လ္ဗာရက္ဇ္ဟာ ဗုဒၶဟူးေန႔က
ကိုပါလီဘာေတးဒိုးစ္ပြဲစဥ္အျဖစ္
အလီယန္ဇာလီမာနဲ႔ပြဲမွာ တစ္ဦးတည္း
၆ဂိုးအထိ သြင္းယူၿပီး သူက

ဘာေတြစြမ္းေဆာင္ႏုိင္လဲဆုိတာ
အတိအက်သက္ေသျပသခဲ့ပါတယ္။
ဒါ့အျပင္ အယ္လ္ဗာရက္ဇ္ဟာ
သက္တမ္း ၁၂၁ ႏွစ္ရွိ ေရးဗားပလိတ္အသင္း
သမုိင္းတစ္ေလွ်ာက္ တစ္ပြဲတည္း

၆ဂုိးသြင္းယူႏုိင္တဲ့ ပထမဆုံး
ကစားသမားအျဖစ္ပါ စံခ်ိန္တင္ႏုိင္ခဲ့ပါတယ္။
သူဟာ ၁၅ မိနစ္အၾကာမွာပဲ
ပထမဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပထမပိုင္းမၿပီးခင္
ဟက္ထရစ္ရွင္အျဖစ္ ခံယူခဲ့ပါတယ္။

အဲဒီေနာက္ ပြဲခ်ိန္ ၅၄မိနစ္၊ ၅၇မိနစ္နဲ႔
၈၃ မိနစ္ေတြမွာ ဂိုးေတြ ဆက္တုိက္
သြင္းယူခဲ့ၿပီး ေရးဗားပလိတ္ကလည္း
အလီယန္ဇာလီမာကို ၈-၁ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။
စီးတီးဟာ ၿပီးခဲ့တဲ့ေႏြရာသီက

အသင္းနဲ႔ လမ္းခြဲသြားတဲ့ ဂႏၳ၀င္တုိက္စစ္မွဴး
အဂြဲရိုးရဲ႕ေနရာမွာ အစားထိုးဖုိ႔
အယ္လ္ဗာရက္ဇ္ကို ေခၚယူခဲ့တာျဖစ္ၿပီး
ေဘာလုံးဒါရိုက္တာ ဘီဂီရီစတိန္းကလည္း
အသက္ ၂၂ ႏွစ္အရြယ္ရွိ အယ္လ္ဗာရက္ဇ္ဟာ

အလားအလာအျပည့္ရွိသူတစ္ဦးျဖစ္ေၾကာင္း ခ်ီးက်ဴးထားပါတယ္။