တစ်နှစ်အတွင်းအသင်း ၃ သင်းစလုံးရဲ့ ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒို

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမားဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၂၀၂၁ အတွင်းမှာ

အသင်း ၃ ခုအတွက်ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်ပြီး

စံချိန်တင်ခဲ့တယ်လို့သိရပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဒီပေါ်တူဂီသားဟာ

ကမ္ဘာ့ဘောလုံးလောကရဲ့အ ကောင်းဆုံးသောတိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပြီး

သွင်းဂိုးတွေနဲ့ပတ်သက်လို့ စံချိန်တွေအမျိုးမျိုးရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ ပီအက်စ်ဂျီကိုရောက်နေတဲ့ မက်ဆီနဲ့ဘယ်သူပိုကောင်းသလဲဆိုတဲ့

နှိုင်းယှဥ်မှုတွေကို လူသိရှင်ကြားတုံ့ပြန်လေ့မရှိဘဲ သွင်းဂိုး တွေနဲ့သာ

သက်သေပြလေ့ရှိသူဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်ကနေ

မန်ယူကိုပြောင်းလာတဲ့သူဖြစ်ပြီး ပေါ် တူဂီလက်ရွေးစင်လည်းဖြစ်လို့

တစ်နှစ်အတွင်းမှာ သူအသင်း ၃ ခုမှာကစားတာဟာအဆန်းတော့မဟုတ်ပါဘူး။

ဒါပေမယ့်ဆန်း တာက ဒီ ၃ သင်းစလုံးအတွက် ၂၀၂၁ အတွင်းမှာ

ဂိုးသွင်းအများဆုံးသူအဖြစ်ရပ်တည်ခဲ့တာပါဘဲ။ သူဟာ ဂျူဗင်တပ်အတွက် ၂၀ ဂိုး၊

ပေါ်တူဂီအသင်းအတွက် ၁၃ ဂိုးနဲ့ မန်ယူအတွက် ၁၃ ဂိုးသွင်းခဲ့တာပါ။

သူဟာမန်ယူကိုပြန် လည်ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်မှာ

၁၃ ပွဲကစားပြီး ၇ ဂိုး၊ ချန်ပီယံလိဂ်မှာ ၅ ပွဲကစားပြီး ၆ ဂိုးသွင်းခဲ့တာပါ။

ဒါ ကြောင့်လည်းတစ်ချိန်တည်းမှာ ၃ သင်းစလုံးရဲ့ထိပ်တန်းဂိုးသွင်းရှင်

အဖြစ်ရပ်တည်နိုင်ခဲ့တာပါ။ ဒါ့အပြင်သူဟာချန်ပီယံလိဂ် သမိုင်းမှာလည်းစံချိန်တွေ

အများကြီးရရှိထားလို့သူ့ကို ‘Mr Champions League’ လို့လည်းခေါ်ဆိုကြပါတယ်။

သူဟာချန်ပီယံ လိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံး(၁၄၀ ဂိုး)၊

ချန်ပီယံလိဂ်မှာပွဲအရေအတွက်အများဆုံးကစားသူ(၁၈၁ ပွဲ)၊ တစ်ရာသီအတွင်း

ချန်ပီယံလိဂ်ဂိုးသွင်း အများဆုံး(၁၇ ဂိုး၊ ၂၀၁၃-၁၄)၊ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ

ဂိုးသွင်းအများဆုံး၊ အုပ်စုအဆင့် ၆ ပွဲစလုံးမှာပွဲတိုင်းဂိုးသွင်းနိုင်တဲ့

တစ်ဦးတည်း‌ သောကစားသမား အစရှိတဲ့ဂုဏ်ပုဒ်တွေကိုလည်း

ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘောလုံးလောကမှာ

စီရော် နယ်ဒိုလိုလူ ထပ်ရှိနိုင်ဦးမလားလို့သူ့ပရိသတ်တွေက

ဝင့်ကြွားနေကြတာဖြစ်ပါတယ်။

zawgyi

တစ္ႏွစ္အတြင္းအသင္း ၃ သင္းစလုံးရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ေရာ္နယ္ဒို

ေပၚတူဂီနာမည္ေက်ာ္ေဘာလုံးသမားျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ၂၀၂၁ အတြင္းမွာ

အသင္း ၃ ခုအတြက္ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ ရပ္တည္ၿပီး

စံခ်ိန္တင္ခဲ့တယ္လို႔သိရပါတယ္။ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဒီေပၚတူဂီသားဟာ

ကမာၻ႔ေဘာလုံးေလာကရဲ႕အ ေကာင္းဆုံးေသာတိုက္စစ္မႉးတစ္ဦးလည္းျဖစ္ၿပီး

သြင္းဂိုးေတြနဲ႔ပတ္သက္လို႔ စံခ်ိန္ေတြအမ်ိဳးမ်ိဳးရရွိခဲ့သူျဖစ္ပါတယ္။

သူဟာ ပီအက္စ္ဂ်ီကိုေရာက္ေနတဲ့ မက္ဆီနဲ႔ဘယ္သူပိုေကာင္းသလဲဆိုတဲ့

ႏႈိင္းယွဥ္မႈေတြကို လူသိရွင္ၾကားတုံ႔ျပန္ေလ့မရွိဘဲ သြင္းဂိုး ေတြနဲ႔သာ

သက္ေသျပေလ့ရွိသူျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္ကေန

မန္ယူကိုေျပာင္းလာတဲ့သူျဖစ္ၿပီး ေပၚ တူဂီလက္ေ႐ြးစင္လည္းျဖစ္လို႔

တစ္ႏွစ္အတြင္းမွာ သူအသင္း ၃ ခုမွာကစားတာဟာအဆန္းေတာ့မဟုတ္ပါဘူး။

ဒါေပမယ့္ဆန္း တာက ဒီ ၃ သင္းစလုံးအတြက္ ၂၀၂၁ အတြင္းမွာ

ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ရပ္တည္ခဲ့တာပါဘဲ။ သူဟာ ဂ်ဴဗင္တပ္အတြက္ ၂၀ ဂိုး၊

ေပၚတူဂီအသင္းအတြက္ ၁၃ ဂိုးနဲ႔ မန္ယူအတြက္ ၁၃ ဂိုးသြင္းခဲ့တာပါ။

သူဟာမန္ယူကိုျပန္ လည္ေရာက္ရွိလာၿပီးေနာက္ ပရီးမီးယားလိဂ္မွာ

၁၃ ပြဲကစားၿပီး ၇ ဂိုး၊ ခ်န္ပီယံလိဂ္မွာ ၅ ပြဲကစားၿပီး ၆ ဂိုးသြင္းခဲ့တာပါ။

ဒါ ေၾကာင့္လည္းတစ္ခ်ိန္တည္းမွာ ၃ သင္းစလုံးရဲ႕ထိပ္တန္းဂိုးသြင္းရွင္

အျဖစ္ရပ္တည္ႏိုင္ခဲ့တာပါ။ ဒါ့အျပင္သူဟာခ်န္ပီယံလိဂ္ သမိုင္းမွာလည္းစံခ်ိန္ေတြ

အမ်ားႀကီးရရွိထားလို႔သူ႔ကို ‘Mr Champions League’ လို႔လည္းေခၚဆိုၾကပါတယ္။

သူဟာခ်န္ပီယံ လိဂ္သမိုင္းမွာ ဂိုးသြင္းအမ်ားဆုံး(၁၄၀ ဂိုး)၊

ခ်န္ပီယံလိဂ္မွာပြဲအေရအတြက္အမ်ားဆုံးကစားသူ(၁၈၁ ပြဲ)၊ တစ္ရာသီအတြင္း

ခ်န္ပီယံလိဂ္ဂိုးသြင္း အမ်ားဆုံး(၁၇ ဂိုး၊ ၂၀၁၃-၁၄)၊ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ

ဂိုးသြင္းအမ်ားဆုံး၊ အုပ္စုအဆင့္ ၆ ပြဲစလုံးမွာပြဲတိုင္းဂိုးသြင္းႏိုင္တဲ့

တစ္ဦးတည္း‌ ေသာကစားသမား အစရွိတဲ့ဂုဏ္ပုဒ္ေတြကိုလည္း

ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေဘာလုံးေလာကမွာ

စီေရာ္ နယ္ဒိုလိုလူ ထပ္ရွိႏိုင္ဦးမလားလို႔သူ႔ပရိသတ္ေတြက

ဝင့္ႂကြားေနၾကတာျဖစ္ပါတယ္။