တစ်နှစ်တာ ဥရောပအကောင်းဆုံးအမျိုးသမီးကစားသမားစာရင်းမှာ ယူရိုချန်ပီယံအင်္ဂလန်အသင်းကသုံးဦးပါဝင်

၂၀၂၂ ဥရောပအကောင်းဆုံးအမျိုးသမီးကစားသမားဆုအတွက်စာရင်းမှာ ယူရိုချန်ပီယံအင်္ဂလန်အသင်းက ၃ ယောက်ပါဝင်ခဲ့ပါတယ်။ အဲဒီကစားသမား ၃ယောက်ကတော့ နောက်ခံလူတွေဖြစ်တဲ့ ဘရွန်ဇီနဲ့ မီလီဘရိုက်၊

တိုက်စစ်မှူးဘတ်မိဒ်တိုဖြစ်ပါတယ်။ တိုက်စစ်မှူး ဘတ်မိဒ်ဟာ ယူရိုပြိုင်ပွဲမှာ ရွှေဖိနပ်ဆုနဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းကစားသမားဆုတိုကို ရရှိထားသူလည်းဖြစ်ပါတယ်။ အင်္ဂလန်အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲမှာ

ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ယူပြီး ယူရိုချန်ပီယံဆုကိုရယူထားနိုင်ခဲ့တာပါ။ ဒီအောင်မြင်မှုဟာ ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို အင်္ဂလန်အမျိုးသားအသင်းရယူနိုင်ခဲ့ပြီးနောက်ပိုင်း အင်္ဂလန်အမျိုးသမီးအသင်းက နိုင်ငံတကာအောင်မြင်မှုကို

ပထမဆုံးအကြိမ်ပြန်လည်ရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီနှစ်အကောင်းဆုံးဆု အတွက်စားရင်းမှာပါဝင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ဘရွန်ဇီဟာ အသက်အကြီးဆုံးကစားအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

၂၀၁၉ခုနှစ်က အကောင်းဆုံးဆုကိုရရှိခဲ့တဲ့ အမေရိကန်ဂန္တဝင်ကစားသမား မီဂန်ရာပီနိုပြီးရင် ဒုတိယမြောက် အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က ဥရောပအကောင်းဆုံး အမျိုးသမီးဆုကိုရထားတဲ့

စပိန်ကွင်းလယ်လူ ပူတယ်လက်စ် လည်း အခုစာရင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ အမျိုးသမီးစူပါလိဂ်မှာ ချဲလ်ဆီးအမျိုးသမီးအသင်းအတွက် ဂိုး ၂၀ သွင်းပေးခဲ့တဲ့ ဩစတြေးလျ လက်ရွေးစင်

ဆန်ကာနဲ့ အာဆင်နယ်ရဲ့ နယ်သာလန်တိုက်စစ်မှူး မီဒီမာလည်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ဥရောပအကောင်းဆုံးအမျိုးသမီးကစားသမားဆုကို လာမယ့် အောက်တိုဘာ ၁၇ရက်မှာ ကြေညာသွားမှာပါ။

(zawgyi)

၂၀၂၂ ဥေရာပအေကာင္းဆုံးအမ်ိဳးသမီးကစားသမားဆုအတြက္စာရင္းမွာ ယူ႐ိုခ်န္ပီယံအဂၤလန္အသင္းက ၃ ေယာက္ပါဝင္ခဲ့ပါတယ္။ အဲဒီကစားသမား ၃ေယာက္ကေတာ့ ေနာက္ခံလူေတြျဖစ္တဲ့ ဘ႐ြန္ဇီနဲ႔ မီလီဘ႐ိုက္၊

တိုက္စစ္မႉးဘတ္မိဒ္တိုျဖစ္ပါတယ္။ တိုက္စစ္မႉး ဘတ္မိဒ္ဟာ ယူ႐ိုၿပိဳင္ပြဲမွာ ေ႐ႊဖိနပ္ဆုနဲ႔ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းကစားသမားဆုတိုကို ရရွိထားသူလည္းျဖစ္ပါတယ္။ အဂၤလန္အမ်ိဳးသမီးအသင္းဟာ ၿပီးခဲ့တဲ့

ယူ႐ို ၿပိဳင္ပြဲမွာ ဂ်ာမနီကို ၂ ဂိုး ၁ ဂိုးနဲ႔အႏိုင္ယူၿပီး ယူ႐ိုခ်န္ပီယံဆုကိုရယူထားႏိုင္ခဲ့တာပါ။ ဒီေအာင္ျမင္မႈဟာ ၁၉၆၆ ကမာၻ႔ဖလားခ်န္ပီယံဆုကို အဂၤလန္အမ်ိဳးသားအသင္းရယူႏိုင္ခဲ့ၿပီးေနာက္ပိုင္း အဂၤလန္အမ်ိဳးသမီးအသင္းက

ႏိုင္ငံတကာေအာင္ျမင္မႈကို ပထမဆုံးအႀကိမ္ျပန္လည္ရယူေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီႏွစ္အေကာင္းဆုံးဆု အတြက္စားရင္းမွာပါဝင္ခဲ့တဲ့ အဂၤလန္ေနာက္ခံလူ ဘ႐ြန္ဇီဟာ အသက္အႀကီးဆုံးကစားအျဖစ္လည္း မွတ္တမ္း ဝင္ခဲ့ပါတယ္။

၂၀၁၉ခုႏွစ္က အေကာင္းဆုံးဆုကိုရရွိခဲ့တဲ့ အေမရိကန္ဂႏၲဝင္ကစားသမား မီဂန္ရာပီႏိုၿပီးရင္ ဒုတိယေျမာက္ အသက္အႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္က ဥေရာပအေကာင္းဆုံး အမ်ိဳးသမီးဆုကိုရထားတဲ့

စပိန္ကြင္းလယ္လူ ပူတယ္လက္စ္ လည္း အခုစာရင္းမွာပါဝင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ အမ်ိဳးသမီးစူပါလိဂ္မွာ ခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းအတြက္ ဂိုး ၂၀ သြင္းေပးခဲ့တဲ့ ဩစေၾတးလ်

လက္ေ႐ြးစင္ ဆန္ကာနဲ႔ အာဆင္နယ္ရဲ႕ နယ္သာလန္တိုက္စစ္မႉး မီဒီမာလည္းပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၂၂ ဥေရာပအေကာင္းဆုံးအမ်ိဳးသမီးကစားသမားဆုကို လာမယ့္ ေအာက္တိုဘာ ၁၇ရက္မွာ ေၾကညာသြားမွာပါ။