





ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ဆော်ဒီကလပ်အယ်လ်နက်ဆာ
အသင်းနဲ့ စာချုပ်ချုပ်ဆိုတော့မယ်လို့ Marca သတင်းစာက





ဖော်ပြလာပါတယ်။ ကလပ်လက်မဲ့ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ
ဒူဘိုင်းမှာရှိနေပြီး လစာနဲ့ ကြော်ညာသဘောတူညီချက်တွေရရှိဖို့အတွက်သာ
စောင့်ဆိုင်းနေသလို တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်း အထိခံစားခွင့်ရမယ်လို့





သတင်းထွက်လာပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက
အယ်လ်နက်ဆာအသင်းနဲ့လေသံထွက်ခဲ့တာဖြစ်ပေမဲ့ ပြိုင်ပွဲအပေါ်





အာရုံစိုက်ချင်တာကြောင့် အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက်
ဖြေရှင်းချက်မပေးခဲ့တာဖြစ်တယ်။ ဆော်ဒီကလပ်ကတော့
နှစ်မကုန်ခင်မှာ ရော်နယ်ဒိုကို စာချုပ်ချုပ်ဆိုသွားဖို့ရှိနေတာပါ။





ကစားသမားနဲ့ပတ်သတ်တဲ့ကိစ္စအ၀၀ကို တာဝန်ယူသွားဖို့ရှိနေပြီး
တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်းကိုပေးချေဖို့ အသင့်ရှိနေတာဖြစ်တယ်။





လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်နဲ့ သူ့မိသားစုဝင်တွေဟာ
ကြော်ငြာသဘောတူညီချက်နဲ့ စာချုပ်ကိစ္စအတွက် ဒူဘိုင်းမှာနေထိုင်ပြီး
စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ





အဆိုးရွားဆုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ရော်နယ်ဒိုကို
ပြီးခဲ့တဲ့နွေရာသီမှာကတည်းက အယ်လ်နက်ဆာအသင်း





ကမ်းလှမ်းခဲ့တာဖြစ်ပေမဲ့ ဥရောပမှာဆက်ကစားချင်တဲ့ဆန္ဒကြောင့်
နောက်ဆုတ်ပေးခဲ့တာဖြစ်တယ်။ အယ်လ်နက်ဆာအသင်းဟာ
ဆော်ဒီနိုင်ငံရဲ့ အအောင်မြင်ဆုံးကလပ်တွေထဲက တစ်သင်းဖြစ်ပြီး





အမှတ်ပေးချန်ပီယံဆုကို ၉ ကြိမ်အထိဆွတ်ခူးထားနိုင်တာဖြစ်တယ်။





zawgyi
တစ္ႏွစ္လုပ္ခ ေပါင္ ၁၇၅ သန္းတန္စာခ်ဳပ္နဲ႔ အယ္လ္နက္ဆာအသင္းမွာ ေရာ္နယ္ဒို ကစားေပးေတာ့မယ္
ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုဟာ ေဆာ္ဒီကလပ္အယ္လ္နက္ဆာ





အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မယ္လို႔ Marca သတင္းစာက
ေဖာ္ျပလာပါတယ္။ ကလပ္လက္မဲ့ျဖစ္ေနတဲ့ ေရာ္နယ္ဒိုဟာ





ဒူဘိုင္းမွာရွိေနၿပီး လစာနဲ႔ ေၾကာ္ညာသေဘာတူညီခ်က္ေတြရရွိဖို႔အတြက္သာ
ေစာင့္ဆိုင္းေနသလို တစ္ႏွစ္လုပ္ခ ေပါင္ ၁၇၅ သန္း အထိခံစားခြင့္ရမယ္လို႔
သတင္းထြက္လာပါတယ္။ ကမာၻ႔ဖလားမတိုင္ခင္ကတည္းက





အယ္လ္နက္ဆာအသင္းနဲ႔ေလသံထြက္ခဲ့တာျဖစ္ေပမဲ့ ၿပိဳင္ပြဲအေပၚ
အာ႐ုံစိုက္ခ်င္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ကိစၥရပ္ေတြအတြက္





ေျဖရွင္းခ်က္မေပးခဲ့တာျဖစ္တယ္။ ေဆာ္ဒီကလပ္ကေတာ့
ႏွစ္မကုန္ခင္မွာ ေရာ္နယ္ဒိုကို စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိေနတာပါ။
ကစားသမားနဲ႔ပတ္သတ္တဲ့ကိစၥအ၀၀ကို တာဝန္ယူသြားဖို႔ရွိေနၿပီး





တစ္ႏွစ္လုပ္ခ ေပါင္ ၁၇၅ သန္းကိုေပးေခ်ဖို႔ အသင့္ရွိေနတာျဖစ္တယ္။
လက္ရွိမွာေတာ့ ေပၚတူဂီၾကယ္ပြင့္နဲ႔ သူ႔မိသားစုဝင္ေတြဟာ





ေၾကာ္ျငာသေဘာတူညီခ်က္နဲ႔ စာခ်ဳပ္ကိစၥအတြက္ ဒူဘိုင္းမွာေနထိုင္ၿပီး
ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။ ၂၀၂၂ ခုႏွစ္အတြင္းမွာ
အဆိုး႐ြားဆုံးေတြနဲ႔ ဆက္တိုက္ရင္ဆိုင္ခဲ့ရတဲ့ ေရာ္နယ္ဒိုကို





ၿပီးခဲ့တဲ့ေႏြရာသီမွာကတည္းက အယ္လ္နက္ဆာအသင္း
ကမ္းလွမ္းခဲ့တာျဖစ္ေပမဲ့ ဥေရာပမွာဆက္ကစားခ်င္တဲ့ဆႏၵေၾကာင့္





ေနာက္ဆုတ္ေပးခဲ့တာျဖစ္တယ္။ အယ္လ္နက္ဆာအသင္းဟာ
ေဆာ္ဒီႏိုင္ငံရဲ႕ အေအာင္ျမင္ဆုံးကလပ္ေတြထဲက တစ္သင္းျဖစ္ၿပီး
အမွတ္ေပးခ်န္ပီယံဆုကို ၉ ႀကိမ္အထိဆြတ္ခူးထားႏိုင္တာျဖစ္တယ္။




