တစ်ပတ်ကို ဘောလုံးပွဲ ၅၀ လောက်ကြည့်ပြီး ကွင်းထဲမှာပဲအိပ်လေ့ရှိတဲ့ လီဟာဗေးအသင်းအားကစားဒါရိုက်တာ မက်သရူးဘော့မာ

ပြင်သစ်လီဂူး-၂ ကလပ်လီဟာဗေးအသင်းဟာ အားကစားဒါရိုက်တာဘော့မာဟာ ဥရောပတစ်ဝှမ်းမှာရှိတဲ့လိဂ်ပြိုင်ပွဲတွေက ဘောလုံးပွဲစဉ်တွေကို တစ်ပတ် ပွဲ ၅၀ လောက်ကြည့်လေ့ရှိပြီး

ကိုရီးယား၊ လစ်ဗျားနဲ့ ပနားမားလိဂ်ပွဲစဉ်တွေကိုတောင် ပုံမှန်ကြည့်ရှုလေ့ရှိပါတယ်။ Amazon Prime Video နဲ့ RMC Sport ဘောလုံးပွဲတက်ဆက်သူဟောင်းဖြစ်တဲ့

အသက် ၃၉နှစ်အရွယ်ဘော့မာဟာ ပြီးခဲ့တဲ့နွေရာသီမှာတော့ လီဟာဗေးအသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရပြီး ကလပ်ကို အလုံးစုံပြင်ဆင်နိုင်ဖို့အတွက်ကြိုးစားနေသူဖြစ်တယ်။

ပြင်သစ်သတင်းစာ L’Equipe နဲ့တွေ့ဆုံမှုမှာတော့ လိုင်ယွန်၊ ပီအက်စ်ဂျီနဲ့ နိုက်စ် ကွင်းလယ်လူဟောင်းက သူ့ဘ၀ရဲ့ပုံမှန်တစ်နေ့တာဖြတ်သန်းမှုအကြောင်းကို

စိတ်ဝင်စားဖွယ်ပြောပြသွားပါတယ်။ တစ်နေ့ကိုနာရီပေါင်းများစွာ ဘောလုံးပွဲကြည့်ရင်းဖြတ်သန်းလေ့ရှိတဲ့ ဘော့မာဟာ ပရိသတ် ၂၅၀၀၀ ဝင်ဆံ့တဲ့

လီဟာဗေးအသင်းကွင်းထဲမှာ အိပ်လေ့ရှိပြီး ဘ၀တစ်ခု လုံးကို လှပတဲ့ပွဲစဉ်တွေအတွက်မြုပ်နှံထားပါတယ်။ “ကျွန်တော်တစ်ပါတ်ကို ဘောလုံးပွဲ ၅၀ လောက်ကြည့်ဖြစ်ပါတယ်။

လီဂူး-၁၊ လီဂူး-၂၊ နေရှင်နယ်၊ ယူ-၁၉၊ ယူ-၁၇၊ N2၊ N3၊ အင်္ဂလန်လိဂ်၊ အီတလီလိဂ်၊ စပိန်နဲ့အတူ ကျွန်တော်တို့လိုချင်တဲ့ ပရိုဖိုင်တွေအပေါ်မူတည်ပြီး

အခြားလိဂ်ပွဲစဉ်တွေကိုလည်းကြည့်ပါတယ်။ ကိုရီးယား၊ လစ်ဗျားနဲ့ ပနားမားကပွဲစဉ်တွေကိုလည်း ကျွန်တော်ပုံမှန်ကြည့်ဖြစ်တယ်။ အထူးသဖြင့်

ကျွန်တော်ကအိပ်မပျော်တဲ့သူဖြစ်လို့ ဘောလုံးပွဲစဉ်တွေကို ညတိုင်းကြည့်ဖြစ်ပါတယ်။ ကွင်းထဲမှာအိပ်တယ်။ ကွင်းကိုအတိုင်းသားမြင်ရတဲ့

အခန်းကြီးတစ်ခန်းထဲမှာ ဂိုးနည်းပြဒူချက်ဇ်နဲ့အတူ အိပ်လေ့ရှိတယ်။ အားကစားကွင်းက ကားလမ်းနဲ့လည်းနီးပါတယ်။ အချိန်တိုင်းမှာတတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။

အားကစားအရ ကြည့်ရင်တော့ ဒါကမကောင်းပါဘူး။ (မက်ဆီ) ကစားသမားတစ်ယောက်အတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့အချိန်ဇယား တွေရှိနိုင်ပါတယ်။

ကျွန်တော့်မှာ ဒီလိုအချိန်ဇယားတွေရှိချင်မှ ရှိမှာပါ။ ဒါပေမဲ့ အခုနေရာမှာတော့ မက်ဆီအကြောင်းပြောနေတာ ဖြစ်တယ်။ သူကအသင်းအတွက် တစ်ရာသီ ဂိုး ၅၀ လောက်

သယ်ဆောင်လာမယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပြီးဖြစ်တယ်။ အခုသူ အသက် ၃၅ နှစ်နီးပါးရှိနေပြီ။ တူညီတဲ့နောက်ထပ် လီယိုနယ်မက်ဆီကိုနောက်ထပ်တွေ့ရဖို့မရှိတော့ဘူး။

မက်ဆီ ရောက်လာတာဟာ ပီအက်စ်ဂျီစျေးကွက်ရှာဖွေမှုအတွက်လုံး၀အရှုံးမရှိပါဘူး။ ဒေးဗစ်ဘက်ဟမ်း ရောက်လာချိန်ကလိုပဲ ပီအက်စ်ဂျီထိပ်တန်းအရာရှိတွေ အလွန်ပျော်ကြပါတယ်။

မက်ဆီနဲ့အတူ ပီအက်စ်ဂျီပုံရိပ်က နောက်တစ်ဆင့်ကိုခြေ လှမ်းသစ်လှမ်းနိုင်ခဲ့တယ်” လို့ လီဟာဗေးအသင်း အားကစားဒါရိုက်တာဘော့မာ ကပြောဆိုသွားပါတယ်။

(Zawgyi)

တစ္ပတ္ကို ေဘာလုံးပြဲ ၅၀ ေလာက္ၾကည့္ၿပီး ကြင္းထဲမွာပဲအိပ္ေလ့ရွိတဲ့ လီဟာေဗးအသင္းအားကစားဒါ႐ိုက္တာ မက္သ႐ူးေဘာ့မာ

ျပင္သစ္လီဂူး-၂ ကလပ္လီဟာေဗးအသင္းဟာ အားကစားဒါ႐ိုက္တာေဘာ့မာဟာ ဥေရာပတစ္ဝွမ္းမွာရွိတဲ့လိဂ္ၿပိဳင္ပြဲေတြက ေဘာလုံးပြဲစဥ္ေတြကို တစ္ပတ္ ပြဲ ၅၀ ေလာက္ၾကည့္ေလ့ရွိၿပီး ကိုရီးယား၊

လစ္ဗ်ားနဲ႔ ပနားမားလိဂ္ပြဲစဥ္ေတြကိုေတာင္ ပုံမွန္ၾကည့္ရႈေလ့ရွိပါတယ္။ Amazon Prime Video နဲ႔ RMC Sport ေဘာလုံးပြဲတက္ဆက္သူေဟာင္းျဖစ္တဲ့ အသက္ ၃၉ႏွစ္အ႐ြယ္ေဘာ့မာဟာ

ၿပီးခဲ့တဲ့ေႏြရာသီမွာေတာ့ လီဟာေဗးအသင္းအားကစားဒါ႐ိုက္တာအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး ကလပ္ကို အလုံးစုံျပင္ဆင္ႏိုင္ဖို႔အတြက္ႀကိဳးစားေနသူျဖစ္တယ္။ ျပင္သစ္သတင္းစာ

L’Equipe နဲ႔ေတြ႕ဆုံမႈမွာေတာ့ လိုင္ယြန္၊ ပီအက္စ္ဂ်ီနဲ႔ ႏိုက္စ္ ကြင္းလယ္လူေဟာင္းက သူ႔ဘ၀ရဲ႕ပုံမွန္တစ္ေန႔တာျဖတ္သန္းမႈအေၾကာင္းကို စိတ္ဝင္စားဖြယ္ေျပာျပသြားပါတယ္။

တစ္ေန႔ကိုနာရီေပါင္းမ်ားစြာေဘာလုံးပြဲၾကည့္ရင္းျဖတ္သန္းေလ့ရွိတဲ့ ေဘာ့မာဟာ ပရိသတ္ ၂၅၀၀၀ ဝင္ဆံ့တဲ့ လီဟာေဗးအသင္းကြင္းထဲမွာအိပ္ေလ့ရွိၿပီး ဘ၀တစ္ခု လုံးကို

လွပတဲ့ပြဲစဥ္ေတြအတြက္ျမဳပ္ႏွံထားပါတယ္။ “ကြၽန္ေတာ္တစ္ပါတ္ကို ေဘာလုံးပြဲ ၅၀ ေလာက္ၾကည့္ျဖစ္ပါတယ္။ လီဂူး-၁၊ လီဂူး-၂၊ ေနရွင္နယ္၊ ယူ-၁၉၊ ယူ-၁၇၊ N2၊ N3၊ အဂၤလန္လိဂ္၊

အီတလီလိဂ္၊ စပိန္နဲ႔အတူ ကြၽန္ေတာ္တို႔လိုခ်င္တဲ့ ပ႐ိုဖိုင္ေတြအေပၚမူတည္ၿပီး အျခားလိဂ္ပြဲစဥ္ေတြကိုလည္းၾကည့္ပါတယ္။ ကိုရီးယား၊ လစ္ဗ်ားနဲ႔ ပနားမားကပြဲစဥ္ေတြကိုလည္း

ကြၽန္ေတာ္ပုံမွန္ၾကည့္ျဖစ္တယ္။ အထူးသျဖင့္ ကြၽန္ေတာ္ကအိပ္မေပ်ာ္တဲ့သူျဖစ္လို႔ ေဘာလုံးပြဲစဥ္ေတြကို ညတိုင္းၾကည့္ျဖစ္ပါတယ္။ ကြင္းထဲမွာအိပ္တယ္။

ကြင္းကိုအတိုင္းသားျမင္ရတဲ့ အခန္းႀကီးတစ္ခန္းထဲမွာ ဂိုးနည္းျပဒူခ်က္ဇ္နဲ႔အတူအိပ္ေလ့ရွိတယ္။ အားကစားကြင္းက ကားလမ္းနဲ႔လည္းနီးပါတယ္။

အခ်ိန္တိုင္းမွာတတ္ႏိုင္သမွ်အေကာင္းဆုံးျဖစ္ေအာင္လုပ္ပါတယ္။ အားကစားအရ ၾကည့္ရင္ေတာ့ ဒါကမေကာင္းပါဘူး။ (မက္ဆီ) ကစားသမားတစ္ေယာက္အတြက္ေတာ့

စိတ္ဝင္စားစရာေကာင္းတဲ့အခ်ိန္ဇယား ေတြရွိႏိုင္ပါတယ္။ ကြၽန္ေတာ့္မွာ ဒီလိုအခ်ိန္ဇယားေတြရွိခ်င္မွ ရွိမွာပါ။ ဒါေပမဲ့ အခုေနရာမွာေတာ့ မက္ဆီအေၾကာင္းေျပာေနတာျဖစ္တယ္။

သူကအသင္းအတြက္ တစ္ရာသီ ဂိုး ၅၀ ေလာက္သယ္ေဆာင္လာမယ္ဆိုတာ ကြၽန္ေတာ္တို႔သိခဲ့ၿပီးျဖစ္တယ္။ အခုသူ အသက္ ၃၅ႏွစ္နီးပါးရွိေနၿပီ။ တူညီတဲ့ေနာက္ထပ္

လီယိုနယ္မက္ဆီကိုေနာက္ထပ္ေတြ႕ရဖို႔မရွိေတာ့ဘူး။ မက္ဆီ ေရာက္လာတာဟာ ပီအက္စ္ဂ်ီေစ်းကြက္ရွာေဖြမႈအတြက္လုံး၀အရႈံးမရွိပါဘူး။ ေဒးဗစ္ဘက္ဟမ္းေရာက္လာခ်ိန္ကလိုပဲ

ပီအက္စ္ဂ်ီထိပ္တန္းအရာရွိေတြ အလြန္ေပ်ာ္ၾကပါတယ္။ မက္ဆီနဲ႔အတူ ပီအက္စ္ဂ်ီပုံရိပ္က ေနာက္တစ္ဆင့္ကိုေျခ လွမ္းသစ္လွမ္းႏိုင္ခဲ့တယ္” လို႔ လီဟာေဗးအသင္းအားကစားဒါ႐ိုက္တာေဘာ့မာ ကေျပာဆိုသြားပါတယ္။