
ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး
မက်ဆီ ကတော့ သူဟာ တစ်နေ့မှာ အသင်းဟောင်း ဘာစီလိုနာအသင်းဆီ
ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။ အသက် ၃၄နှစ် အရွယ် မက်ဆီဟာ
ပီအက်စ်ဂျီအသင်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုထားသူပါ။
မက်ဆီက အင်တာဗျူးတစ်ခုမှာ “ဘာစီလိုနာအသင်းကို ကူညီဖို့အတွက်
ဘယ်လိုပုံစံနဲ့မဆို အသင်းကို ပြန်လာချင်တယ်လို့ ကျွန်တော် အမြဲတမ်း
ပြောခဲ့ပါတယ်။ ကျွန်တော်က အသင်းအတွက် အကောင်းဆုံးအသုံးဝင်ပြီး
ဘာစီလိုနာအသင်း ခြေစွမ်းပြနိုင်ဖို့အတွက် ကူညီချင်ပါတယ်။ တစ်ချိန်မှာ
ဘာစီလိုနာအသင်းရဲ့ နည်းစနစ် အတွင်းရေးမှူးအဖြစ် တာဝန်ယူချင်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာမှာ အဲဒီရာထူးရှိလားဆိုတာတော့ မသိပါဘူး။
ကျွန်တော်က ဘာစီလိုနာအသင်းကို သိပ်ချစ်တဲ့အတွက် တစ်ချိန်မှာ
အသင်းကိုပြန်ပြီး ပေးဆပ်ချင်ပါတယ်။ အသင်းရဲ့ ကွင်းတွင်း ကွင်းပြင်
အခြေအနေကောင်းအောင်၊ ပိုပြီးကြီးထွားတိုးတက်လာအောင်၊
ကမ္ဘာ့အကောင်းဆုံးအဖြစ် ဆက်ပြီးရပ်တည်နိုင်အောင် ကျွန်တော်
ကစားသမားဘဝက အနားယူရင် ပါဝင်ကူညီဖို့ ဆန္ဒရှိပါတယ်” ဆိုပြီး ပြောထားပါတယ်။
လက်ရှိမှာတော့ မက်ဆီဟာ ပြင်သစ်မြေမှာ အသားကျဖို့ အနည်းငယ်
ရုန်းကန်နေရသလို ၊ မက်ဆီကို လက်လွှတ်ထားရတဲ့ ဘာစီလိုနာအသင်းကလည်း
ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း အတော်လေးကို ယိမ်းယိုင်နေခဲ့ပြီး
နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ထားရတဲ့ အထိ အခြေအနေ ဆိုးဝါးနေပါတယ်။
zawgyi
တစ္ေန႔မွာ အသင္းေဟာင္း ဘာစီလိုနာအသင္းဆီ ျပန္သြားမယ္လို႔ ေျပာဆိုထားတဲ့ မက္ဆီ
ပီအက္စ္ဂ်ီအသင္းနဲ႔ အာဂ်င္တီးနားအသင္းတို႔ရဲ႕ အဓိက တိုက္စစ္မႉး
မက္ဆီ ကေတာ့ သူဟာ တစ္ေန႔မွာ အသင္းေဟာင္း ဘာစီလိုနာအသင္းဆီ
ျပန္သြားမယ္လို႔ ေျပာဆိုထားပါတယ္။ အသက္ ၃၄ႏွစ္ အ႐ြယ္ မက္ဆီဟာ
ပီအက္စ္ဂ်ီအသင္းနဲ႔ ၃ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုထားသူပါ။
မက္ဆီက အင္တာဗ်ဴးတစ္ခုမွာ “ဘာစီလိုနာအသင္းကို ကူညီဖို႔အတြက္
ဘယ္လိုပုံစံနဲ႔မဆို အသင္းကို ျပန္လာခ်င္တယ္လို႔ ကြၽန္ေတာ္ အၿမဲတမ္း
ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္က အသင္းအတြက္ အေကာင္းဆုံးအသုံးဝင္ၿပီး
ဘာစီလိုနာအသင္း ေျခစြမ္းျပႏိုင္ဖို႔အတြက္ ကူညီခ်င္ပါတယ္။ တစ္ခ်ိန္မွာ
ဘာစီလိုနာအသင္းရဲ႕ နည္းစနစ္ အတြင္းေရးမႉးအျဖစ္ တာဝန္ယူခ်င္ပါတယ္။
ဒါေပမယ့္ ဘာစီလိုနာမွာ အဲဒီရာထူးရွိလားဆိုတာေတာ့ မသိပါဘူး။
ကြၽန္ေတာ္က ဘာစီလိုနာအသင္းကို သိပ္ခ်စ္တဲ့အတြက္ တစ္ခ်ိန္မွာ
အသင္းကိုျပန္ၿပီး ေပးဆပ္ခ်င္ပါတယ္။ အသင္းရဲ႕ ကြင္းတြင္း ကြင္းျပင္
အေျခအေနေကာင္းေအာင္၊ ပိုၿပီးႀကီးထြားတိုးတက္လာေအာင္၊
ကမာၻ႔အေကာင္းဆုံးအျဖစ္ ဆက္ၿပီးရပ္တည္ႏိုင္ေအာင္ ကြၽန္ေတာ္
ကစားသမားဘဝက အနားယူရင္ ပါဝင္ကူညီဖို႔ ဆႏၵရွိပါတယ္” ဆိုၿပီး ေျပာထားပါတယ္။
လက္ရွိမွာေတာ့ မက္ဆီဟာ ျပင္သစ္ေျမမွာ အသားက်ဖို႔ အနည္းငယ္
႐ုန္းကန္ေနရသလို ၊ မက္ဆီကို လက္လႊတ္ထားရတဲ့ ဘာစီလိုနာအသင္းကလည္း
ယခုႏွစ္ ေဘာလုံးရာသီမွာ ရလဒ္ပိုင္း အေတာ္ေလးကို ယိမ္းယိုင္ေနခဲ့ၿပီး
နည္းျပ ေရာ္နယ္ကိုးမန္းကို ရာထူးကေန ထုတ္ပယ္ထားရတဲ့ အထိ အေျခအေန ဆိုးဝါးေနပါတယ္။