တစ်နေ့မှာ ရွှေဘောလုံးဆုရှင်ဖြစ်မယ်လို့ ယုံကြည်ထားတဲ့ စိန့်မက်ဆီမင်

နယူးကာဆယ်အသင်းတောင်ပံကစားသမား စိန့်မက်ဆီမင်ဟာ

တစ်နေ့နေ့ကျရင် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု
ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ စိန့်မက်ဆီမင်ဟာ
၂၀၁၉ နွေရာသီမှာ နယူးကာဆယ်ကို ရောက်လာပြီးချိန်ကတည်းက
ပရီးမီးယားလိဂ်ရဲ့စိတ်လှုပ်ရှားစရာ အကောင်းဆုံး

ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီး
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ
ပါဝင်ခွင့်ရဖို့ ရည်မှန်းနေသလို နောက်ထပ်ကြီးမားတဲ့
ရည်မှန်းချက်အဖြစ် တစ်ဦးချင်းဆိုင်ရာ
ဂုဏ်ယူစရာအကောင်းဆုံးဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

Goal ဝက်ဆိုက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ
စိန့်မက်ဆီမင်က ”ရွှေဘောလုံးဆုအကြောင်း
ပြောရမယ်ဆိုရင်တော့ ဒါက အိပ်မက်ပါပဲ။
ကစားသမားတိုင်း ရွှေဘောလုံးဆုရယူနိုင်ဖို့
အိပ်မက် မက်လိမ့်မယ်လို့ ထင်ပါတယ်။

ရွှေဘောလုံးဆုရှင်ဖြစ်ဖို့ ကလေးဘဝကတည်းက
အိပ်မက်မက်လာခဲ့တာပါ။
အခုချိန်မှာ ရွှေဘောလုံးဆုရှင်ဖြစ်ဖို့ အလှမ်းကွာလွန်းသေးတာ
မှန်ပေမယ့် အရည်အသွေးပိုင်းအရဆိုရင်
အိပ်မက်တွေ လက်တွေ့ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်”လို့ပြောပါတယ်။

၁၉၅၆ ခုနှစ်မှာ အဆိုပါဆု စတင်ပေးအပ်ခဲ့ပြီးချိန်ကတည်းက
ပြင်သစ်ကစားသမား ၄ ဦး ရွှေဘောလုံးဆုရှင်ဖြစ်ခဲ့ပြီး
ရေမွန်ကိုပါက ၁၉၅၉ ခုနှစ်မှာ ရွှေဘောလုံးဆု
ရခဲ့ပြီးနောက် ပလာတီနီက ၁၉၈၃ ကနေ ၁၉၈၅အထိ
၃ကြိမ်ဆက် ရယူနိုင်ခဲ့ပြီး ပါပင်က ၁၉၉၁ ခုနှစ်မှာ ရခဲ့ပါတယ်။

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ပြင်သစ်အသင်း
ချန်ပီယံဖြစ်ရေးအတွက် အဓိကနေရာကနေ ဦးဆောင်ခဲ့တဲ့
ဇီဒန်းက ရွှေဘောလုံးဆု ရယူနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်း
ဘယ်ပြင်သစ်သားမှ ရွှေဘောလုံးဆု မရသေးဘဲ
အွန်နရီ၊ ရစ်ဘာရီနဲ့ ဂရစ်ဇ်မန်းတို့က ထိပ်ဆုံး ၃ဦးစာရင်း ဝင်ခဲ့ပါတယ်။

Zawgyi

တစ္ေန႔မွာ ေရႊေဘာလုံးဆုရွင္ျဖစ္မယ္လုိ႔ ယုံၾကည္ထားတဲ့ စိန္႔မက္ဆီမင္
နယူးကာဆယ္အသင္းေတာင္ပံကစားသမား စိန္႔မက္ဆီမင္ဟာ

တစ္ေန႔ေန႔က်ရင္ ကမၻာ့အေကာင္းဆုံးကစားသမားဆု
ရယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ရွိ စိန္႔မက္ဆီမင္ဟာ
၂၀၁၉ ေႏြရာသီမွာ နယူးကာဆယ္ကို ေရာက္လာၿပီးခ်ိန္ကတည္းက
ပရီးမီးယားလိဂ္ရဲ႕စိတ္လႈပ္ရွားစရာ အေကာင္းဆုံး

ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနၿပီး
၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲ၀င္ ျပင္သစ္အသင္းမွာ
ပါ၀င္ခြင့္ရဖို႔ ရည္မွန္းေနသလုိ ေနာက္ထပ္ႀကီးမားတဲ့
ရည္မွန္းခ်က္အျဖစ္ တစ္ဦးခ်င္းဆုိင္ရာ
ဂုဏ္ယူစရာအေကာင္းဆုံးဆုရယူႏုိင္ဖုိ႔ ပစ္မွတ္ထားေနတာပါ။

Goal ၀က္ဆိုက္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ
စိန္႔မက္ဆီမင္က ”ေရႊေဘာလုံးဆုအေၾကာင္း
ေျပာရမယ္ဆုိရင္ေတာ့ ဒါက အိပ္မက္ပါပဲ။
ကစားသမားတုိင္း ေရႊေဘာလုံးဆုရယူႏုိင္ဖုိ႔
အိပ္မက္ မက္လိမ့္မယ္လုိ႔ ထင္ပါတယ္။

ေရႊေဘာလုံးဆုရွင္ျဖစ္ဖို႔ ကေလးဘ၀ကတည္းက
အိပ္မက္မက္လာခဲ့တာပါ။
အခုခ်ိန္မွာ ေရႊေဘာလုံးဆုရွင္ျဖစ္ဖို႔ အလွမ္းကြာလြန္းေသးတာ
မွန္ေပမယ့္ အရည္အေသြးပိုင္းအရဆုိရင္
အိပ္မက္ေတြ လက္ေတြ႕ျဖစ္လာႏိုင္တယ္လုိ႔ ထင္ပါတယ္”လုိ႔ေျပာပါတယ္။

၁၉၅၆ ခုႏွစ္မွာ အဆုိပါဆု စတင္ေပးအပ္ခဲ့ၿပီးခ်ိန္ကတည္းက
ျပင္သစ္ကစားသမား ၄ ဦး ေရႊေဘာလုံးဆုရွင္ျဖစ္ခဲ့ၿပီး
ေရမြန္ကိုပါက ၁၉၅၉ ခုႏွစ္မွာ ေရႊေဘာလုံးဆု
ရခဲ့ၿပီးေနာက္ ပလာတီနီက ၁၉၈၃ ကေန ၁၉၈၅အထိ
၃ႀကိမ္ဆက္ ရယူႏိုင္ခဲ့ၿပီး ပါပင္က ၁၉၉၁ ခုႏွစ္မွာ ရခဲ့ပါတယ္။

၁၉၉၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အိမ္ရွင္ျပင္သစ္အသင္း
ခ်န္ပီယံျဖစ္ေရးအတြက္ အဓိကေနရာကေန ဦးေဆာင္ခဲ့တဲ့
ဇီဒန္းက ေရႊေဘာလုံးဆု ရယူႏုိင္ခဲ့ၿပီး အဲဒီေနာက္ပိုင္း
ဘယ္ျပင္သစ္သားမွ ေရႊေဘာလုံးဆု မရေသးဘဲ
အြန္နရီ၊ ရစ္ဘာရီနဲ႔ ဂရစ္ဇ္မန္းတို႔က ထိပ္ဆုံး ၃ဦးစာရင္း ၀င္ခဲ့ပါတယ္။