တစ်နှစ်တာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘန်ဇီမာရရှိ

ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီးမားကတော့ 2022 Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်ပြီဖြစ်ပါတယ်။

ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားမှာ ဘန်ဇီးမား ဟာ ဒုတိယနေရာက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာနေး၊ တတိယနေရာက မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ကို ဖြတ်ကျော်ပြီး

အကောင်းဆုံးဆုကို ရရှိ ခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်းမှာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ဒီဆုဟာ ပြင်သစ်သားနဲ့ ထိုက်တန်မှုရှိတယ် လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်း ချန်ပီယံလိဂ် ဆုဖလားကြီးကို ကိုင်မြှောက်ပြနိုင်ဖို့အတွက် ဘန်ဇီးမားက အရေးပါတဲ့ အခန်းကဏ္ဍကနေပြီး ပါဝင်အသုံးတော်ခံပေးခဲ့တဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် အခုလက်ရှိ ၂၀၂၂-၂၃ ဘောလုံးရာသီမှာလည်း အဖြူရောင် တော်ဝင်အသင်းရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်အဖြစ် ဆက်လက် ရပ်တည်နေဆဲပါ။

‘’ဒီဆုကို ကျွန်တော့် ရှေ့တည့်တည့်မှာ မြင်နေရတာဟာ အရမ်းကို ပျော် ရွှင်ရပါတယ်။ ဒါက ကျွန်တော့်ရဲ့ ငယ်ဘ၀ အိပ်မက်တစ်ခုလည်းဖြစ်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေအားလုံးရဲ့ အဆောင်အယောင်ပေါ့။

ကျွန် တော် ဘယ်တော့မှ အလျှော့မပေးပါဘူး။ ဒီကို လာခွင့်ရခဲ့တဲ့ ကျွန်တော့်ရဲ့ ခရီးအတွက် ဂုဏ်ယူပါတယ်။

တကယ်တော့ မလွယ်ကူပါဘူး။ အရမ်းကို ခက်ခဲတဲ့ အချိန်ကာလတစ်ခုပါ။ ကျွန်တော့်မိသားစုအတွက်ရောပေါ့။

ဒီလို နေရာမှာ ပထမဆုံး ခြေစုံရပ်ခွင့်ရလို့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေအား လုံးအတွက် ပျော်ပါတယ်။ ဆက်ပြီး ကြိုးစားနေပါမယ်’’ လို့ ဘန်ဇီးမားက ဆုရယူပြီးချိန်မှာ ပြောဆိုခဲ့ပါတယ်။

ဘန်ဇီးမားဟာ 2022 Ballon d’Or ဆုကို လက်ခံရရှိခဲ့တဲ့ ၉ ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပြီး ၂၀၀ ခုနှစ် နောက်ပိုင်းမှာတော့ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ၅ ယောက်မြောက် ပြင်သစ်လက်ရွေးစင် ဖြစ်လာခဲ့ပါတယ်။

(Zawgyi)

တစ္ႏွစ္တာကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုကို ဘန္ဇီမာရရွိ

ရီးရဲလ္မက္ဒရစ္နဲ႔ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္မႉး ဘန္ဇီးမားကေတာ့ 2022 Ballon d’Or ဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီး သမိုင္းမွတ္တိုင္သစ္တစ္ခုကို စိုက္ ထူလိုက္ၿပီျဖစ္ပါတယ္။

ပဲရစ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ဒီအခမ္းအနားမွာ ဘန္ဇီးမား ဟာ ဒုတိယေနရာက ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး မာေနး၊ တတိယေနရာက

မန္စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းတို႔ကို ျဖတ္ေက်ာ္ၿပီး အေကာင္းဆုံးဆုကို ရရွိ ခဲ့တာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တစ္ႏွစ္တာ ကာလအတြင္းမွာ အေကာင္းဆုံး လုပ္ျပႏိုင္ခဲ့တဲ့ အတြက္ေၾကာင့္ ဒီဆုဟာ ျပင္သစ္သားနဲ႔ ထိုက္တန္မႈရွိတယ္ လို႔ ဆိုရမွာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ရီးရဲလ္မက္ဒရစ္ အသင္း ခ်န္ပီယံလိဂ္ ဆုဖလားႀကီးကို ကိုင္ေျမႇာက္ျပႏိုင္ဖို႔အတြက္ ဘန္ဇီးမား က အေရးပါတဲ့ အခန္းက႑ကေနၿပီး ပါဝင္အသုံးေတာ္ခံေပးခဲ့တဲ့သူျဖစ္ပါ တယ္။

ဒါ့အျပင္ အခုလက္ရွိ ၂၀၂၂-၂၃ ေဘာလုံးရာသီမွာလည္း အျဖဴေရာင္ ေတာ္ဝင္အသင္းရဲ႕ ပဲ့ကိုင္ရွင္တစ္ေယာက္အျဖစ္ ဆက္လက္ ရပ္တည္ေနဆဲ ပါ။

‘’ဒီဆုကို ကြၽန္ေတာ့္ ေရွ႕တည့္တည့္မွာ ျမင္ေနရတာဟာ အရမ္းကို ေပ်ာ္ ႐ႊင္ရပါတယ္။

ဒါက ကြၽန္ေတာ့္ရဲ႕ ငယ္ဘ၀ အိပ္မက္တစ္ခုလည္းျဖစ္တယ္။ ကြၽန္ေတာ္လုပ္ခဲ့တဲ့ အလုပ္ေတြအားလုံးရဲ႕ အေဆာင္အေယာင္ေပါ့။ ကြၽန္ ေတာ္ ဘယ္ေတာ့မွ အေလွ်ာ့မေပးပါဘူး။

ဒီကို လာခြင့္ရခဲ့တဲ့ ကြၽန္ေတာ့္ရဲ႕ ခရီးအတြက္ ဂုဏ္ယူပါတယ္။ တကယ္ေတာ့ မလြယ္ကူပါဘူး။ အရမ္းကို ခက္ခဲတဲ့ အခ်ိန္ကာလတစ္ခုပါ။

ကြၽန္ေတာ့္မိသားစုအတြက္ေရာေပါ့။ ဒီလို ေနရာမွာ ပထမဆုံး ေျခစုံရပ္ခြင့္ရလို႔ ကြၽန္ေတာ္လုပ္ခဲ့တဲ့ အလုပ္ေတြအား လုံးအတြက္ ေပ်ာ္ပါတယ္။ ဆက္ၿပီး ႀကိဳးစားေနပါမယ္’’ လို႔ ဘန္ဇီးမားက ဆုရယူၿပီးခ်ိန္မွာ ေျပာဆိုခဲ့ပါတယ္။

ဘန္ဇီးမားဟာ 2022 Ballon d’Or ဆုကို လက္ခံရရွိခဲ့တဲ့ ၉ ေယာက္ေျမာက္ ကစားသမားျဖစ္လာခဲ့ၿပီး ၂၀၀ ခုႏွစ္ ေနာက္ပိုင္းမွာေတာ့ ဒီဆုကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ၅ ေယာက္ေျမာက္ ျပင္သစ္လက္ေ႐ြးစင္ ျဖစ္လာခဲ့ပါတယ္။